ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် အသက် ၁၆ နှစ်အထက် ထိုင်းပြည်သူတိုင်းကို ငွေကြေးများပေးမယ်လို့ ဖြူထိုင်းပါတီ ကတိပြု

 622

ဂျန်ဇက် (NP News) - ဧပြီ ၈

ထိုင်းနာမည်ကျော် ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲမှာအနိုင်ရမယ်ဆိုရင် ထိုင်းပြည်သူတွေကို ငွေကြေးများ ပေးသွားမယ်ဆိုတဲ့ ကတိနဲ့ပတ်သက်ပြီး အငြင်းပွားမှုများမြင့်တက်လျက်ရှိနေကြောင်း ထိုင်းမီဒီယာတွေ က ဖော်ပြပါတယ်။

ဖြူထိုင်းပါတီက လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် အသက် ၁၆ နှစ်အရွယ်ရှိ ထိုင်းပြည်သူတိုင်းကို ငွေကြေးများ ပေးသွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။ ဧပြီ ၅ ရက်က ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေးပွဲအတွင်း ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အခြေအနေမျိုး နဲ့ မဲဆန္ဒနယ် နေရာအများအပြားမှာ အနိုင်ရခဲ့မယ်ဆိုရင် အသက် ၁၆ နှစ်နဲ့အထက် ပြည်သူတစ်ဦးကို အနည်းဆုံး ထိုင်းဘတ် ၁ သောင်း ပေးသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါ တယ်။

ဒါဟာ အသက် ၁၆ နှစ်အထက် ထိုင်းပြည်သူများကို ငွေကြေးပေးမယ့်အစီအစဉ်က နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်မယ့်အစိတ်အပိုင်းတွေထဲမှာ ပါဝင်ကြောင်း ဖြူထိုင်းပါတီ က ပြောပါတယ်။

ဖြူထိုင်း ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Ms. Paetongtarn Shinawatra က ၎င်းတို့ပါတီအနေနဲ့ ရွေးကောက် ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် ထိုင်းနိုင်ငံကို အာဆီယံဒေသအတွင်းမှာ နည်းပညာကနေ ငွေကြေး အများအပြားရယူနိုင်တဲ့ နိုင်ငံမျိုးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူဟာ လက်ရှိအချိန်မှာ အသက် ၃၅ နှစ်ကျော်သာရှိပေမယ့် လည်း လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ ထိုင်းဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Waiwit Thongthongkham က လူတိုင်းဟာ ငွေကြေးရမှာဖြစ်တဲ့အတွက် ပျော်ရွှင်ကျေနပ်မှာဖြစ်ပြီး အထူးသဖြင့် ဝင်ငွေနည်းပြည်သူအတွက် ကျေနပ်စရာဖြစ်စေနိုင်ကြောင်း၊ ဒါပေမယ့်လည်း အဲဒီပေးမယ့်ငွေကြေးများကို ဘယ်နေရာက ရမလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဆိုပါတယ်။

ဖြူထိုင်းပါတီရဲ့ဘတ်ဂျက်ငွေဟာ အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးမျိုးသာဖြစ်လာနိုင်ပြီး ပြည်သူပိုက်ဆံကို ပြည်သူတွေထံ ပြန်ပေးမယ့်သဘောမျိုးဖြစ်နေကြောင်း ဆိုပါတယ်။

Zawgyi Version;
ေ႐ြးေကာက္ပြဲမွာ အႏိုင္ရမယ္ဆိုရင္ အသက္ ၁၆ ႏွစ္အထက္ ထိုင္းျပည္သူတိုင္းကို ေငြေၾကးမ်ားေပးမယ္လို႔ ျဖဴထိုင္းပါတီ ကတိျပဳ
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

