ခရီးသည်(၉ဝဝ)နီးပါး လိုက်ပါလာသည့် ရန်ကုန်-မော်လမြိုင် အမြန်ရထား အတွဲ(၄)တွဲပြတ်ကာ လမ်းချော်မှုဖြစ်

 1396

ယွန်း (NP News) - ဧပြီ ၉

ခရီးသည် (၉ဝဝ)နီးပါး လိုက်ပါလာသည့် ရန်ကုန်-မော်လမြိုင် အမြန်ရထား အတွဲ(၄)တွဲပြတ်ကာ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ဧပြီလ(၈)ရက်၊ နေ့လည်(၂)နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် ကျိုက္ကသာဘူတာနှင့် ကျိုက်ထိုဘူတာ လမ်းပိုင်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် အမှတ်(၈၉) အဆန်အမြန်ရထားသည် ကျိုက္ကသာဘူတာနှင့် ကျိုက်ထိုဘူတာ လမ်းပိုင်းကြားတွင် မတော်တဆမှုကြောင့် အတွဲ(၄)တွဲ လမ်းချော်ကျခဲ့ပြီး မော်လမြိုင်ဘူတာကြီးသို့ အဝင်နောက်ကျခဲ့ကြောင်း သိရသည်။

အဆိုပါရထားတွင် တွဲပေါင်း(၁၃)တွဲ‌ ပါဝင်ပြီး အထက်တန်းတွဲတွင် ခရီးသည်(၁၅၁)ဦးနှင့် ရိုးရိုးတန်းတွဲတွင် ခရီးသည်(၇၂၃)ဦး စုစု‌ပေါင်း ခရီးသည်(၈၇၄)ဦး လိုက်ပါလာကြောင်း သိရသည်။

“ဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ စစ်ဆေးနေတုန်းပါပဲ။ လမ်းမကောင်းတာလား၊ တွဲမကောင်းတာလားကို စစ်နေတုန်းပါပဲ။ တွဲက နှစ်ပိုင်းပြတ်သွားတာပေါ့။ အနောက်မှာကျန်ခဲ့တာက တွဲတစ်ဆိုင်း၊ ရှေ့မှာက တစ်ဆိုင်းဖြစ်သွားတယ်။ နောက်မှာ ကျန်ခဲ့တဲ့တွဲဆိုင်းတွေ မှာလည်း ခရီးသည်တွေရှိတယ်လေ။ အဲဒီတော့ ကျွန်တော်တို့က ရှေ့ကတစ်ဆိုင်းနဲ့ပေါင်းပြီး မော်လမြိုင်ကို ဆက်ပြီးထွက်လာတယ်။ တချို့ကလည်း သူ့အစီအစဥ်နဲ့ပြန်တာလည်းရှိတယ်” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိကြောင်း သိရပြီး၊ ဖြစ်စဥ်အား စစ်ဆေးလျက်ရှိကြောင်း ၎င်းမှ ဆိုသည်။

လက်ရှိတွင် မော်လမြိုင်- ရန်ကုန် လေအိတ်ရထားနှင့် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာမှ ပုံမှန်အတိုင်း ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

၎င်းဖြစ်စဥ်နှင့်ပတ်သက်ပြီး လူမှုကွန်ယက်အချို့တွင် ရထားတိမ်းမှောက်ခဲ့သည်ဟု တွေ့မြင်နေရပြီး အဆိုပါသတင်းများမှာ သတင်းအမှားများသာဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ခရီးသည္(၉ဝဝ)နီးပါး လိုက္ပါလာသည့္ ရန္ကုန္-ေမာ္လၿမိဳင္ အျမန္ရထား အတြဲ(၄)တြဲျပတ္ကာ လမ္းေခ်ာ္မႈျဖစ္
ယြန္း (NP News) - ဧၿပီ ၉

ခရီးသည္ (၉ဝဝ)နီးပါး လိုက္ပါလာသည့္ ရန္ကုန္-ေမာ္လၿမိဳင္ အျမန္ရထား အတြဲ(၄)တြဲျပတ္ကာ လမ္းေခ်ာ္မႈျဖစ္ပြားခဲ့ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဧၿပီလ(၈)ရက္၊ ေန႔လည္(၂)နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ က်ိဳကၠသာဘူတာႏွင့္ က်ိဳက္ထိုဘူတာ လမ္းပိုင္းၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္-ေမာ္လၿမိဳင္ အမွတ္(၈၉) အဆန္အျမန္ရထားသည္ က်ိဳကၠသာဘူတာႏွင့္ က်ိဳက္ထိုဘူတာ လမ္းပိုင္းၾကားတြင္ မေတာ္တဆမႈေၾကာင့္ အတြဲ(၄)တြဲ လမ္းေခ်ာ္က်ခဲ့ၿပီး ေမာ္လၿမိဳင္ဘူတာႀကီးသို႔ အဝင္ေနာက္က်ခဲ့ေၾကာင္း သိရသည္။

အဆိုပါရထားတြင္ တြဲေပါင္း(၁၃)တြဲ‌ ပါဝင္ၿပီး အထက္တန္းတြဲတြင္ ခရီးသည္(၁၅၁)ဦးႏွင့္ ႐ိုး႐ိုးတန္းတြဲတြင္ ခရီးသည္(၇၂၃)ဦး စုစု‌ေပါင္း ခရီးသည္(၈၇၄)ဦး လိုက္ပါလာေၾကာင္း သိရသည္။

“ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ စစ္ေဆးေနတုန္းပါပဲ။ လမ္းမေကာင္းတာလား၊ တြဲမေကာင္းတာလားကို စစ္ေနတုန္းပါပဲ။ တြဲက ႏွစ္ပိုင္းျပတ္သြားတာေပါ့။ အေနာက္မွာက်န္ခဲ့တာက တြဲတစ္ဆိုင္း၊ ေရွ႕မွာက တစ္ဆိုင္းျဖစ္သြားတယ္။ ေနာက္မွာ က်န္ခဲ့တဲ့တြဲဆိုင္းေတြ မွာလည္း ခရီးသည္ေတြရွိတယ္ေလ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ေရွ႕ကတစ္ဆိုင္းနဲ႔ေပါင္းၿပီး ေမာ္လၿမိဳင္ကို ဆက္ၿပီးထြက္လာတယ္။ တခ်ိဳ႕ကလည္း သူ႔အစီအစဥ္နဲ႔ျပန္တာလည္းရွိတယ္” ဟု ေမာ္လၿမိဳင္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမရွိေၾကာင္း သိရၿပီး၊ ျဖစ္စဥ္အား စစ္ေဆးလ်က္ရွိေၾကာင္း ၎မွ ဆိုသည္။

လက္ရွိတြင္ ေမာ္လၿမိဳင္- ရန္ကုန္ ေလအိတ္ရထားႏွင့္ ေမာ္လၿမိဳင္-ရန္ကုန္ ရထားသည္ ေမာ္လၿမိဳင္ဘူတာမွ ပုံမွန္အတိုင္း ျပန္လည္ထြက္ခြာသြားၿပီျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

၎ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လူမႈကြန္ယက္အခ်ိဳ႕တြင္ ရထားတိမ္းေမွာက္ခဲ့သည္ဟု ေတြ႕ျမင္ေနရၿပီး အဆိုပါသတင္းမ်ားမွာ သတင္းအမွားမ်ားသာျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.