အမျိုးသားတစ်ဦး အိမ်သာကျင်းထဲဆင်းရာမှ အောက်ဆီဂျင်ပြတ်၍သေဆုံး

 726

Pearl (NP News) - မတ် ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အမျိုးသားတစ်ဦး အိမ်သာကျင်းထဲဆင်းရာမှ အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးသွားခဲ့ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းထံမှ သတင်းရရှိသည်။

ယနေ့ (မတ်လ ၂၁ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းမှနေအိမ်တွင် အိမ်သာကျင်းအသစ်လောင်းရာ၌ ကွန်ကရစ်အဖုံးတွင်ထည့်ထားသည့် သစ်သားဒေါက်တိုင်များအား ဖြုတ်ယူရန်အတွက် ကျင်းအတွင်းသို့ဆင်းချိန်တွင် အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ သတင်းရလို့သွားခဲ့တယ်၊ အိမ်သာကျင်းထဲဆင်းတဲ့အချိန် အောက်ဆီဂျင်ပြတ်သွားတယ်လို့ ပြောတယ်၊ နေရာမှာပဲ ဆုံးသွားတာပါ" ဟု လေးဝတီကုလရက္ခိတပရဟိတအသင်းမှ တာဝန်ရှိသူက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါ အမျိုးသားသည် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်းသည် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားအား ဆင်းကယ်ခဲ့သည့် အမျိုးသားသုံးဦးမှာလည်း ကျင်းပေါ်သို့ ပြန်အရောက်တွင် သတိလစ်သွားခဲ့ခြင်းကြောင့် လေးဝတီကုလရက္ခိတအသင်းမှ ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

zawgyi version
အမ်ိဳးသားတစ္ဦး အိမ္သာက်င္းထဲဆင္းရာမွ ေအာက္ဆီဂ်င္ျပတ္၍ေသဆုံး
Pearl (NP News) - မတ္ ၂၁

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး အိမ္သာက်င္းထဲဆင္းရာမွ ေအာက္ဆီဂ်င္ျပတ္ေတာက္၍ ေသဆုံးသြားခဲ့ေၾကာင္း ေလးဝတီကုလရကၡိတပရဟိတအသင္းထံမွ သတင္းရရွိသည္။

ယေန႔ (မတ္လ ၂၁ ရက္)၊ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ ေက်ာက္ျဖဴၿမိဳ႕၊ ေစတီေတာင္ရပ္ကြက္၊ ေခမာလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ လမ္းမွေနအိမ္တြင္ အိမ္သာက်င္းအသစ္ေလာင္းရာ၌ ကြန္ကရစ္အဖုံးတြင္ထည့္ထားသည့္ သစ္သားေဒါက္တိုင္မ်ားအား ျဖဳတ္ယူရန္အတြက္ က်င္းအတြင္းသို႔ဆင္းခ်ိန္တြင္ ေအာက္ဆီဂ်င္ျပတ္၍ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ သတင္းရလို႔သြားခဲ့တယ္၊ အိမ္သာက်င္းထဲဆင္းတဲ့အခ်ိန္ ေအာက္ဆီဂ်င္ျပတ္သြားတယ္လို႔ ေျပာတယ္၊ ေနရာမွာပဲ ဆုံးသြားတာပါ" ဟု ေလးဝတီကုလရကၡိတပရဟိတအသင္းမွ တာဝန္ရွိသူက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါ အမ်ိဳးသားသည္ ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ၎သည္ ေက်ာက္ျဖဴၿမိဳ႕နယ္၊ စိုင္ၿခဳံေက်း႐ြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသားအား ဆင္းကယ္ခဲ့သည့္ အမ်ိဳးသားသုံးဦးမွာလည္း က်င္းေပၚသို႔ ျပန္အေရာက္တြင္ သတိလစ္သြားခဲ့ျခင္းေၾကာင့္ ေလးဝတီကုလရကၡိတအသင္းမွ ေက်ာက္ျဖဴေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.