ထိုင်းအမျိုးသားပါတီအပါအဝင် ထိုင်းနိုင်ငံရေးပါတီများနဲ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ မှတ်ပုံတင်အမည်စာရင်တင်သွင်း

 388

ဂျန်ဇက် (NP News) - ဧပြီ ၃

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဦးဆောင်တဲ့ ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီရဲ့လွှတ် တော်ကိုယ်စားလှယ်လောင်းတွေဟာ ဧပြီလ ၃ ရက်မှာ လာမယ့်ရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ရွေးကောက်ခံကော်မရှင်ထံအမည်စာရင်း မှတ်ပုံတင်လိုက်ပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံတဝှမ်းရှိ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများဟာ ဧပြီလ ၃ ရက်မှာ City Hall 2 ခန်းမမှာ မေလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကိုယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ပါတီများ နဲ့ ကိုယ်စားလှယ်လောင်းများမှတ်ပုံတင်ခြင်းကို ဧပြီလ ၃ ရက်ကနေ ဧပြီလ ၈ ရက်အထိ လက်ခံပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရေးပါတီများဟာ မှတ်ပုံတင်အမည်စာရင်းတင်သွင်းဖို့ခွင့်ပြုထားတဲ့ ခန်းထဲကို ဧပြီလ ၃ ရက်မှာ စုရုံးရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။

ထိုင်းရွေးကောက်ပွဲကို လာမယ့် မေလ ၁၄ ရက်မှာကျင်းပမှာဖြစ်ရာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပီယာတွန်တန် ရှင်နာဝါထရာ ၊ Move Forward ပါတီခေါင်း ဆောင် Pita Limjaroenrat တို့နဲ့အကြိတ်အနှယ်ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်းသိရပါတယ်။ ပရာယွတ်ချန်အိုချာဟာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်အမည်စာရင်းတင်သွင်းချိန်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်ပရာဝစ်ဝေါင်ဆူဝမ်နဲ့အတူယှဉ်ပြိုင်နေခဲ့ပြီး ပြုံးပျော်နေရာ နှစ်ဦးကြားကောင်းမွန်တဲ့ ဆက်ဆံရေးများရှိနေကြောင်းသိရပါတယ်။ ချန်အိုချာဟာ အရင်က Palang Pracharath ပါတီမှာ ဝေါင်ဆူဝမ်နဲ့အတူ တာဝန်ယူခဲ့သူများဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ ညီညွတ်တဲ့ ထိုင်းအမျိုးသားပါတီကို ပြောင်းသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ပရာယွတ်ချန်အိုချာက "ကျွန်တော်နဲ့ဝေါင်ဆူဝမ်တို့ဟာ ပုံမှန်အတိုင်းဆွေးနွေးပြောခဲ့တယ်။ ကျွန်တော်တို့နှစ်ဦးက ပြိုင်ဘက်တွေမဟုတ်ဘူး၊ အလုပ်အတူတွဲလုပ်ခဲ့သူတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံရေးပါတီတွေမတူတော့ပါဘူး"လို့ပြောပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့သောစစ်တမ်းများထဲမှာ ချန်အိုချာနဲ့ ၎င်းရဲ့ပါတီဖြစ်တဲ့ ညီညွတ်သော ထိုင်းအမျိုးသားပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ Pita Limjaroenrat ဦးဆောင်သော Move Forward ပါတီ၊ သက်ဆင်ရဲ့သမီးဖြစ်သူဦးဆောင်နေသေ ာဖြူထိုင်းပါတီတို့နောက် တတိယရေပန်းအစားဆုံးဖြစ်နေကြောင်းသိရပါတယ်။

zawgyi version
ထိုင္းအမ်ိဳးသားပါတီအပါအဝင္ ထိုင္းႏိုင္ငံေရးပါတီမ်ားနဲ႔ကိုယ္စားလွယ္ေလာင္းမ်ား ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ဖို႔ မွတ္ပုံတင္အမည္စာရင္တင္သြင္း
ဂ်န္ဇက္ (NP News) - ဧၿပီ ၃

ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာဦးေဆာင္တဲ့ ညီၫြတ္တဲ့ထိုင္းအမ်ိဳးသားပါတီရဲ႕လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္းေတြဟာ ဧၿပီလ ၃ ရက္မွာ လာမယ့္ေ႐ြးေကာက္ပြဲကို ယွဥ္ၿပိဳင္ဖို႔ေ႐ြးေကာက္ခံေကာ္မရွင္ထံအမည္စာရင္း မွတ္ပုံတင္လိုက္ၿပီျဖစ္ပါတယ္။

ထိုင္းႏိုင္ငံတဝွမ္းရွိ ႏိုင္ငံေရးပါတီမ်ားနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားဟာ ဧၿပီလ ၃ ရက္မွာ City Hall 2 ခန္းမမွာ ေမလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲကိုယွဥ္ၿပိဳင္ဖို႔ မွတ္ပုံတင္ခဲ့ေၾကာင္း သိရပါတယ္။ ထိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္မယ့္ ပါတီမ်ား နဲ႔ ကိုယ္စားလွယ္ေလာင္းမ်ားမွတ္ပုံတင္ျခင္းကို ဧၿပီလ ၃ ရက္ကေန ဧၿပီလ ၈ ရက္အထိ လက္ခံေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ထိုင္းႏိုင္ငံေရးပါတီမ်ားဟာ မွတ္ပုံတင္အမည္စာရင္းတင္သြင္းဖို႔ခြင့္ျပဳထားတဲ့ ခန္းထဲကို ဧၿပီလ ၃ ရက္မွာ စု႐ုံးေရာက္ရွိလာခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းေ႐ြးေကာက္ပြဲကို လာမယ့္ ေမလ ၁၄ ရက္မွာက်င္းပမွာျဖစ္ရာ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူ ပီယာတြန္တန္ ရွင္နာဝါထရာ ၊ Move Forward ပါတီေခါင္း ေဆာင္ Pita Limjaroenrat တို႔နဲ႔အႀကိတ္အႏွယ္ယွဥ္ၿပိဳင္ရဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ပရာယြတ္ခ်န္အိုခ်ာဟာ ေ႐ြးေကာက္ပြဲဝင္ဖို႔ မွတ္ပုံတင္အမည္စာရင္းတင္သြင္းခ်ိန္မွာ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ပရာဝစ္ေဝါင္ဆူဝမ္နဲ႔အတူယွဥ္ၿပိဳင္ေနခဲ့ၿပီး ၿပဳံးေပ်ာ္ေနရာ ႏွစ္ဦးၾကားေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ားရွိေနေၾကာင္းသိရပါတယ္။ ခ်န္အိုခ်ာဟာ အရင္က Palang Pracharath ပါတီမွာ ေဝါင္ဆူဝမ္နဲ႔အတူ တာဝန္ယူခဲ့သူမ်ားျဖစ္ၿပီး ဒီႏွစ္အေစာပိုင္းမွာ ညီၫြတ္တဲ့ ထိုင္းအမ်ိဳးသားပါတီကို ေျပာင္းသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ပရာယြတ္ခ်န္အိုခ်ာက "ကြၽန္ေတာ္နဲ႔ေဝါင္ဆူဝမ္တို႔ဟာ ပုံမွန္အတိုင္းေဆြးေႏြးေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ႏွစ္ဦးက ၿပိဳင္ဘက္ေတြမဟုတ္ဘူး၊ အလုပ္အတူတြဲလုပ္ခဲ့သူေတြျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏိုင္ငံေရးပါတီေတြမတူေတာ့ပါဘူး"လို႔ေျပာပါတယ္။

ေနာက္ဆုံးျပဳလုပ္ခဲ့ေသာစစ္တမ္းမ်ားထဲမွာ ခ်န္အိုခ်ာနဲ႔ ၎ရဲ႕ပါတီျဖစ္တဲ့ ညီၫြတ္ေသာ ထိုင္းအမ်ိဳးသားပါတီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔ Pita Limjaroenrat ဦးေဆာင္ေသာ Move Forward ပါတီ၊ သက္ဆင္ရဲ႕သမီးျဖစ္သူဦးေဆာင္ေနေသ ာျဖဴထိုင္းပါတီတို႔ေနာက္ တတိယေရပန္းအစားဆုံးျဖစ္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.