ပုဇွန်တောင်မြို့နယ်၌ အိမ်ယာမဲ့ အသက်(၆ဝ)ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိ

 806

စော (NP News) - မတ် ၂၂

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်တွင် ဆွေမျိုးမဲ့၊ အိုးအိမ်မရှိသည့် အသက် (၆ဝ)ကျော်အရွယ်ရှိသော အမျိုးသမီးတစ်ဦးသေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၂ ရက်)၊ နေ့လည် (၁)နာရီခွဲဝန်းကျင်အချိန် ပုဇွန်တောင်မြို့နယ်၊ (၇)ရပ် ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်း နှင့် ဦးရွှေဂွမ်းလမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

“ရွှေဘုန်းပွင့်ဘုရားလမ်းနဲ့ ဦးရွှေဂွမ်းလမ်းထောင့်မှာ အထက်လန်အောက်လျှောဖြစ်နေတဲ့ အမျိုးသမီးဆုံးနေပါတယ်ဆိုပြီး ရပ်ကွက်ကချိတ်ဆက်လာပါတယ်။ ရန်ကုန်ဆေရုံကြီးကို Body အပ်ခဲ့ပါတယ်”ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအဘွားအိုသည် ဒေါ်သီသီအောင်(၆၃)နှစ်ဖြစ်ကြောင်းသိရသည်။

zawgyi versionပုဇြန္ေတာင္ၿမိဳ႕နယ္၌ အိမ္ယာမဲ့ အသက္(၆ဝ)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို ေသဆုံးလ်က္ေတြ႕ရွိ

ေစာ (NP News) - မတ္ ၂၂

ရန္ကုန္တိုင္း၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ (၇)ရပ္ကြက္တြင္ ေဆြမ်ိဳးမဲ့၊ အိုးအိမ္မရွိသည့္ အသက္ (၆ဝ)ေက်ာ္အ႐ြယ္ရွိေသာ အမ်ိဳးသမီးတစ္ဦးေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၂ ရက္)၊ ေန႔လည္ (၁)နာရီခြဲဝန္းက်င္အခ်ိန္ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ (၇)ရပ္ ကြက္၊ ေ႐ႊဘုန္းပြင့္ဘုရားလမ္း ႏွင့္ ဦးေ႐ႊဂြမ္းလမ္းထိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း မဂၤလာေတာင္ၫြန႔္လူငယ္လူမႈကူညီေရးအသင္းမွ သိရသည္။

“ေ႐ႊဘုန္းပြင့္ဘုရားလမ္းနဲ႔ ဦးေ႐ႊဂြမ္းလမ္းေထာင့္မွာ အထက္လန္ေအာက္ေလွ်ာျဖစ္ေနတဲ့ အမ်ိဳးသမီးဆုံးေနပါတယ္ဆိုၿပီး ရပ္ကြက္ကခ်ိတ္ဆက္လာပါတယ္။ ရန္ကုန္ေဆ႐ုံႀကီးကို Body အပ္ခဲ့ပါတယ္”ဟု မဂၤလာေတာင္ၫြန႔္လူငယ္လူမႈကူညီေရးအသင္းက တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအဘြားအိုသည္ ေဒၚသီသီေအာင္(၆၃)ႏွစ္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.