ရုရှားက စီမံဆောင်ရွက်နေတဲ့ ကမ်းလွန်ဓါတ်ငွေ့လုပ်ကွက်အတွင်း ကင်းလှည့်တရုတ်သင်္ဘောကို ဗီယက်နမ်တို့ နောက်ယောင်ခံလိုက်

 575

Htay Oung (NP News) - မတ် ၂၈

ဗီယက်နမ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ် အထူးသီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ရုရှားနိုင်ငံက စီမံခန့်ခွဲပေးနေ တဲ့ ကမ်းလွန်သဘာ၀ဓာတ်ငွေ့လုပ်ကွက်ကွက်အနီး ရောက်ရှိလာတဲ့ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်း ကို ဗီယက်နမ်တို့က စောင့်ကြည့်ခဲ့ကြောင်း၊ အချက်အလက်များအရ တစ်နှစ်ကျော်ကြာ တရုတ်ကင်းလှည့်မှုပုံစံရဲ့ နောက်ဆုံး ခြေဆန့်မှုဖြစ်တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ ဗီယက်နမ်နိုင်ငံ အထူးသီးသန့်စီးပွားရေးဇုန်အတွင်း ရုရှားတို့ လုပ်ငန်း လုပ်ကိုင် (သို့မဟုတ်) ရုရှားကုမ္ပဏီများ စွမ်းအင်ရှာဖွေရေးနေတဲ့ လုပ်ကွက်များအတွင်း ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ မှ စတင်ပြီး အကြိမ် ၄ဝ ခန့် တိုက်ရိုက်ခုတ်မောင်း ဝင်ရောက်ခဲ့ကြောင်း ဗီယက်နမ် NGO သုတေသနအဖွဲ့ အစည်း တစ်ခုဖြစ်တဲ့ SCSCI ရဲ့သင်္ဘောများ ခြေရာခံအချက်အလက်တွေအရ သိရှိရပါတယ်။

တောင်တရုတ်ပင်လယ် တုံကင်ပင်လယ်ကွေ့မှာ တရုတ်နိုင်ငံအနေနဲ့ မျဉ်းတို ကိုးခု (ခေါ်) အခြေခံသတ်မှတ်မျဉ်း ထက်ကျော်လွန်ပြီး တရားဝင် ပိုင်ဆိုင်ခွင့်မရှိကြောင်း ကုလသမဂ္ဂရဲ့ UNCLOS ကွန်ဗင်းရှင်းအရ နယ်သာလန်နိုင်ငံ မှာ တည်ရှိတဲ့ အနုညာတခုံရုံးက ၂ဝ၁၆ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထက် ပိုပြီးကျယ်ပြန့်တဲ့ရေပြင်ကို ပိုင်ဆိုင်ကြောင်း ပေကျင်းက အခိုင်အမာယုံကြည်ထားပါတယ်။

ပင်လယ်ကွေ့အတွင်း သန္တာကျောက်တန်းများနဲ့ ကျွန်းငယ်များပေါ်မှာ ကျွန်းတုများနဲ့ လေယာဉ်ကွင်းများ တည်ဆောက်လာခြင်းဟာ ဒေသတွင်းနိုင်ငံများနဲ့ အမေရိကန်အတွက် အမျိုးမျိုး စိုးရိမ်စရာဖြစ်လာရပါတယ်။

