စည်းကမ်းနှင့်လုပ်ထုံးလုပ်နည်း မလိုက်နာသော ဒုတိယခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးအပါအဝင် (၁၇)ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်

 5437

မျိုးကြီး (NP News) - ဧပြီ ၆

ဝန်ထမ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာသော ဒုတိယခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးအပါအဝင် (၁၇) ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း ဒုတိယခရိုင်တရားသူကြီးအပါအဝင် (၁၇)ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်ချုပ်၏ သတင်းအချက်အလက်များအရ သိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် လက်အောက်တရားရုံးများ၏ တရားစီရင်ရေးလုပ်ငန်းနှင့်တရားရုံးလုပ်ငန်းများ၊ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသော တရားသူကြီးများနှင့် ရုံးဝန်ထမ်းများ၏ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုများကို ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

ယခင်နှစ်အတွင်း တရားသူကြီးများ၊ ရုံးဝန်ထမ်းများနှင့်ပတ်သက်၍ ပြည်ထောင်စုတရား သူကြီးချုပ်ထံ လိပ်မူတိုင်ကြားမှုများအပါအဝင် နစကရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အခြားဝန်ကြီးဌာနများမှတစ်ဆင့်ပေးပို့သည့် တိုင်ကြားစာစုစုပေါင်း (၁၃၆၁) စောင်ရှိခဲ့ကြောင်း သိရသည်။

တရားသူကြီးများ၊ ရုံးဝန်ထမ်းများအား ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ် နည်းမလိုက်နာခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်းတို့အတွက် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆိုသည်။

ထို့ကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရား ရုံးအဆင့်ဆင့်ရှိ တရားရေးအရာရှိ/တရားသူကြီး (၁ဝ၂)ဦး၊ ရုံးဝန်ထမ်း (၄၉)ဦး စုစုပေါင်း (၁၅၁)ဦးတို့ကို ရာထူးအလိုက် ဝန်ထမ်းပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အရေးယူခဲ့ရာတွင် ဒုတိယညွှန်ကြားရေးမှူး (၁)ဦး၊ ဒုတိယခရိုင်တရားသူကြီး (၃)ဦး၊ မြို့နယ်တရားသူကြီး (၂)ဦး၊ တွဲဖက်မြို့နယ်တရားသူကြီး (၁)ဦး၊ ဦးစီးအရာရှိ (၁)ဦးနှင့် ဒုတိယမြို့နယ်တရားသူကြီး (၂)ဦး စုစုပေါင်း (၁ဝ)ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း တရားလွှတ်တော်ချုပ်က ဆိုသည်။

ဆက်လက်ပြီး မြို့နယ်တရားသူကြီး (၁၂)ဦးအပါအဝင် အခြားသောအရာရှိ (၉ဝ)ကျော်ကိုလည်း ကျင့်ဝတ်ပိုင်းသတိပေးခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးအဆင့်လျော့ချခြင်း၊ ဆုံးရှုံးမှုတန်ဖိုးပေးလျော်စေခြင်း၊ တာဝန်မှယာယီရပ်ဆိုင်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းတို့ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်ရှိ ရုံးဝန်ထမ်း (၄၉)ကိုလည်း ဝန်ထမ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းမလိုက်နာသည့်အတွက် အရေးယူအပြစ်ပေးမှုများရှိခဲ့ပြီး ၎င်းတို့အနက်မှ (၇)ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း တရားလွှတ်တော်ချုပ်၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ပြီးခဲ့သော ၂ဝ၂၁ ခုနှစ်အတွင်းကလည်း မြို့နယ်တရားသူကြီးအပါအဝင် (၃၄)ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

တရားမျှတမှုကို ဖော်ဆောင်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ အကျိုးသက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းပါဝင်မှသာလျှင် အောင်မြင်မှုရရှိနိုင်မည်ဟုလည်း ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးက တိုက်တွန်းပြောဆိုထားသည်။

zawgyi version
စည္းကမ္းႏွင့္လုပ္ထုံးလုပ္နည္း မလိုက္နာေသာ ဒုတိယခ႐ိုင္တရားသူႀကီး၊ ၿမိဳ႕နယ္တရားသူ ႀကီးအပါအဝင္ (၁၇)ဦးကို ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္

