ထိုင်းနိုင်ငံမှာ ဝက်သားအစိမ်းစားခြင်းကြောင့် ရောဂါပိုးကူးစက်ပြီး လူ ၂ ဦး သေဆုံး

621
ရောင်နီ (NP News) - မေ ၈
ထိုင်းနိုင်ငံမှာ ဝက်သားစိမ်းစားသုံးမှုနဲ့ဆက်နွယ်တဲ့ Streptococcus suis ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီး အတည်ပြု သေဆုံးလူနာ ၂ ဦးထိ ရှိခဲ့တယ်လို့ ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရှိ အချို့ စားသုံးသူတွေကြား ရေပန်းစားတဲ့ အစားအစာ တစ်မျိုးဖြစ်တဲ့ ဝက်သားစိမ်းကို နုတ်နုတ်စင်းကာ အစပ်အရသာ များများနဲ့ သုပ်ထားတဲ့ ဝက်သားသုပ်ဟင်းလျာကို စားပြီးနောက် ကူးစက်မှု ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွန်ဆက်ခ်သက်ဆုသင်ရဲ့ပြောကြားချက်အရ
ဖာရေ့ခရိုင်မှာ ရောဂါပိုးကူးစက်ခံရသူ ၁၄ ဦး ရှိပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဝက်သားအစိမ်းကို စားပြီးနောက် အဖျားကြီးလာခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းတို့ ခံစားရတာနဲ့ ဆေးကုသမှု ချက်ချင်းခံယူသင့်တယ်လို့ အကြံပြုထားပါတယ်။
Streptococcus suis ရောဂါပိုးဟာ မကုသဘဲထားရင် အကြားအာရုံကို ရေရှည် ဆုံးရှုံးနိုင်တာကြောင့်
အမြန်ကုသနိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
Zawgyi Version:
ထိုင္းႏိုင္ငံမွာ ဝက္သားအစိမ္းစားျခင္းေၾကာင့္ ေရာဂါပိုးကူးစက္ၿပီး လူ ၂ ဦး ေသဆုံး
ေရာင္နီ (NP News) - ေမ ၈
ထိုင္းႏိုင္ငံမွာ ဝက္သားစိမ္းစားသုံးမႈနဲ႔ဆက္ႏြယ္တဲ့ Streptococcus suis ေရာဂါ ကူးစက္မႈျဖစ္ပြားခဲ့ၿပီး အတည္ျပဳ ေသဆုံးလူနာ ၂ ဦးထိ ရွိခဲ့တယ္လို႔ ထိုင္း ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
ထိုင္းႏိုင္ငံရွိ အခ်ိဳ႕ စားသုံးသူေတြၾကား ေရပန္းစားတဲ့ အစားအစာ တစ္မ်ိဳးျဖစ္တဲ့ ဝက္သားစိမ္းကို ႏုတ္ႏုတ္စင္းကာ အစပ္အရသာ မ်ားမ်ားနဲ႔ သုပ္ထားတဲ့ ဝက္သားသုပ္ဟင္းလ်ာကို စားၿပီးေနာက္ ကူးစက္မႈ ျဖစ္တယ္လို႔ သိရပါတယ္။ ျပည္သူ႔က်န္းမာေရးဝန္ႀကီး ဆြန္ဆက္ခ္သက္ဆုသင္ရဲ႕ေျပာၾကားခ်က္အရ
ဖာေရ႕ခ႐ိုင္မွာ ေရာဂါပိုးကူးစက္ခံရသူ ၁၄ ဦး ရွိၿပီး ၂ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ ဝက္သားအစိမ္းကို စားၿပီးေနာက္ အဖ်ားႀကီးလာျခင္း၊ ႂကြက္သားနာက်င္ကိုက္ခဲျခင္းတို႔ ခံစားရတာနဲ႔ ေဆးကုသမႈ ခ်က္ခ်င္းခံယူသင့္တယ္လို႔ အႀကံျပဳထားပါတယ္။
Streptococcus suis ေရာဂါပိုးဟာ မကုသဘဲထားရင္ အၾကားအာ႐ုံကို ေရရွည္ ဆုံးရႈံးႏိုင္တာေၾကာင့္
အျမန္ကုသႏိုင္ဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။