ထိုင္းနာမည္ေက်ာ္ ျဖဴထိုင္းပါတီဟာ ေ႐ြးေကာက္ပြဲမွာအႏိုင္ရမယ္ဆိုရင္ ထိုင္းျပည္သူေတြကို ေငြေၾကးမ်ား ေပးသြားမယ္ဆိုတဲ့ ကတိနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျမင့္တက္လ်က္ရွိေနေၾကာင္း ထိုင္းမီဒီယာေတြ က ေဖာ္ျပပါတယ္။

ျဖဴထိုင္းပါတီက လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရမယ္ဆိုရင္ အသက္ ၁၆ ႏွစ္အ႐ြယ္ရွိ ထိုင္းျပည္သူတိုင္းကို ေငြေၾကးမ်ား ေပးသြားမွာျဖစ္တယ္လို႔ ကတိျပဳခဲ့ပါတယ္။ ဧၿပီ ၅ ရက္က ျပဳလုပ္တဲ့ မဲဆြယ္စည္း႐ုံးေရးပြဲအတြင္း ေ႐ြးေကာက္ပြဲမွာ အစိုးရဖြဲ႕ႏိုင္တဲ့အေျခအေနမ်ိဳး နဲ႔ မဲဆႏၵနယ္ ေနရာအမ်ားအျပားမွာ အႏိုင္ရခဲ့မယ္ဆိုရင္ အသက္ ၁၆ ႏွစ္နဲ႔အထက္ ျပည္သူတစ္ဦးကို အနည္းဆုံး ထိုင္းဘတ္ ၁ ေသာင္း ေပးသြားမွာျဖစ္တယ္လို႔ ဆိုခဲ့ပါ တယ္။

ဒါဟာ အသက္ ၁၆ ႏွစ္အထက္ ထိုင္းျပည္သူမ်ားကို ေငြေၾကးေပးမယ့္အစီအစဥ္က ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေရး လုပ္ေဆာင္မယ့္အစိတ္အပိုင္းေတြထဲမွာ ပါဝင္ေၾကာင္း ျဖဴထိုင္းပါတီ က ေျပာပါတယ္။

ျဖဴထိုင္း ပါတီေခါင္းေဆာင္တစ္ဦးျဖစ္သူ Ms. Paetongtarn Shinawatra က ၎တို႔ပါတီအေနနဲ႔ ေ႐ြးေကာက္ ပြဲမွာ အႏိုင္ရၿပီး အစိုးရဖြဲ႕ႏိုင္မယ္ဆိုရင္ ထိုင္းႏိုင္ငံကို အာဆီယံေဒသအတြင္းမွာ နည္းပညာကေန ေငြေၾကး အမ်ားအျပားရယူႏိုင္တဲ့ ႏိုင္ငံမ်ိဳးျဖစ္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူဟာ လက္ရွိအခ်ိန္မွာ အသက္ ၃၅ ႏွစ္ေက်ာ္သာရွိေပမယ့္ လည္း လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာနဲ႔ အဓိက ယွဥ္ၿပိဳင္ရဖြယ္ရွိေနပါတယ္။ ထိုင္းဘဏ္လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ Waiwit Thongthongkham က လူတိုင္းဟာ ေငြေၾကးရမွာျဖစ္တဲ့အတြက္ ေပ်ာ္႐ႊင္ေက်နပ္မွာျဖစ္ၿပီး အထူးသျဖင့္ ဝင္ေငြနည္းျပည္သူအတြက္ ေက်နပ္စရာျဖစ္ေစႏိုင္ေၾကာင္း၊ ဒါေပမယ့္လည္း အဲဒီေပးမယ့္ေငြေၾကးမ်ားကို ဘယ္ေနရာက ရမလဲဆိုတာက ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း ဆိုပါတယ္။

ျဖဴထိုင္းပါတီရဲ႕ဘတ္ဂ်က္ေငြဟာ အခြန္ထမ္းျပည္သူေတြရဲ႕ေငြေၾကးမ်ိဳးသာျဖစ္လာႏိုင္ၿပီး ျပည္သူပိုက္ဆံကို ျပည္သူေတြထံ ျပန္ေပးမယ့္သေဘာမ်ိဳးျဖစ္ေနေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.