နွားထိုးကြီးနှင့် မတ္တရာမြို့နယ်တွင်သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အမျိုးသမီးတစ်ဦး သေဆုံး

 996

Pearl (NP News )- မတ် ၁၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၆)ရက်၊ နံနက်(၉)နာရီအချိန်ခန့်တွင် မတ္တရာမြို့နယ်၊ ကြားကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲသန်း အပါအဝင် ဦးထွန်းနိုင်စိုးနှင့် ဦးဝင်းလှိုင်မျိုးတို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဉ် အကြမ်းဖက်သမား (၅) ဦးခန့်က ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးရဲသန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးထွန်းနိုင်စိုးနှင့် ဦးဝင်းလှိုင်မျိုးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရန်အတွက် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ နံနက် (၁၁) နာရီ၊ မိနစ်(၄ဝ) အချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာ၌သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး(၁)ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ အဆိုပါကျေးရွာတွင်နေထိုင်သော ဒေါ်မိမိုးသည် နေအိမ်၌ သမီးဖြစ်သူနှင့်အတူရှိနေစဉ် အ ကြမ်းဖက်အမျိုးသား(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်မိမိုးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ႏြားထိုးႀကီးႏွင့္ မတၱရာၿမိဳ႕နယ္တြင္ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္အမ်ိဳးသမီးတစ္ဦး ေသဆုံး
Pearl (NP News )- မတ္ ၁၉

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၆)ရက္၊ နံနက္(၉)နာရီအခ်ိန္ခန႔္တြင္ မတၱရာၿမိဳ႕နယ္၊ ၾကားေက်း႐ြာ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာေနသူမ်ားျဖစ္ၾကသည့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးရဲသန္း အပါအဝင္ ဦးထြန္းႏိုင္စိုးႏွင့္ ဦးဝင္းလႈိင္မ်ိဳးတို႔သည္ ၎တို႔၏ ေနအိမ္အသီးသီး၌ရွိေနစဥ္ အၾကမ္းဖက္သမား (၅) ဦးခန႔္က ဆိုင္ကယ္ (၃) စီးျဖင့္ ေရာက္ရွိလာေၾကာင္း သိရသည္။

ထိုသို႔ ေရာက္ရွိလာခဲ့ၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့သျဖင့္ ဦးရဲသန္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး ဦးထြန္းႏိုင္စိုးႏွင့္ ဦးဝင္းလႈိင္မ်ိဳးတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသႏိုင္ရန္အတြက္ မတၱရာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း သိရသည္။

အလားတူ အဆိုပါေန႔ နံနက္ (၁၁) နာရီ၊ မိနစ္(၄ဝ) အခ်ိန္တြင္ မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေအာင္ပန္းကုန္းေက်း႐ြာ၌ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသမီး(၁)ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ေဒၚမိမိုးသည္ ေနအိမ္၌ သမီးျဖစ္သူႏွင့္အတူရွိေနစဥ္ အ ၾကမ္းဖက္အမ်ိဳးသား(၄)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့သျဖင့္ ေဒၚမိမိုးတြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.