သမီးရည်းစားရန်ဖြစ်စကားများခဲ့ရာမှ အမျိုးသားဖြစ်သူက မိမိကိုယ်ကို ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွား

 862

Pearl (NP News) - မတ် ၂၁

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် သမီးရည်းစားစုံတွဲ ရန်ဖြစ်စကားများရာမှ အမျိုးသားဖြစ်သူက မိမိကိုယ်ကိုကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း ပရဟိတလူငယ်များအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၁ ရက်‌) ၊ နေ့လည် (၁၂)နာရီ ဝန်းကျင်ခန့်တွင် ရန်ကင်းမြို့နယ်၊ ပါရမီလမ်းမရှိ မဉ္ဇူလမ်းမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကောင်လေးက သူ့ကောင်မလေးနဲ့ ရန်ဖြစ်တယ်၊ စကားများတယ်ပေါ့။ ကောင်မလေး ပြန်သွားတော့ ကောင်လေးက သူ့ကိုယ်သူ ကတ်ကြေးနဲ့ ထိုးတာ၊ ဗိုက်မှာ (၆)ချက် ဒဏ်ရာရရတယ်၊ အဲဒါကို မြင်တဲ့ အနားကလူတွေက ရဲစခန်းကို အကြောင်းကြားတယ်၊ ရဲစခန်းကနေ ကျွန်တော်တို့ဆီ ဆက်သွယ်လို့ ကျွန်တော်တို့ရောက်သွားတာပါ၊ ရောက်တော့ ကောင်လေးက သွေးထွက်လွန်နေတယ်၊ မူးနေတယ်၊ နုံးနေတယ်ပေါ့နော်" ဟု ပရဟိတလူငယ်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အမျိုးသားသည် အသက် (၁၉)နှစ်ဝန်းကျင်ခန့်ရှိပြီး ဗိုက်တွင် ဒဏ်ရာ(၆)ချက်ရရှိကာ သွေးထွက်လွန်နေခဲ့ခြင်းကြောင့် ၎င်းအား သင်္ကန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်း၏အခြေအနေမှာ စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။

zawgyi version
သမီးရည္းစားရန္ျဖစ္စကားမ်ားခဲ့ရာမွ အမ်ိဳးသားျဖစ္သူက မိမိကိုယ္ကို ကတ္ေၾကးျဖင့္ ထိုးမႈျဖစ္ပြား

Pearl (NP News) - မတ္ ၂၁

ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္တြင္ သမီးရည္းစားစုံတြဲ ရန္ျဖစ္စကားမ်ားရာမွ အမ်ိဳးသားျဖစ္သူက မိမိကိုယ္ကိုကတ္ေၾကးျဖင့္ ထိုးမႈျဖစ္ပြားခဲ့ေၾကာင္း ပရဟိတလူငယ္မ်ားအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၁ ရက္‌) ၊ ေန႔လည္ (၁၂)နာရီ ဝန္းက်င္ခန႔္တြင္ ရန္ကင္းၿမိဳ႕နယ္၊ ပါရမီလမ္းမရွိ မၪၨဴလမ္းမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ေကာင္ေလးက သူ႔ေကာင္မေလးနဲ႔ ရန္ျဖစ္တယ္၊ စကားမ်ားတယ္ေပါ့။ ေကာင္မေလး ျပန္သြားေတာ့ ေကာင္ေလးက သူ႔ကိုယ္သူ ကတ္ေၾကးနဲ႔ ထိုးတာ၊ ဗိုက္မွာ (၆)ခ်က္ ဒဏ္ရာရရတယ္၊ အဲဒါကို ျမင္တဲ့ အနားကလူေတြက ရဲစခန္းကို အေၾကာင္းၾကားတယ္၊ ရဲစခန္းကေန ကြၽန္ေတာ္တို႔ဆီ ဆက္သြယ္လို႔ ကြၽန္ေတာ္တို႔ေရာက္သြားတာပါ၊ ေရာက္ေတာ့ ေကာင္ေလးက ေသြးထြက္လြန္ေနတယ္၊ မူးေနတယ္၊ ႏုံးေနတယ္ေပါ့ေနာ္" ဟု ပရဟိတလူငယ္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အမ်ိဳးသားသည္ အသက္ (၁၉)ႏွစ္ဝန္းက်င္ခန႔္ရွိၿပီး ဗိုက္တြင္ ဒဏ္ရာ(၆)ခ်က္ရရွိကာ ေသြးထြက္လြန္ေနခဲ့ျခင္းေၾကာင့္ ၎အား သကၤန္းကြၽန္းၿမိဳ႕နယ္၊ စံျပေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎၏အေျခအေနမွာ စိုးရိမ္စရာအေျခအေနမရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.