သူတို့ရဲ့အထူးသီးသန့်စီးပွားရေးဇုန် EEZ များမှ ရှောင်ရှားနေဖို့ တရုတ်နိုင်ငံကို ဗီယက်နမ်ရော အင်ဒိုနီးရှားတို့ကပါ အသီးသီး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ EEZ ဆိုတာ ပိုင်နက်နယ်မြေ မဟုတ်တဲ့အပြင် နိုင်ငံတကာဥပဒေအရ သင်္ဘောများ ခုတ်မောင်းသွားလာခြင်းမပြုဖို့ ကန့်သတ်ချက်များ မပါရှိပါဘူး။ တောင်တရုတ်ပင်လယ်ရှိ အခြား နေရာများမှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကင်းလှည့်မှုကို ရောင်ပြန်ဟပ်ပြီး နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာပြော ဆိုဖို့အတွက် ခုလိုသင်္ဘောကို အသုံးချလေ့ရှိပါတယ်။ ပင်လယ်ကြမ်းပြင်မှ စွမ်းအင်ရင်းမြစ်များအတွက် သူတို့အနေ နဲ့ တရား၀င်ပိုင်ခွင့် အသေအချာရှိနေကြောင်း ဒေသတွင်းနိုင်ငံများအပေါ် ဖိအားပေးဖို့အတွက် သူ့ရဲ့ကမ်းခြေစောင့် တပ်ဖွဲ့ကို အသုံးချနေတယ်လို့ ISEAS-Yusof Ishak Institute စင်္ကာပူ ယူဆွတ်-အီဆတ် အင်စတီကျု့မှ အကြီးတန်း #Fellowship #သုတေသန_ထောက်ပံ့ကြေးစားတစ်ဦးက မှတ်ချက်ပေးပါတယ်။

အချက်ပြခွဲခြားသတ်မှတ်မှု အလိုအလျောက်စနစ်အပေါ် အခြေခံပြီး SCSCI က ခွဲခြမ်းစိတ်ဖြာထားတဲ့ မြေပုံများအရ ယမန်နှစ် တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ရဲ့ အထူးသီးသန့်စီးပွားရေးနယ်နိမိတ်အနီး ဗန်ဂတ် စည်းတိမ် မှ ရေလမ်းကြောင်းအတိုင်း ၃၄ ကြိမ်ထက်မနည်း ခုတ်မောင်းဝင်ရောက်ခဲ့ကြောင်း၊ EEZ များအတွင်း ရုရှားကထိန်းချုပ်တဲ့ လုပ်ကွက်နှစ်ခုမှ ရေမိုင် ၅ဝ (၉၂ ကီလိုမီတာ) ခန့်မှာဖြစ်ပြီး တစ်ခါတစ်ရံ ပင်မ ရေနံပလက်ဖောင်းမှ ရေမိုင် ၁ မိုင်အထိ ချဉ်းကပ်ခဲ့ကြောင်း ပြသနေပါတယ်။

အဲဒီရေပြင် လုပ်ကွက် ၂ ခုမှာ ရုရှားနိုင်ငံပိုင် ဇာအူဘက်ဇ်နက်ဖ်တာ ကုမ္ပဏီက စီမံလုပ်ကိုင် (သို့မဟုတ်) ရှယ်ယာ များကို ပိုင်ဆိုင်ထားပါတယ်။ ရုရှားမဟာဓာတ်ငွေ့ကုမ္ပဏီကြီး ဂတ်ဇ်ပရွန် (GAZP.MM) ကလည်း ဟနွိုင်းနိုင်ငံပိုင် ရုပ်ကြွင်းလောင်စာကုမ္ပဏီ ပက်ထရိုဗီယက်နမ်ရဲ့ လက်အောက်ခံလုပ်ငန်းခွဲတစ်ခုအဖြစ် လုပ်ကိုင်နေတယ်လို့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က ပြောပါတယ်။

စနေနေ့မှာ တရုတ်သင်္ဘောဟာ အဲဒီရုရှားကုမ္ပဏီ နှစ်နေရာစလုံးအပြင် အခြားလုပ်ကွက် ၂ ခုကိုလည်း ဖြတ်သန်း သွားကြောင်း၊ ငါးဖမ်းလုပ်ငန်းကွပ်ကဲစောင့်ကြည့်ရေးအေဂျင်စီပိုင် ဗီယက်နမ်သင်္ဘော ကမ်ငူ-၂၇၈ ဟာ တရုတ်သင်္ဘောနောက် တစ်ခါတစ်ရံ မီတာရာဂဏန်းမျှ အကွာအဝေးအထိ ချဉ်းကပ်လိုက်ပါသွားကြောင်း အချက် အလက်များအရ သိရှိရပါတယ်။