မ်ိဳးႀကီး (NP News) - ဧၿပီ ၆

ဝန္ထမ္းစည္းကမ္းႏွင့္ လုပ္ထုံးလုပ္နည္း မလိုက္နာေသာ ဒုတိယခ႐ိုင္တရားသူႀကီး၊ ၿမိဳ႕နယ္တရားသူႀကီးအပါအဝင္ (၁၇) ဦးကို ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္လိုက္ေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း ဒုတိယခ႐ိုင္တရားသူႀကီးအပါအဝင္ (၁၇)ဦးကို ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ခ်ဳပ္၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အေနျဖင့္ လက္ေအာက္တရား႐ုံးမ်ား၏ တရားစီရင္ေရးလုပ္ငန္းႏွင့္တရား႐ုံးလုပ္ငန္းမ်ား၊ တရား႐ုံးအဆင့္ဆင့္တြင္ တာဝန္ထမ္းေဆာင္ေနေသာ တရားသူႀကီးမ်ားႏွင့္ ႐ုံးဝန္ထမ္းမ်ား၏ က်င့္ဝတ္စည္းကမ္းလိုက္နာမႈမ်ားကို ႀကီးၾကပ္လ်က္ရွိေၾကာင္း သိရသည္။

ယခင္ႏွစ္အတြင္း တရားသူႀကီးမ်ား၊ ႐ုံးဝန္ထမ္းမ်ားႏွင့္ပတ္သက္၍ ျပည္ေထာင္စုတရား သူႀကီးခ်ဳပ္ထံ လိပ္မူတိုင္ၾကားမႈမ်ားအပါအဝင္ နစက႐ုံး၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ႏွင့္ အျခားဝန္ႀကီးဌာနမ်ားမွတစ္ဆင့္ေပးပို႔သည့္ တိုင္ၾကားစာစုစုေပါင္း (၁၃၆၁) ေစာင္ရွိခဲ့ေၾကာင္း သိရသည္။

တရားသူႀကီးမ်ား၊ ႐ုံးဝန္ထမ္းမ်ားအား ဝန္ထမ္းစည္းကမ္းေဖာက္ဖ်က္ျခင္း၊ လုပ္ထုံးလုပ္ နည္းမလိုက္နာျခင္း၊ စီမံခန႔္ခြဲမႈအားနည္းျခင္းတို႔အတြက္ အေရးယူေဆာင္႐ြက္မႈမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဆိုသည္။

ထို႔ေၾကာင့္ ၂ဝ၂၂ ခုႏွစ္အတြင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ႏွင့္ လက္ေအာက္တရား ႐ုံးအဆင့္ဆင့္ရွိ တရားေရးအရာရွိ/တရားသူႀကီး (၁ဝ၂)ဦး၊ ႐ုံးဝန္ထမ္း (၄၉)ဦး စုစုေပါင္း (၁၅၁)ဦးတို႔ကို ရာထူးအလိုက္ ဝန္ထမ္းျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ အေရးယူခဲ့ရာတြင္ ဒုတိယၫႊန္ၾကားေရးမႉး (၁)ဦး၊ ဒုတိယခ႐ိုင္တရားသူႀကီး (၃)ဦး၊ ၿမိဳ႕နယ္တရားသူႀကီး (၂)ဦး၊ တြဲဖက္ၿမိဳ႕နယ္တရားသူႀကီး (၁)ဦး၊ ဦးစီးအရာရွိ (၁)ဦးႏွင့္ ဒုတိယၿမိဳ႕နယ္တရားသူႀကီး (၂)ဦး စုစုေပါင္း (၁ဝ)ဦးကို ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ခဲ့ေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆိုသည္။

