ပြည်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား

 745

Pearl (NP News) - မတ် ၂၁

ပဲခူးတိုင်း၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေး/နာရေးကူညီပံ့ပိုးမှုအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂ဝ ရက်‌)၊ နေ့လည်(၁)နာရီအချိန်ခန့်တွင် ပြည်မြို့ ၊ ဆင်စုရပ်ကွက် ၊ သင်္ဘောဆိပ်လမ်းရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"နဂိုတည်းက သူက အိမ်မှာ အငယ်ဆုံးအဆိုးဆုံးလို့ သိရတယ်၊ ဘယ်လိုစိတ်ကူးပေါက်ပြီး ဒါမျိုးလုပ်သွားလဲတော့ မသိဘူး" ဟု ခေတ္တရာလူငယ်များ သာရေး/နာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

သေဆုံးသူသည် မောင်ကောင်းဆက်ဟန်(၂၉)နှစ်ဖြစ်၍ ၎င်း၏ ရုပ်အလောင်းအား ဆေးစစ်ချက်ယူရန် ပြည်ဆေးရုံကြီး(ရင်ခွဲရုံ)သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ‌ဒေသအနှံအပြားတွင် ကြိုးဆွဲချအဆုံးစီရင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပဲခူးတိုင်းတွင် ကြိုးဆွဲချသတ်သေမှု နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့သည်။

zawgyi version
ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၂၁

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း ေခတၱရာလူငယ္မ်ား သာေရး/နာေရးကူညီပံ့ပိုးမႈအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂ဝ ရက္‌)၊ ေန႔လည္(၁)နာရီအခ်ိန္ခန႔္တြင္ ျပည္ၿမိဳ႕ ၊ ဆင္စုရပ္ကြက္ ၊ သေဘၤာဆိပ္လမ္းရွိ ေနအိမ္တစ္ခုတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"နဂိုတည္းက သူက အိမ္မွာ အငယ္ဆုံးအဆိုးဆုံးလို႔ သိရတယ္၊ ဘယ္လိုစိတ္ကူးေပါက္ၿပီး ဒါမ်ိဳးလုပ္သြားလဲေတာ့ မသိဘူး" ဟု ေခတၱရာလူငယ္မ်ား သာေရး/နာေရးကူညီပံ့ပိုးမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေသဆုံးသူသည္ ေမာင္ေကာင္းဆက္ဟန္(၂၉)ႏွစ္ျဖစ္၍ ၎၏ ႐ုပ္အေလာင္းအား ေဆးစစ္ခ်က္ယူရန္ ျပည္ေဆး႐ုံႀကီး(ရင္ခြဲ႐ုံ)သို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ယခုရက္ပိုင္းအတြင္း ‌ေဒသအႏွံအျပားတြင္ ႀကိဳးဆြဲခ်အဆုံးစီရင္မႈမ်ား ဆက္တိုက္ျဖစ္ေပၚေနၿပီး ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ပဲခူးတိုင္းတြင္ ႀကိဳးဆြဲခ်သတ္ေသမႈ ႏွစ္ရက္ဆက္တိုက္ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.