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှ အကြမ်းအားဖြင့် ရေမိုင် ၆၃ဝ ခန့်အကွာမှာ တည်ရှိနေတဲ့ အဲဒီစွမ်းအင်လုပ်ကွက် တွေမှာ ပေကျင်းသင်္ဘောတွေဟာ ပုံမှန်အားဖြင့် သူတို့စခန်းချရာ ဗန်ဂတ်စည်းတိမ်ဘက်ကို တိုက်ရိုက် ခုတ်မောင်း သွားလေ့ရှိပါတယ်။ ဒါပေမဲ့ စနေနေ့မှာတော့ မလေးရှားနိုင်ငံ အထူးသီးသန့် စီးပွားရေးဇုန်ဘက်ကို ဦးတည်သွား ပါတယ်။

ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ကမ်းခြေစောင့်တပ်ဟာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာလျှက်ရှိပြီး တောင်တရုတ်ပင်လယ်အတွင်း ပေကျင်းရဲ့ တရားစီရင်ပိုင်ခွင့်အောက်ရှိ ရေပြင်များမှာ ကင်းလှည့်လည်နေကြောင်း၊ ရုရှားကုမ္ပဏီများ စီမံလုပ်ကိုင်နေတဲ့ စွမ်းအင်ရှာဖွေရေးလုပ်ကွက်များမှာ ကင်းလှည့်မှု များကို သတိမပြုမိကြောင်း မှတ်ချက်ပေးပါတယ်။

ဗီယက်နမ်အနေနဲ့ တောင်တရုတ်ပင်လယ်မှာ နိုင်ငံရဲ့တရားဝင်အခွင့်အရေးများကို ကာကွယ်ဖို့အတွက် ဆောင် ရွက်နေပါတယ်လို့ ရိုက်တာသတင်းအေဂျင်စီရဲ့မေးခွန်းကို ဟနွိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက သောကြာနေ့မှာ ပြန်လည်ဖြေဆိုပါတယ်။ “ဇာအူဘက်ဇ်နက်ဖ်တာ” “ဂတ်ဇ်ပရွန်” ကုမ္ပဏီများ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဗီယက်နမ်နိုင်ငံဆိုင်ရာရုရှားသံရုံးတို့က မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံချက်ကို တုံ့ပြန်ခြင်း မရှိပါဘူး။

အထူးသီးသန့်စီးပွားရေးဇုန်တွေဟာ ယေဘုယျအားဖြင့် သက်ဆိုင်ရာနိုင်ငံ ကမ်းခြေ(အခြေခံမျဉ်း) မှ ပင်လယ် ပြင်ဘက် ရေမိုင် ၂ဝဝ ( ၃၇ဝ ကီလိုမီတာ) အထိ ရှည်လျားပါတယ်။ နိုင်ငံတကာဥပဒေအရ သင်္ဘောများ သွားလာ ခုတ်မောင်းမှု အလုံးစုံကို ထိန်းချုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ရေပြင်ပိုင်နက်ဟာ ပုံမှန်အားဖြင့် သက်ဆိုင်ရာ ကမ်းခြေများမှ ရေမိုင် ၁၂ မိုင်ခန့်အထိ ကျယ်ဝန်းပါတယ်။ မိမိနိုင်ငံရဲ့ အထူးသီးသန့်စီးပွားရေးဇုန်ဖြစ်ကြောင်း တောင်းဆိုကြေငြာချက်တွေဟာ နိုင်ငံအချင်းချင်း ထပ်နေကြတဲ့အခါ ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဘရူနိုင်းတို့ဟာ အဲ့ဒီလို အပြိုင်အဆိုင် တောင်းဆို နေတဲ့ နိုင်ငံများဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ ရုရှားကုမ္ပဏီများရှိနေတဲ့ လုပ်ကွက်များ သာမက ဗြိတိန်နိုင်ငံ “ဟာဗာ_အင်နာဂျီ” (HBR.L) ကုမ္ပဏီက စူးစမ်းရှာဖွေရေးလုပ်ဆောင်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်များအထိ လမ်းကြောင်းများ တိုးချဲ့လာခဲ့တာကို SCSCI ရဲ့ အချက်အလက်များမှာ ဖော်ပြနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိသျှကုမ္ပဏီက မှတ်ချက်ပေးရန် ငြင်းဆိုပါတယ်။

