ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

 1318

Pearl (NP News) - မတ် ၂၅

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၂၂)ရက်၊ ည (၆)နာရီအချိန်ခန့်တွင် ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာနှင့် လှေဆွဲကျေးရွာသွားလမ်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာတွင်နေထိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းစန်းသည် တစ်ရွာတည်းနေ ဦးဆန်းမင်းမောင်းနှင်သည့်ဆိုင်ကယ်ဖြင့် အဆိုပါကျေးရွာထိပ်ရှိ ဘောလုံးကွင်းမှ ၎င်း၏ နေအိမ်သို့ ပြန်လာစဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုး သား(၃)ဦးကသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းစန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအားဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
က်ဳံေပ်ာ္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ
Pearl (NP News) - မတ္ ၂၅

ဧရာဝတီတိုင္း၊ က်ဳံေပ်ာ္ၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၂၂)ရက္၊ ည (၆)နာရီအခ်ိန္ခန႔္တြင္ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ အင္းဖ်ားေက်း႐ြာႏွင့္ ေလွဆြဲေက်း႐ြာသြားလမ္းေပၚ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

က်ဳံေပ်ာ္ၿမိဳ႕နယ္၊ အင္းဖ်ားေက်း႐ြာတြင္ေနထိုင္ေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးထြန္းစန္းသည္ တစ္႐ြာတည္းေန ဦးဆန္းမင္းေမာင္းႏွင္သည့္ဆိုင္ကယ္ျဖင့္ အဆိုပါေက်း႐ြာထိပ္ရွိ ေဘာလုံးကြင္းမွ ၎၏ ေနအိမ္သို႔ ျပန္လာစဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ျပန္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ လားရာတူေနာက္မွ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳး သား(၃)ဦးကေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးထြန္းစန္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအားေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Picture

Htun Aung Kyaw

26/03/2023 09:00

ငြိမ်နေတဲ့ ဧရာ၀တီတိုင်းထိ အကြမ်းဖက်မှုတွေရောက်မလာဖို့ ပြန့်မလာဖို့ အားလုံးထိထိရောက်ရောက်ပါ၀င်ဖို့လိုတယ်

Related news

© 2021. All rights reserved.