အမေရိကန်အဖွဲ့တစ်ဖွဲ့က pickleball အားကစားကို အချိန်(၃၆)နာရီကြာဆက်တိုက် ကစားခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်

64

Pika (NP News) - ဧပြီ ၂၆
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် pickleball အားကစားဆော့ကစားခြင်းကို ကြိုက်နှစ်သက်သူ လေးဦး ပါဝင်သည့်အဖွဲ့တစ်ဖွဲ့သည် pickleball အားကစားကို အချိန်(၃၆)နာရီကြာဆက်တိုက် ကစားခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ The Pickle Breakers ဟုခေါ်ဆိုသောအဖွဲ့သည် Carrollton မြို့ရှိ Pickler Universe အားကစားရုံအတွင်းတွင် pickleball အားကစားကို အချိန်အကြာဆုံးကစားခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသည့်အဖွဲ့မှာ ဗြိတိန်နိုင်ငံမှဖြစ်ကာ pickleball အားကစားကို အချိန်(၃၄)နာရီ (၅)မိနစ်နှင့် (၅၅)စက္ကန့်ကြာဆက်တိုက်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါအဖွဲ့ သည် pickleball အားကစားကို အချိန်အကြာဆုံးကစားခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို (၂၀၂၄) ခုနှစ် စက်တင်ဘာလတွင် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
The Pickle Breakers ဟုခေါ်ဆိုသောအဖွဲ့၏ pickleball အားကစားကို အချိန်အကြာဆုံးကစားခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ရန်ကြိုးပမ်းမှု၏ သက်သေအထောက်အထားများကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က သုံးသပ်မှုများလုပ်ဆောင်ကာ တရားဝင်အတည်ပြုပေးခဲ့ပြီးနောက် ယခုလိုဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Chong Kim၊ Jaret Petras၊ Laura Maala နှင့် Geneva Olson တို့ ပါဝင်သောအဖွဲ့သည် pickleball အားကစားကို အချိန်အကြာဆုံးကစားခြင်းအတွက် ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်ကြိုးပမ်းမှုကို ဧပြီလ(၁၉)ရက် နံနက်(၆)နာရီ အချိန်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့၏ ကြိုးပမ်းမှုသည် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်း နှင့် ချစ်ခင်ရသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းရန် ဆုံးဖြတ်ထားသည့် မိသားစုများကို ထောက်ပံ့ကူညီမှုများလုပ်ဆောင်သည့် ပရဟိတလုပ်ငန်းတစ်ခုဖြစ်သော Taylor's Gift ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေအမေရိကန်ဒေါ်လာ(၁၈၀၀၀)ကျော် ရရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
အေမရိကန္အဖြဲ႕တစ္ဖြဲ႕က pickleball အားကစားကို အခ်ိန္(၃၆)နာရီၾကာဆက္တိုက္ ကစားခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္
Pika (NP News) - ဧၿပီ ၂၆
အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္တြင္ pickleball အားကစားေဆာ့ကစားျခင္းကို ႀကိဳက္ႏွစ္သက္သူ ေလးဦး ပါဝင္သည့္အဖြဲ႕တစ္ဖြဲ႕သည္ pickleball အားကစားကို အခ်ိန္(၃၆)နာရီၾကာဆက္တိုက္ ကစားခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ The Pickle Breakers ဟုေခၚဆိုေသာအဖြဲ႕သည္ Carrollton ၿမိဳ႕ရွိ Pickler Universe အားကစား႐ုံအတြင္းတြင္ pickleball အားကစားကို အခ်ိန္အၾကာဆုံးကစားျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသည့္အဖြဲ႕မွာ ၿဗိတိန္ႏိုင္ငံမွျဖစ္ကာ pickleball အားကစားကို အခ်ိန္(၃၄)နာရီ (၅)မိနစ္ႏွင့္ (၅၅)စကၠန႔္ၾကာဆက္တိုက္ကစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါအဖြဲ႕ သည္ pickleball အားကစားကို အခ်ိန္အၾကာဆုံးကစားျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို (၂၀၂၄) ခုႏွစ္ စက္တင္ဘာလတြင္ တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
The Pickle Breakers ဟုေခၚဆိုေသာအဖြဲ႕၏ pickleball အားကစားကို အခ်ိန္အၾကာဆုံးကစားျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ရန္ႀကိဳးပမ္းမႈ၏ သက္ေသအေထာက္အထားမ်ားကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က သုံးသပ္မႈမ်ားလုပ္ေဆာင္ကာ တရားဝင္အတည္ျပဳေပးခဲ့ၿပီးေနာက္ ယခုလိုဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
Chong Kim၊ Jaret Petras၊ Laura Maala ႏွင့္ Geneva Olson တို႔ ပါဝင္ေသာအဖြဲ႕သည္ pickleball အားကစားကို အခ်ိန္အၾကာဆုံးကစားျခင္းအတြက္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္ႀကိဳးပမ္းမႈကို ဧၿပီလ(၁၉)ရက္ နံနက္(၆)နာရီ အခ်ိန္တြင္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ၎တို႔၏ ႀကိဳးပမ္းမႈသည္ ကိုယ္အဂၤါအစိတ္အပိုင္း လႉဒါန္းျခင္း ႏွင့္ ခ်စ္ခင္ရသူမ်ား၏ ကိုယ္အဂၤါအစိတ္အပိုင္းမ်ားကို လႉဒါန္းရန္ ဆုံးျဖတ္ထားသည့္ မိသားစုမ်ားကို ေထာက္ပံ့ကူညီမႈမ်ားလုပ္ေဆာင္သည့္ ပရဟိတလုပ္ငန္းတစ္ခုျဖစ္ေသာ Taylor's Gift ေဖာင္ေဒးရွင္းအတြက္ ရန္ပုံေငြအေမရိကန္ေဒၚလာ(၁၈၀၀၀)ေက်ာ္ ရရွိခဲ့ေၾကာင္းလည္း သိရသည္။