#ရုရှားနှင့်ဗီယက်နမ်အထူးသီးသန့်စီးပွားရေးဇုန် #ဇာအူဘက်ဇ်နက်ဖ်တာ #ဂတ်ဇ်ပရွန် #ဟာဗာအင်နာဂျီ

(Reuters., 27 March 2023,” Vietnam sends ship to track Chinese vessel patrolling Russian gas field in EEZ -data” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
႐ုရွားက စီမံေဆာင္႐ြက္ေနတဲ့ ကမ္းလြန္ဓါတ္ေငြ႕လုပ္ကြက္အတြင္း ကင္းလွည့္တ႐ုတ္သေဘၤာကို ဗီယက္နမ္တို႔ ေနာက္ေယာင္ခံလိုက္
Htay Oung (NP News) - မတ္ ၂၈

ဗီယက္နမ္ႏိုင္ငံရဲ႕ ေတာင္တ႐ုတ္ပင္လယ္ အထူးသီးသန႔္စီးပြားေရးဇုန္ (EEZ) အတြင္း ႐ုရွားႏိုင္ငံက စီမံခန္႔ခြဲေပးေန တဲ့ ကမ္းလြန္သဘာ၀ဓာတ္ေငြ႕လုပ္ကြက္ကြက္အနီး ေရာက္ရွိလာတဲ့ တ႐ုတ္ကမ္းေျခေစာင့္တပ္ သေဘၤာတစ္စင္း ကို ဗီယက္နမ္တို႔က ေစာင့္ၾကည့္ခဲ့ေၾကာင္း၊ အခ်က္အလက္မ်ားအရ တစ္ႏွစ္ေက်ာ္ၾကာ တ႐ုတ္ကင္းလွည့္မႈပုံစံရဲ႕ ေနာက္ဆုံး ေျခဆန္႔မႈျဖစ္တယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။

တ႐ုတ္ကမ္းေျခေစာင့္သေဘၤာေတြဟာ ဗီယက္နမ္ႏိုင္ငံ အထူးသီးသန္႔စီးပြားေရးဇုန္အတြင္း ႐ုရွားတို႔ လုပ္ငန္း လုပ္ကိုင္ (သို႔မဟုတ္) ႐ုရွားကုမၸဏီမ်ား စြမ္းအင္ရွာေဖြေရးေနတဲ့ လုပ္ကြက္မ်ားအတြင္း ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ မွ စတင္ၿပီး အႀကိမ္ ၄ဝ ခန႔္ တိုက္႐ိုက္ခုတ္ေမာင္း ဝင္ေရာက္ခဲ့ေၾကာင္း ဗီယက္နမ္ NGO သုေတသနအဖြဲ႕ အစည္း တစ္ခုျဖစ္တဲ့ SCSCI ရဲ႕သေဘၤာမ်ား ေျခရာခံအခ်က္အလက္ေတြအရ သိရွိရပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ တုံကင္ပင္လယ္ေကြ႕မွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ မ်ဥ္းတို ကိုးခု (ေခၚ) အေျခခံသတ္မွတ္မ်ဥ္း ထက္ေက်ာ္လြန္ၿပီး တရားဝင္ ပိုင္ဆိုင္ခြင့္မရွိေၾကာင္း ကုလသမဂၢရဲ႕ UNCLOS ကြန္ဗင္းရွင္းအရ နယ္သာလန္ႏိုင္ငံ မွာ တည္ရွိတဲ့ အႏုညာတခုံ႐ုံးက ၂ဝ၁၆ ခုႏွစ္မွာ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီထက္ ပိုၿပီးက်ယ္ျပန္႔တဲ့ေရျပင္ကို ပိုင္ဆိုင္ေၾကာင္း ေပက်င္းက အခိုင္အမာယုံၾကည္ထားပါတယ္။

