အင်းစိန်အကျဉ်းထောင် ခြံစည်းရိုးအနီး ပေါက်ကွဲမှုဖြစ်ပွား

 1166

NP News - မတ် ၂၄

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်၊ ခြံစည်းရိုးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၄ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် အင်းစိန်အကျဉ်းထောင်၌ အထက်ပါကဲ့သို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

“အကျဉ်းထောင်ထဲကို အပြင်ဘက်ကနေ ဗုံးနဲ့လှမ်းပစ်တာပေါ့။ ခြံစည်းရိုးတွေက သေချာလုပ်ထားတော့ အထဲကို မရောက်လိုက်ဘူး။ ပေါက်ကွဲတာတော့ ရှိတယ်။ ဒါပေမယ့် ဘာလူမှ ထိခိုက်တာမရှိပါဘူး” ဟု အထက်ပါ သတင်း အရင်းအမြစ်က ပြောသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် အောက်တိုဘာလအတွင်း အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် ပါဆယ် လက်ခံသည့်အဆောက်အဦး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထောင်ဝင်စာလာပို့သူများ၊ အကျဉ်းထောင်ဝန်ထမ်းများ စုစုပေါင်း (၈) ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂ဝ၂၂ ခုနှစ် သြဂုတ်လအတွင်းကလည်း အင်းစိန်အကျဉ်းထောင်အား ၆ဝ မမစိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရပြီး လက်ရှိတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း နစကဘက်မှ သတင်းထုတ်ပြန်ထာဖူးသည်။

Zawgyi Version;
အင္းစိန္အက်ဥ္းေထာင္ ၿခံစည္း႐ိုးအနီး ေပါက္ကြဲမႈျဖစ္ပြား
NP News - မတ္ ၂၄

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္အက်ဥ္းေထာင္၊ ၿခံစည္း႐ိုးအနီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူထိခိုက္ဒဏ္ရာ ရရွိမႈ မရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၄ ရက္) နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ အင္းစိန္အက်ဥ္းေထာင္၌ အထက္ပါကဲ့သို႔ ျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

“အက်ဥ္းေထာင္ထဲကို အျပင္ဘက္ကေန ဗုံးနဲ႔လွမ္းပစ္တာေပါ့။ ၿခံစည္း႐ိုးေတြက ေသခ်ာလုပ္ထားေတာ့ အထဲကို မေရာက္လိုက္ဘူး။ ေပါက္ကြဲတာေတာ့ ရွိတယ္။ ဒါေပမယ့္ ဘာလူမွ ထိခိုက္တာမရွိပါဘူး” ဟု အထက္ပါ သတင္း အရင္းအျမစ္က ေျပာသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလအတြင္း အင္းစိန္အက်ဥ္းေထာင္ရွိ အက်ဥ္းသားမ်ားအတြက္ ပါဆယ္ လက္ခံသည့္အေဆာက္အဦး၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ဖူးသည္။

အဆိုပါေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ေထာင္ဝင္စာလာပို႔သူမ်ား၊ အက်ဥ္းေထာင္ဝန္ထမ္းမ်ား စုစုေပါင္း (၈) ဦး ထက္မနည္း ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူ အမ်ားအျပားရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လအတြင္းကလည္း အင္းစိန္အက်ဥ္းေထာင္အား ၆ဝ မမစိန္ေျပာင္းျဖင့္ ပစ္ခတ္ တိုက္ခိုက္ျခင္း ခံခဲ့ရၿပီး လက္ရွိတြင္ ပစ္ခတ္တိုက္ခိုက္ခဲ့သူမ်ားကို ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း နစကဘက္မွ သတင္းထုတ္ျပန္ထာဖူးသည္။

Related news

© 2021. All rights reserved.