ဆက္လက္ၿပီး ၿမိဳ႕နယ္တရားသူႀကီး (၁၂)ဦးအပါအဝင္ အျခားေသာအရာရွိ (၉ဝ)ေက်ာ္ကိုလည္း က်င့္ဝတ္ပိုင္းသတိေပးျခင္း၊ ရာထူးတိုးရပ္ဆိုင္းျခင္း၊ ရာထူးအဆင့္ေလ်ာ့ခ်ျခင္း၊ ဆုံးရႈံးမႈတန္ဖိုးေပးေလ်ာ္ေစျခင္း၊ တာဝန္မွယာယီရပ္ဆိုင္ျခင္း၊ ရာထူးမွ ထုတ္ပယ္ျခင္းတို႔ျဖင့္ အေရးယူခဲ့ေၾကာင္း သိရသည္။

အလားတူ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ႏွင့္ လက္ေအာက္တရား႐ုံးအဆင့္ဆင့္ရွိ ႐ုံးဝန္ထမ္း (၄၉)ကိုလည္း ဝန္ထမ္း စည္းကမ္း၊ လုပ္ထုံးလုပ္နည္းမလိုက္နာသည့္အတြက္ အေရးယူအျပစ္ေပးမႈမ်ားရွိခဲ့ၿပီး ၎တို႔အနက္မွ (၇)ဦးကို ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္လိုက္ေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္အတြင္းကလည္း ၿမိဳ႕နယ္တရားသူႀကီးအပါအဝင္ (၃၄)ဦးကို ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ခဲ့ေၾကာင္း သိရသည္။

တရားမွ်တမႈကို ေဖာ္ေဆာင္ရာတြင္ တစ္ဦးေကာင္းတစ္ေယာက္ေကာင္းျဖင့္ ေဆာင္႐ြက္၍မရဘဲ အက်ိဳးသက္ဆိုင္သူအားလုံးမွ ဝိုင္းဝန္းပါဝင္မွသာလွ်င္ ေအာင္ျမင္မႈရရွိႏိုင္မည္ဟုလည္း ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ဦးထြန္းထြန္းဦးက တိုက္တြန္းေျပာဆိုထားသည္။

Picture

L Mone

06/04/2023 20:13

အကြီးစား တိုင်းပြည် သစ္စာဖောက်တွေ သိပ်များနေပါတယ်..လာဘ်ပေး လာဘ်ယူ မလုပ်လုပ်အောင်လုပ်ပြီး လူမျိူးရေးဘာသာရေးအစွန်းရောက်တွေကို နာနာဖိပြစ်ဖို့ တောင်းဆိုပါတယ်...။ထဲထဲဝင်ဝင် လူပါးဝနေကြတယ်...ဥပဒေဘွဲ့ကို အငမ်းမရ ယူပြီး ဗဟိုအစိုးရကို သစ္စာမဲ့နေကြတာကို စစစ မကိုင်တွယ်သေးဘူးဖြစ်နေတယ်...အားမရဘူးဗျာ

Picture

L Mone

06/04/2023 20:17

လူမျိုးရေး ဘာသာရေး အစွန်းရောက်အုပ်စုတွေကို နာနာဖိပြစ်ဖို့လည်းလိုအပ်နေသေးတယ်...။ဥပဒေဘွဲ့ကို မရရအောင်ယူပြီး ဗဟိုအစိုးရကိုဥပဒေကို နာမည်ဝိုင်းဖျက်ရင်း ဥပဒေဘွဲ့ကို လူတွေရွံ့မုန်းအောင်လုပ်နေကြတာ သိပ်များလွန်းသွားပါပြီ။

Picture

L Mone

06/04/2023 20:21

ရဲတွေကို မုန်းအောင်လုပ်နေကြတာဟာ ဥပဒေသမား ဖာခေါင်းအုပ်စု/လူမျိူးဘာသာ အစွန်းရောက်အုပ်စု တွေက ဗဟိုအစိုးရကို သစ္စာဖောက်ဖို့ ရည်ရွယ်ချက်ရှိရှိ လေးလေးနက်နက်ကြီး လုပ်နေကြတာပါ။ကြောက်စရာ သိပ်ကောင်းကြပါတယ်။ စစစ က ဥပဒေဘွဲ့သမားတွေကို သိပ်ညှာလွန်းနေတာ အန္တရာယ်ကြီးလွန်းနေပါတယ်..။

Related news

© 2021. All rights reserved.