ပင္လယ္ေကြ႕အတြင္း သႏၲာေက်ာက္တန္းမ်ားနဲ႔ ကြၽန္းငယ္မ်ားေပၚမွာ ကြၽန္းတုမ်ားနဲ႔ ေလယာဥ္ကြင္းမ်ား တည္ေဆာက္လာျခင္းဟာ ေဒသတြင္းႏိုင္ငံမ်ားနဲ႔ အေမရိကန္အတြက္ အမ်ိဳးမ်ိဳး စိုးရိမ္စရာျဖစ္လာရပါတယ္။

သူတို႔ရဲ႕အထူးသီးသန္႔စီးပြားေရးဇုန္ EEZ မ်ားမွ ေရွာင္ရွားေနဖို႔ တ႐ုတ္ႏိုင္ငံကို ဗီယက္နမ္ေရာ အင္ဒိုနီးရွားတို႔ကပါ အသီးသီး ေတာင္းဆိုခဲ့ၾကပါတယ္။ ဒါေပမဲ့ EEZ ဆိုတာ ပိုင္နက္နယ္ေျမ မဟုတ္တဲ့အျပင္ ႏိုင္ငံတကာဥပေဒအရ သေဘၤာမ်ား ခုတ္ေမာင္းသြားလာျခင္းမျပဳဖို႔ ကန႔္သတ္ခ်က္မ်ား မပါရွိပါဘူး။ ေတာင္တ႐ုတ္ပင္လယ္ရွိ အျခား ေနရာမ်ားမွာ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ကင္းလွည့္မႈကို ေရာင္ျပန္ဟပ္ၿပီး နယ္ေျမပိုင္ဆိုင္မႈကို အခိုင္အမာေျပာ ဆိုဖို႔အတြက္ ခုလိုသေဘၤာကို အသုံးခ်ေလ့ရွိပါတယ္။ ပင္လယ္ၾကမ္းျပင္မွ စြမ္းအင္ရင္းျမစ္မ်ားအတြက္ သူတို႔အေန နဲ႔ တရား၀င္ပိုင္ခြင့္ အေသအခ်ာရွိေနေၾကာင္း ေဒသတြင္းႏိုင္ငံမ်ားအေပၚ ဖိအားေပးဖို႔အတြက္ သူ႔ရဲ႕ကမ္းေျခေစာင့္ တပ္ဖြဲ႕ကို အသုံးခ်ေနတယ္လို႔ ISEAS-Yusof Ishak Institute စကၤာပူ ယူဆြတ္-အီဆတ္ အင္စတီက်ဳ႕မွ အႀကီးတန္း #Fellowship #သုေတသန_ေထာက္ပံ့ေၾကးစားတစ္ဦးက မွတ္ခ်က္ေပးပါတယ္။

အခ်က္ျပခြဲျခားသတ္မွတ္မႈ အလိုအေလ်ာက္စနစ္အေပၚ အေျခခံၿပီး SCSCI က ခြဲျခမ္းစိတ္ျဖာထားတဲ့ ေျမပုံမ်ားအရ ယမန္ႏွစ္ တ႐ုတ္သေဘၤာေတြဟာ ဗီယက္နမ္နဲ႔ အင္ဒိုနီးရွားတို႔ရဲ႕ အထူးသီးသန႔္စီးပြားေရးနယ္နိမိတ္အနီး ဗန္ဂတ္ စည္းတိမ္ မွ ေရလမ္းေၾကာင္းအတိုင္း ၃၄ ႀကိမ္ထက္မနည္း ခုတ္ေမာင္းဝင္ေရာက္ခဲ့ေၾကာင္း၊ EEZ မ်ားအတြင္း ႐ုရွားကထိန္းခ်ဳပ္တဲ့ လုပ္ကြက္ႏွစ္ခုမွ ေရမိုင္ ၅ဝ (၉၂ ကီလိုမီတာ) ခန္႔မွာျဖစ္ၿပီး တစ္ခါတစ္ရံ ပင္မ ေရနံပလက္ေဖာင္းမွ ေရမိုင္ ၁ မိုင္အထိ ခ်ဥ္းကပ္ခဲ့ေၾကာင္း ျပသေနပါတယ္။

