သံဃာတစ်ပါး နှစ်ထပ်ကျောင်းဆောင်ပေါ်မှခုန်ချမှု မုဒုံမြို့တွင်ဖြစ်ပွား

 638

Pearl (NP News) - ဧပြီ ၅

မွန်ပြည်နယ်၊ မုဒုံမြို့၌ သံဃာတစ်ပါး နှစ်ထပ်ကျောင်းဆောင်ပေါ်မှခုန်ချမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၄ ရက်)၊ ည (၇)နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် ၊ မုဒုံမြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သံဃာတော်သည် စိတ်ကျန်းမာရေးချို့တဲ့နေသူဖြစ်ကြောင်း သိရသည်။

"ဟိုးအရင်ကတည်းက စိတ်ကျန်းမာရေးမကောင်းတာ၊ အခုက ဝရန်တာကနေ ခုန်ချတာ၊ အခုလိုလုပ်တာတော့ ဒါပထမဆုံးပဲ"ဟု ဒေသခံကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။

ကျောင်းဆောင်ပေါ်မှ ခုန်ချခဲ့သည့် ဆရာတော်သည် မုဒုံမြို့၊ အာသောကာရာမ(မွန်)ပရိယတ္တိစာသင်တိုက်ကျောင်းမှဖြစ်ပြီး သက်တော် (၃၅)နှစ်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ထိုသို့ ခုန်ချခဲ့မှုကြောင့် ၎င်းတွင် ခြေမျက်စိ အပါအဝင် ခါး၊ ကြောရိုးထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် မော်လမြိုင်ပြည်နယ်ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
သံဃာတစ္ပါး ႏွစ္ထပ္ေက်ာင္းေဆာင္ေပၚမွခုန္ခ်မႈ မုဒုံၿမိဳ႕တြင္ျဖစ္ပြား

Pearl (NP News) - ဧၿပီ ၅

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕၌ သံဃာတစ္ပါး ႏွစ္ထပ္ေက်ာင္းေဆာင္ေပၚမွခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံ ကယ္ဆယ္ေရးအဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၄ ရက္)၊ ည (၇)နာရီ အခ်ိန္ခန႔္တြင္ မြန္ျပည္နယ္ ၊ မုဒုံၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ သံဃာေတာ္သည္ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေနသူျဖစ္ေၾကာင္း သိရသည္။

"ဟိုးအရင္ကတည္းက စိတ္က်န္းမာေရးမေကာင္းတာ၊ အခုက ဝရန္တာကေန ခုန္ခ်တာ၊ အခုလိုလုပ္တာေတာ့ ဒါပထမဆုံးပဲ"ဟု ေဒသခံကယ္ဆယ္ေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။

ေက်ာင္းေဆာင္ေပၚမွ ခုန္ခ်ခဲ့သည့္ ဆရာေတာ္သည္ မုဒုံၿမိဳ႕၊ အာေသာကာရာမ(မြန္)ပရိယတၱိစာသင္တိုက္ေက်ာင္းမွျဖစ္ၿပီး သက္ေတာ္ (၃၅)ႏွစ္ဝန္းက်င္ခန႔္ရွိေၾကာင္း သိရသည္။

ထိုသို႔ ခုန္ခ်ခဲ့မႈေၾကာင့္ ၎တြင္ ေျခမ်က္စိ အပါအဝင္ ခါး၊ ေၾကာ႐ိုးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး လက္ရွိတြင္ ေမာ္လၿမိဳင္ျပည္နယ္ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.