မြန်မာလက်ရွေးစင်အသင်းအတွက် အောင်သူ နှင့် သန်းပိုင်တို့ ပြန်လည်ကစားပေးမည်

 1414

ရဲပြည့် (NP News) - မတ် ၂ဝ

နိုင်ငံအသင်းအတွက် ကိုယ်စားပြုဝင်ရောက်ကစားပေးခဲ့ခြင်းမရှိခဲ့သည့် ထိုင်းရောက်ကစားသမားများဖြစ်သည့် အောင်သူနှင့်သန်းပိုင်တို့သည့် မြန်မာနိုင်ငံအတွက် ပြန်လည်ကစားပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ​၏ FIFA နိုင်ငံတကာခြေစမ်းပွဲကစားရန် အိန္ဒိယနိုင်ငံ​၏ ဖိတ်ကြားချက်အရ သွားရောက်ကစားရန် လူစာရင်းထုတ်ပြန်ရာတွင် အောင်သူနှင့် သန်းပိုင်တို့ပြန်လည်ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

​အောင်သူသည် ထိုင်းလိဂ်ကလပ်(Lamphum Warriors FC) အသင်းတွင် ကစားနေခြင်းဖြစ်ပြီး သန်းပိုင်သည် ထိုင်းကလပ် (Kanchanaburi FC) အသင်းတွင် ကစားနေခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မြန်မာ U 20 အသင်း ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ခရီးလမ်းတွင် အဓိက ကစားသမားများအဖြစ် ပါဝင်ခဲ့ပြီး မြန်မာဘောလုံးပရိသတ်များ၏ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သူများဖြစ်သည်။

သို့သော် နစက အာဏာရယူခဲ့သည့်အချိန်မှစပြီး နိုင်ငံလက်ရွေးစင်အသင်းတွင် ဝင်ရောက်ကစာပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆက်သွယ်သော်လည်း ကစားသမားများဘက်မှ ငြင်းဆန်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အောင်သူနှင့် သန်းပိုင်တို့သည် အိန္ဒိယနိုင်ငံတွင်ကစားမည့် ခြေစမ်းပွဲ လူစားရင်းတွင် ၂ဝ၂ဝပြည့်နှစ်နောက်ပိုင်း ပြန်လည်ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲအသီးသီးအတွက် ဂျာမန်နည်းတစ်ဦးဖြစ်သည့် မိုက်ကယ်ဖိုက်တန်ဘိုင်ရာကို ခန့်အပ်ထားပြီး အပြီးသတ်လူစာရင်းကိုလည်း မတ်လ ၁၇ ရက်တွင် ထုတ် ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါလူစာရင်းတွင် ပြည်ပကစားသမားအများအပြား ပြန်လည်ပါဝင်လာခဲ့ပြီး ပြည်ပရောက်ကစားသ မား(၉)ဦးအထိ ပြန်လည်ပါဝင်လာခဲ့သည်။

zawgyi version
ျမန္မာလက္ေ႐ြးစင္အသင္းအတြက္ ေအာင္သူ ႏွင့္ သန္းပိုင္တို႔ ျပန္လည္ကစားေပးမည္
ရဲျပည့္ (NP News) - မတ္ ၂ဝ

ႏိုင္ငံအသင္းအတြက္ ကိုယ္စားျပဳဝင္ေရာက္ကစားေပးခဲ့ျခင္းမရွိခဲ့သည့္ ထိုင္းေရာက္ကစားသမားမ်ားျဖစ္သည့္ ေအာင္သူႏွင့္သန္းပိုင္တို႔သည့္ ျမန္မာႏိုင္ငံအတြက္ ျပန္လည္ကစားေပးမည္ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ MFF ​၏ FIFA ႏိုင္ငံတကာေျခစမ္းပြဲကစားရန္ အိႏၵိယႏိုင္ငံ​၏ ဖိတ္ၾကားခ်က္အရ သြားေရာက္ကစားရန္ လူစာရင္းထုတ္ျပန္ရာတြင္ ေအာင္သူႏွင့္ သန္းပိုင္တို႔ျပန္လည္ပါဝင္လာခဲ့ျခင္းလည္းျဖစ္သည္။

​ေအာင္သူသည္ ထိုင္းလိဂ္ကလပ္(Lamphum Warriors FC) အသင္းတြင္ ကစားေနျခင္းျဖစ္ၿပီး သန္းပိုင္သည္ ထိုင္းကလပ္ (Kanchanaburi FC) အသင္းတြင္ ကစားေနျခင္းျဖစ္သည္။

၎တို႔ႏွစ္ဦးသည္ ျမန္မာ U 20 အသင္း ကမာၻ႔ဖလားဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့သည့္ ခရီးလမ္းတြင္ အဓိက ကစားသမားမ်ားအျဖစ္ ပါဝင္ခဲ့ၿပီး ျမန္မာေဘာလုံးပရိသတ္မ်ား၏ ရင္ထဲကို ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့သူမ်ားျဖစ္သည္။

သို႔ေသာ္ နစက အာဏာရယူခဲ့သည့္အခ်ိန္မွစၿပီး ႏိုင္ငံလက္ေ႐ြးစင္အသင္းတြင္ ဝင္ေရာက္ကစာေပးရန္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ ဆက္သြယ္ေသာ္လည္း ကစားသမားမ်ားဘက္မွ ျငင္းဆန္ထားခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ေအာင္သူႏွင့္ သန္းပိုင္တို႔သည္ အိႏၵိယႏိုင္ငံတြင္ကစားမည့္ ေျခစမ္းပြဲ လူစားရင္းတြင္ ၂ဝ၂ဝျပည့္ႏွစ္ေနာက္ပိုင္း ျပန္လည္ပါဝင္လာခဲ့ျခင္းလည္းျဖစ္သည္။

ျမန္မာလက္ေ႐ြးစင္အသင္းသည္ ႏိုင္ငံတကာေျခစမ္းပြဲအသီးသီးအတြက္ ဂ်ာမန္နည္းတစ္ဦးျဖစ္သည့္ မိုက္ကယ္ဖိုက္တန္ဘိုင္ရာကို ခန႔္အပ္ထားၿပီး အၿပီးသတ္လူစာရင္းကိုလည္း မတ္လ ၁၇ ရက္တြင္ ထုတ္ ျပန္ေၾကညာခဲ့ၿပီးျဖစ္သည္။

အဆိုပါလူစာရင္းတြင္ ျပည္ပကစားသမားအမ်ားအျပား ျပန္လည္ပါဝင္လာခဲ့ၿပီး ျပည္ပေရာက္ကစားသ မား(၉)ဦးအထိ ျပန္လည္ပါဝင္လာခဲ့သည္။

Picture

Ven Pannajota

20/03/2023 18:31

အစကတော့ အပြတ်တိုက်မယ်ပြောကြတယ် အခုတော့ မဖြစ်နိုင်မှန်းသိကြလို့လားမသိ အသီးသီးပြန်လာကြပြီ တစ်ဖက်စွန်း တသ်ဖက်တည်းကြည့်တတ်တဲ့လူတွေပဲ ကျန်ခဲ့တယ် ဒါကို တိုင်းရင်းသားတွေက ယုံကြည်ကြတုန်းပဲ

Related news

© 2021. All rights reserved.