အဲဒီေရျပင္ လုပ္ကြက္ ၂ ခုမွာ ႐ုရွားႏိုင္ငံပိုင္ ဇာအူဘက္ဇ္နက္ဖ္တာ ကုမၸဏီက စီမံလုပ္ကိုင္ (သို႔မဟုတ္) ရွယ္ယာ မ်ားကို ပိုင္ဆိုင္ထားပါတယ္။ ႐ုရွားမဟာဓာတ္ေငြ႕ကုမၸဏီႀကီး ဂတ္ဇ္ပ႐ြန္ (GAZP.MM) ကလည္း ဟႏြိဳင္းႏိုင္ငံပိုင္ ႐ုပ္ႂကြင္းေလာင္စာကုမၸဏီ ပက္ထ႐ိုဗီယက္နမ္ရဲ႕ လက္ေအာက္ခံလုပ္ငန္းခြဲတစ္ခုအျဖစ္ လုပ္ကိုင္ေနတယ္လို႔ ဝါရွင္တန္အေျခစိုက္ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးစင္တာ (CSIS) က ေျပာပါတယ္။

စေနေန႔မွာ တ႐ုတ္သေဘၤာဟာ အဲဒီ႐ုရွားကုမၸဏီ ႏွစ္ေနရာစလုံးအျပင္ အျခားလုပ္ကြက္ ၂ ခုကိုလည္း ျဖတ္သန္း သြားေၾကာင္း၊ ငါးဖမ္းလုပ္ငန္းကြပ္ကဲေစာင့္ၾကည့္ေရးေအဂ်င္စီပိုင္ ဗီယက္နမ္သေဘၤာ ကမ္ငူ-၂၇၈ ဟာ တ႐ုတ္သေဘၤာေနာက္ တစ္ခါတစ္ရံ မီတာရာဂဏန္းမွ် အကြာအေဝးအထိ ခ်ဥ္းကပ္လိုက္ပါသြားေၾကာင္း အခ်က္ အလက္မ်ားအရ သိရွိရပါတယ္။

တ႐ုတ္ႏိုင္ငံ ဟိုင္နန္ကြၽန္းမွ အၾကမ္းအားျဖင့္ ေရမိုင္ ၆၃ဝ ခန႔္အကြာမွာ တည္ရွိေနတဲ့ အဲဒီစြမ္းအင္လုပ္ကြက္ ေတြမွာ ေပက်င္းသေဘၤာေတြဟာ ပုံမွန္အားျဖင့္ သူတို႔စခန္းခ်ရာ ဗန္ဂတ္စည္းတိမ္ဘက္ကို တိုက္႐ိုက္ ခုတ္ေမာင္း သြားေလ့ရွိပါတယ္။ ဒါေပမဲ့ စေနေန႔မွာေတာ့ မေလးရွားႏိုင္ငံ အထူးသီးသန္႔ စီးပြားေရးဇုန္ဘက္ကို ဦးတည္သြား ပါတယ္။

ေပက်င္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူကေတာ့ သူတို႔ကမ္းေျခေစာင့္တပ္ဟာ ႏိုင္ငံတကာဥပေဒကို ေလးစားလိုက္နာလွ်က္ရွိၿပီး ေတာင္တ႐ုတ္ပင္လယ္အတြင္း ေပက်င္းရဲ႕ တရားစီရင္ပိုင္ခြင့္ေအာက္ရွိ ေရျပင္မ်ားမွာ ကင္းလွည့္လည္ေနေၾကာင္း၊ ႐ုရွားကုမၸဏီမ်ား စီမံလုပ္ကိုင္ေနတဲ့ စြမ္းအင္ရွာေဖြေရးလုပ္ကြက္မ်ားမွာ ကင္းလွည့္မႈ မ်ားကို သတိမျပဳမိေၾကာင္း မွတ္ခ်က္ေပးပါတယ္။

