Taxi ယာဉ်မောင်းအား လည်ပင်းကိုကြိုးဖြင့်သိုင်း၍ ထိုးကြိတ်ကာ Taxi အား လုယက်မှု မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွား

 4006

Pearl (NP News) - မတ် ၂၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် Taxi ယာဉ်မောင်းအား ခရီးသည်များက လည်ပင်းကိုကြိုးဖြင့်သိုင်း၍ ထိုးကြိတ်ကာ Taxi အား လုယက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၂ ရက်) ၊ ည (၇)နာရီခွဲ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရက်ကွက်၊ စိန်ပင်မြိုင်လမ်း၊ ဩဘာစက်ရုံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အင်းစိန် City Mart ရှေ့က တက္ကစီငှားလာပြီး ပုလဲဘက်ရောက်တော့ နောက်ကနေ လည်ပင်းကို ကြိုးနဲ့ သိုင်းပြီး ထိုးကြိတ်သွားတာ၊ ပြီးတော့ ကားကို လုသွားတာ၊ သေလောက်တဲ့ ဒဏ်ရာတော့ မရပါဘူး၊ လုသွားတဲ့ လူကိုတော့ ရဲတွေ ဆက်လိုက်နေတယ်" ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ Taxi ယာဉ်မောင်းသည် ရွှေပေါက္ကံ (၁၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ၎င်းအား မေဓါဝီ ဆေးရုံသို့ ‌ပို့ဆောင်ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ဖြစ်စဥ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက် လက်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
Taxi ယာဥ္ေမာင္းအား လည္ပင္းကိုႀကိဳးျဖင့္သိုင္း၍ ထိုးႀကိတ္ကာ Taxi အား လုယက္မႈ မဂၤလာဒုံၿမိဳ႕နယ္တြင္ ျဖစ္ပြား

Pearl (NP News) - မတ္ ၂၃

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ Taxi ယာဥ္ေမာင္းအား ခရီးသည္မ်ားက လည္ပင္းကိုႀကိဳးျဖင့္သိုင္း၍ ထိုးႀကိတ္ကာ Taxi အား လုယက္သြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၂ ရက္) ၊ ည (၇)နာရီခြဲ အခ်ိန္ခန႔္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲ(၁)ရက္ကြက္၊ စိန္ပင္ၿမိဳင္လမ္း၊ ဩဘာစက္႐ုံအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"အင္းစိန္ City Mart ေရွ႕က တကၠစီငွားလာၿပီး ပုလဲဘက္ေရာက္ေတာ့ ေနာက္ကေန လည္ပင္းကို ႀကိဳးနဲ႔ သိုင္းၿပီး ထိုးႀကိတ္သြားတာ၊ ၿပီးေတာ့ ကားကို လုသြားတာ၊ ေသေလာက္တဲ့ ဒဏ္ရာေတာ့ မရပါဘူး၊ လုသြားတဲ့ လူကိုေတာ့ ရဲေတြ ဆက္လိုက္ေနတယ္" ဟု ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ Taxi ယာဥ္ေမာင္းသည္ ေ႐ႊေပါကၠံ (၁၁) ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး လက္ရွိတြင္ ၎အား ေမဓါဝီ ေဆး႐ုံသို႔ ‌ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

လက္ရွိတြင္ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္ လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Picture

Sai Tun

23/03/2023 15:13

Driver ကို ​ကြောက်ရတဲ့ ခရီးသည် နဲ့ ခရီးသည်ကို ​ကြောက်ရတဲ့Driver ၊ ယုံကြည်မှုကင်းမဲ့လာကြပြီ​လေ။

Picture

L Mone

23/03/2023 19:48

ကျွန်တော်တို့မြန်မာပြည်မှာ လူတွေဟာ ပျက်ဆီးလာကြတယ် ဘာ့ကြောင့်လည်း လူသတ်ပြီး ပြည်ပပြေးစရာမလိုအပ်ဘူး KNU စီပြေးမလား KIA စီပြေးမလား WSA စီပြေးမလား ချင်းပြည်ပြေးမလား AA စီပြေးမလား ကြိုက်တဲ့အဖွဲ့စီပြေး လွတ်ပါတယ်ဗျာ။တရုတ်ပြည်မှာတော့ ဒရိုင်ဘာ DRIVER နေရာကလေးကို သံခြံကာလိုက်ပါတယ် ငွေရှင်းရင် အဲဒီ သံခြံလေးအပေါက်ကနေပေးရပါတယ်..။ပြည်တွင်းစစ်မရှိတဲ့နိုင်ငံဖြစ်ပါတယ်..စီစီတီဗွီကောင်းကြပါတယ်..။ အထူးသဖြင့် ညအချိန် TAXI သမားများ သုံးကြသင့်ပါတယ် လို့ ဆိုပါတယ်..။

Related news

© 2021. All rights reserved.