နှစ်နိုင်ငံအကျိုးအတွက် အခွင့်အလမ်းများစွာရှိနေသည့် ခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်က ဆန္ဒရှိနေ

 489

ယွန်း (NP News) - မတ် ၂၃

နှစ်နိုင်ငံအကျိုးအတွက် အခွင့်အလမ်းများစွာရှိနေသည့် ခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်က ဆန္ဒရှိနေကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌက ဆိုထားသည်။

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက မတ်လ(၂၂)ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပခဲ့သည့် တရုတ်(ချုံချင့် ပိရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တရုတ် - မြန်မာနှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခွင့်ရရှိခြင်းဟာ နိုင်ငံတကာကုန် သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်‌ပါတယ်” ဟု ဦးအေးဝင်က အတည်ပြုပြောဆိုခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံ၌ အဓိကလိုအပ်နေသော သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတို့တွင် လာရောက်၍ ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်နိုင်ကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုထားသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းကဏ္ဍသည်လည်း မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား အကျိုးရှိမည့် ကဏ္ဍဖြစ်ပြီး အခွင့်အလမ်းများစွာရှိလာနိုင်‌ကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းက အသိပေးပြောဆိုခဲ့သည်။

“အထူးသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကဏ္ဍဖြစ်ပြီး အခွင့်အလမ်းများစွာရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုပါတယ်၊ မိမိတို့နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် စိတ်ဝင်စားတက်ကြွတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များစွာလည်း ရှိပါတယ်”ဟု ဆိုခဲ့သည်။

အလားတူ တရုတ်နိုင်ငံ‌အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ဆောင်လာနိုင်ရန် ဆောင်ရွက်မှုများရှိနေကြောင်း သိရသည်။

zawgyi version
ႏွစ္ႏိုင္ငံအက်ိဳးအတြက္ အခြင့္အလမ္းမ်ားစြာရွိေနသည့္ ခရီးသြားက႑တြင္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံဘက္က ဆႏၵရွိေန

ယြန္း (NP News) - မတ္ ၂၃

ႏွစ္ႏိုင္ငံအက်ိဳးအတြက္ အခြင့္အလမ္းမ်ားစြာရွိေနသည့္ ခရီးသြားက႑တြင္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံဘက္က ဆႏၵရွိေနေၾကာင္း ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒က ဆိုထားသည္။

ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေအးဝင္းက မတ္လ(၂၂)ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ Lotte Hotel ၌က်င္းပခဲ့သည့္ တ႐ုတ္(ခ်ဳံခ်င့္ ပိရွန္း)- ျမန္မာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဆက္ပြဲတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“တ႐ုတ္ - ျမန္မာႏွစ္ႏိုင္ငံမွ စီးပြားေရး လုပ္ငန္းရွင္မ်ား ေတြ႕ဆုံေဆြးေႏြးခြင့္ရရွိျခင္းဟာ ႏိုင္ငံတကာကုန္ သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရးအခြင့္အလမ္းမ်ားအတြက္ ေကာင္းမြန္ေသာ လကၡဏာတစ္ရပ္ျဖစ္‌ပါတယ္” ဟု ဦးေအးဝင္က အတည္ျပဳေျပာဆိုခဲ့သည္။

ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံအေနျဖင့္ စီးပြားေရးလုပ္ကိုင္ရာတြင္ ျမန္မာႏိုင္ငံ၌ အဓိကလိုအပ္ေနေသာ သယ္ယူပို႔ေဆာင္ေရး၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္က႑၊ ေဆာက္လုပ္ေရးက႑တို႔တြင္ လာေရာက္၍ ရင္းႏွီးျမႇပ္ႏွံမႈမ်ား ေဆာင္႐ြက္ႏိုင္ေၾကာင္း ဥကၠ႒ ဦးေအးဝင္းက ဆိုထားသည္။

ထို႔ျပင္ ခရီးသြားလုပ္ငန္းက႑သည္လည္း ျမန္မာႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား အက်ိဳးရွိမည့္ က႑ျဖစ္ၿပီး အခြင့္အလမ္းမ်ားစြာရွိလာႏိုင္‌ေၾကာင္း ဥကၠ႒ ဦးေအးဝင္းက အသိေပးေျပာဆိုခဲ့သည္။

“အထူးသျဖင့္ ခရီးသြားလုပ္ငန္းက႑ဟာ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိမယ့္ က႑ျဖစ္ၿပီး အခြင့္အလမ္းမ်ားစြာရွိတဲ့အတြက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဖိတ္ေခၚလိုပါတယ္၊ မိမိတို႔ႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ဖို႔အတြက္ စိတ္ဝင္စားတက္ႂကြတဲ့ အေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရး လုပ္ငန္းရွင္မ်ားစြာလည္း ရွိပါတယ္”ဟု ဆိုခဲ့သည္။

အလားတူ တ႐ုတ္ႏိုင္ငံ‌အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအခြင့္အလမ္းမ်ား ေဖာ္ေဆာင္လာႏိုင္ရန္ ေဆာင္႐ြက္မႈမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.