ဗီယက္နမ္အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ ႏိုင္ငံရဲ႕တရားဝင္အခြင့္အေရးမ်ားကို ကာကြယ္ဖို႔အတြက္ ေဆာင္ ႐ြက္ေနပါတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီရဲ႕ေမးခြန္းကို ဟႏြိဳင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးက ေသာၾကာေန႔မွာ ျပန္လည္ေျဖဆိုပါတယ္။ “ဇာအူဘက္ဇ္နက္ဖ္တာ” “ဂတ္ဇ္ပ႐ြန္” ကုမၸဏီမ်ား၊ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ဗီယက္နမ္ႏိုင္ငံဆိုင္ရာ႐ုရွားသံ႐ုံးတို႔က မွတ္ခ်က္ေပးဖို႔ ေမတၱာရပ္ခံခ်က္ကို တုံ႔ျပန္ျခင္း မရွိပါဘူး။

အထူးသီးသန႔္စီးပြားေရးဇုန္ေတြဟာ ေယဘုယ်အားျဖင့္ သက္ဆိုင္ရာႏိုင္ငံ ကမ္းေျခ(အေျခခံမ်ဥ္း) မွ ပင္လယ္ ျပင္ဘက္ ေရမိုင္ ၂ဝဝ ( ၃၇ဝ ကီလိုမီတာ) အထိ ရွည္လ်ားပါတယ္။ ႏိုင္ငံတကာဥပေဒအရ သေဘၤာမ်ား သြားလာ ခုတ္ေမာင္းမႈ အလုံးစုံကို ထိန္းခ်ဳပ္ပိုင္ခြင့္ရွိတဲ့ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ေရျပင္ပိုင္နက္ဟာ ပုံမွန္အားျဖင့္ သက္ဆိုင္ရာ ကမ္းေျခမ်ားမွ ေရမိုင္ ၁၂ မိုင္ခန႔္အထိ က်ယ္ဝန္းပါတယ္။ မိမိႏိုင္ငံရဲ႕ အထူးသီးသန္႔စီးပြားေရးဇုန္ျဖစ္ေၾကာင္း ေတာင္းဆိုေၾကျငာခ်က္ေတြဟာ ႏိုင္ငံအခ်င္းခ်င္း ထပ္ေနၾကတဲ့အခါ ပဋိပကၡမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္မွာ မေလးရွား၊ ဖိလစ္ပိုင္၊ ထိုင္ဝမ္နဲ႔ ဘ႐ူႏိုင္းတို႔ဟာ အဲ့ဒီလို အၿပိဳင္အဆိုင္ ေတာင္းဆို ေနတဲ့ ႏိုင္ငံမ်ားျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကတည္းက တ႐ုတ္ကမ္းေျခေစာင့္သေဘၤာေတြဟာ ႐ုရွားကုမၸဏီမ်ားရွိေနတဲ့ လုပ္ကြက္မ်ား သာမက ၿဗိတိန္ႏိုင္ငံ “ဟာဗာ_အင္နာဂ်ီ” (HBR.L) ကုမၸဏီက စူးစမ္းရွာေဖြေရးလုပ္ေဆာင္ေနတဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ကြက္မ်ားအထိ လမ္းေၾကာင္းမ်ား တိုးခ်ဲ႕လာခဲ့တာကို SCSCI ရဲ႕ အခ်က္အလက္မ်ားမွာ ေဖာ္ျပေနပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ၿဗိတိသွ်ကုမၸဏီက မွတ္ခ်က္ေပးရန္ ျငင္းဆိုပါတယ္။

#႐ုရွားႏွင့္ဗီယက္နမ္အထူးသီးသန္႔စီးပြားေရးဇုန္ #ဇာအူဘက္ဇ္နက္ဖ္တာ #ဂတ္ဇ္ပ႐ြန္ #ဟာဗာအင္နာဂ်ီ

(Reuters., 27 March 2023,” Vietnam sends ship to track Chinese vessel patrolling Russian gas field in EEZ -data” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.