တရားမဝင်ကုန်သွယ်လိုသော လုပ်ငန်းရှင်များမှ လက်နက်ကိုင်အဖွဲ့အချို့ကို ချဉ်းကပ်ကာ စစ်ဆေးရေးဂိတ်များကို ကျော်ဖြတ်ရန် ကြိုးပမ်းနေဟု ဒုတပ်ချုပ်ဆို

4034

မျိုးကြီး (NP News) - မတ် ၃၀
တရားမဝင်ကုန်သွယ်လိုသော လုပ်ငန်းရှင်များမှ လက်နက်ကိုင်အဖွဲ့အချို့ကို ချဉ်းကပ်ကာ စစ်ဆေးရေးဂိတ်များကို ကျော်ဖြတ်ရန် ကြိုးပမ်းမှုများရှိလာကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
၎င်းက မတ်လ ၂၉ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုများကို ဆောင်ရွက်နေသူများသည် ကုန်သွယ်မှုဆိုင်ရာမူဝါဒ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များအပြင် ကုန်တင်ယာဉ်အားလုံး ရာနှုန်းပြည့်ကုန်ချစစ်ဆေးရန် မဖြစ်နိုင်သည့်အခြေအနေနှင့် လုံခြုံရေးအရ ကန့်သတ်ချက်များအပေါ် အခွင့်ကောင်းယူကာ ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုဆောင်ရွက်လိုသည့် ကုန်သည်လုပ်ငန်းရှင်များသည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအချို့ကို ချဉ်းကပ်ကာ စစ်ဆေးရေးစခန်းများကို ကျော်ဖြတ်ရန် ကြိုးပမ်းလာကြသည်ကိုလည်း ဖြစ်စဉ်များအရ တွေ့ရှိကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ထို့ကြောင့် စစ်ဆေးရန် တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများအနေဖြင့် တွေ့ကြုံရသည့်အခြေအနေများကို အနီးစပ်ဆုံး တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်များသို့လည်း အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြကာ တားဆီးအရေးယူရန် ဒုတပ်ချုပ်က တိုက်တွန်းထားသည်။
၎င်းအပြင် တရားမဝင်ကုန်စည်များနှင့်ပတ်သက်၍ ချက်ချင်းတားဆီးရန်မဖြစ်နိုင်သည့် အခြေအနေကြောင့် လွတ်သွားသော ယာဉ်များကို သက်ဆိုင်ရာနယ်မြေခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ တားဆီးအရေးယူသွားရန်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးပြောဆိုထားသည်။
ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ၌ တရားမဝင်ကုန်စည်များနှင့်ပတ်သက်၍ ဖမ်းဆီးရမိသည့်အမှုတွဲပေါင်းမှာ (၄၇၇)မှုရှိပြီး ခန့်မှန်းတန်းဖိုးအားဖြင့် ငွေကျပ် ၁၂ ဘီလျံကျော်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ဆိုသည်။
တရားမဝင်ကုန်စည်များဖမ်းဆီးရမိမှုတွင် ဖေဖော်ဝါရီလသည် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက အမှုတွဲ (၆၁)မှု ခန့်မှန်းတန်ဖိုး အားဖြင့် ငွေကျပ် ၄ ဒသမ ၆၃ ဘီလျံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version
တရားမဝင္ကုန္သြယ္လိုေသာ လုပ္ငန္းရွင္မ်ားမွ လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ကို ခ်ဥ္းကပ္ကာ စစ္ေဆးေရးဂိတ္မ်ားကို ေက်ာ္ျဖတ္ရန္ ႀကိဳးပမ္းေနဟု ဒုတပ္ခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - မတ္ ၃၀
တရားမဝင္ကုန္သြယ္လိုေသာ လုပ္ငန္းရွင္မ်ားမွ လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ကို ခ်ဥ္းကပ္ကာ စစ္ေဆးေရးဂိတ္မ်ားကို ေက်ာ္ျဖတ္ရန္ ႀကိဳးပမ္းမႈမ်ားရွိလာေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။
၎က မတ္လ ၂၉ ရက္တြင္ ေနျပည္ေတာ္၌ က်င္းပသည့္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
တရားမဝင္ကုန္သြယ္မႈမ်ားကို ေဆာင္႐ြက္ေနသူမ်ားသည္ ကုန္သြယ္မႈဆိုင္ရာမူဝါဒ၊ အမိန႔္၊ ၫႊန္ၾကားခ်က္ႏွင့္လုပ္ထုံးလုပ္နည္းမ်ား၏ အားနည္းခ်က္မ်ားအျပင္ ကုန္တင္ယာဥ္အားလုံး ရာႏႈန္းျပည့္ကုန္ခ်စစ္ေဆးရန္ မျဖစ္ႏိုင္သည့္အေျခအေနႏွင့္ လုံၿခဳံေရးအရ ကန႔္သတ္ခ်က္မ်ားအေပၚ အခြင့္ေကာင္းယူကာ က်ဴးလြန္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တရားမဝင္ကုန္သြယ္မႈေဆာင္႐ြက္လိုသည့္ ကုန္သည္လုပ္ငန္းရွင္မ်ားသည္ လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႕အစည္းအခ်ိဳ႕ကို ခ်ဥ္းကပ္ကာ စစ္ေဆးေရးစခန္းမ်ားကို ေက်ာ္ျဖတ္ရန္ ႀကိဳးပမ္းလာၾကသည္ကိုလည္း ျဖစ္စဥ္မ်ားအရ ေတြ႕ရွိေၾကာင္း နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။
ထို႔ေၾကာင့္ စစ္ေဆးရန္ တာဝန္ထမ္းေဆာင္ရသည့္ ဝန္ထမ္းမ်ားအေနျဖင့္ ေတြ႕ႀကဳံရသည့္အေျခအေနမ်ားကို အနီးစပ္ဆုံး တိုင္းႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ား၊ တိုင္းစစ္ဌာနခ်ဳပ္မ်ားသို႔လည္း အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းပို႔တင္ျပကာ တားဆီးအေရးယူရန္ ဒုတပ္ခ်ဳပ္က တိုက္တြန္းထားသည္။
၎အျပင္ တရားမဝင္ကုန္စည္မ်ားႏွင့္ပတ္သက္၍ ခ်က္ခ်င္းတားဆီးရန္မျဖစ္ႏိုင္သည့္ အေျခအေနေၾကာင့္ လြတ္သြားေသာ ယာဥ္မ်ားကို သက္ဆိုင္ရာနယ္ေျမခံအဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ကာ တားဆီးအေရးယူသြားရန္လည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက သတိေပးေျပာဆိုထားသည္။
ယခု ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ၌ တရားမဝင္ကုန္စည္မ်ားႏွင့္ပတ္သက္၍ ဖမ္းဆီးရမိသည့္အမႈတြဲေပါင္းမွာ (၄၇၇)မႈရွိၿပီး ခန႔္မွန္းတန္းဖိုးအားျဖင့္ ေငြက်ပ္ ၁၂ ဘီလ်ံေက်ာ္ရွိေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီက ဆိုသည္။
တရားမဝင္ကုန္စည္မ်ားဖမ္းဆီးရမိမႈတြင္ ေဖေဖာ္ဝါရီလသည္ ဇန္နဝါရီလႏွင့္ႏႈိင္းယွဥ္ပါက အမႈတြဲ (၆၁)မႈ ခန႔္မွန္းတန္ဖိုး အားျဖင့္ ေငြက်ပ္ ၄ ဒသမ ၆၃ ဘီလ်ံ ပိုမိုဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။