မန်ယူအသင်းက အသင်းကို ပြုပြင်ပြောင်းလဲရန် ကစားသမား(၁၃)ဦးထိ ရောင်းချမည်

 760

Pika (NP News) - ဧပြီ ၁၁

မန်ယူအသင်းနည်းပြတန်ဟက်သည် အသင်း၏ပုံစံကို ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ဆောင်လျက်ရှိနေရာ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းကိုအကောင်းဆုံးပုံစံဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရန် စီစဥ်နေကြောင်း သိရသည်။

လက်ရှိရာသီကုန်ဆုံးသည့်အချိန်တွင် မန်ယူအသင်းသည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို အာရုံစိုက် လာနိုင်ဖွယ်ရှိနေသည်။ မန်ယူအသင်းအနေဖြင့် ရာသီကုန်ချိန်တွင် ကစားသမား(၁၃)ဦးအထိ ရောင်းချရန် စီစဥ် ထားကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ကစားသမား(၈)ဦးကို ရောင်းချခဲ့သော်လည်း ပေါ့ဘာကဲ့သို့‌သော ကြယ်ပွင့်ကစားသမားများကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့်ပြုခဲ့ရသလို အချို့ကစားသမားများကို ဈေးပေါပေါဖြင့် ရောင်းချခဲ့ရခြင်းကြောင့် ပေါင်(၁ဝ) သန်းကျော်သာ ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။

အသင်းပေါင်း (၁၂)သင်းကျော်သည် အန်တိုနီအယ်လန်ဂါကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး ၎င်းသည် မန်ယူ အသင်းမှ ထွက်ခွာရန် စိတ်အားထက်သန်နေကြောင်း သိရသည်။ တောင်ပံကစားသမား အန်တိုနီအယ်လန်ဂါ သည် မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် (၂၄)ပွဲသာ ကစားထားပြီး ပရီးမီးယားလိဂ်တွင် (၅)ပွဲသာ ပါဝင် ကစားထားကြောင်း သိရသည်။

အဲရစ်ဘိုင်လီသည် မန်ယူအသင်းမှ အပြီးထွက်ခွာရန် မျှော်လင့်ထားသော်လည်း အငှားစာချုပ်ဖြင့် ကစားနေ သော မားဆေးလ်အသင်းထံသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း သိရသည်။ မန်ယူအသင်းသည် လက်ရှိအချိန် အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၂၉)ပွဲကစားထားပြီး ပြောင်းရွှေ့ကြေးပေါင်(၅)သန်းပေးထားရသော ကစားသမား အဲရစ်ဘိုင်လီကို ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ အေရွန်ဝမ်ဘီဆာကာ၊ အဲလက်တဲလ်စ်၊ ဒွန်နီဗန်ဒီဘိခ်၊ ဘရန်ဒန်ဝီလျံ နှင့် အန်သိုနီမာရှယ်တို့ကို ရောင်းချခြင်း ရှိ/မရှိ ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။ တောင်ပံကစားသမား ဒီယာလိုသည် ဆန်ဒါးလန်းအသင်းတွင် အငှားစာချုပ်ဖြင့် ကစားရသည်ကို သဘောကျ နေခဲ့ပြီး လူငယ်ကစားသမား ပယ်လစ်စထရီ သည် မန်ယူအသင်းနှင့်စာချုပ်သစ်ချုပ်ဆိုပြီးပါက အငှားစာချုပ် ဖြင့် ပြောင်းရွှေ့နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
မန္ယူအသင္းက အသင္းကို ျပဳျပင္ေျပာင္းလဲရန္ ကစားသမား(၁၃)ဦးထိ ေရာင္းခ်မည္
Pika (NP News) - ဧၿပီ ၁၁

မန္ယူအသင္းနည္းျပတန္ဟက္သည္ အသင္း၏ပုံစံကို ျပဳျပင္ေျပာင္းလဲမႈမ်ား ဆက္လုပ္ေဆာင္လ်က္ရွိေနရာ လာမည့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ အသင္းကိုအေကာင္းဆုံးပုံစံျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲမႈမ်ား ဆက္လက္လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

လက္ရွိရာသီကုန္ဆုံးသည့္အခ်ိန္တြင္ မန္ယူအသင္းသည္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကို အာ႐ုံစိုက္ လာႏိုင္ဖြယ္ရွိေနသည္။ မန္ယူအသင္းအေနျဖင့္ ရာသီကုန္ခ်ိန္တြင္ ကစားသမား(၁၃)ဦးအထိ ေရာင္းခ်ရန္ စီစဥ္ ထားေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။

မန္ယူအသင္းသည္ ၿပီးခဲ့သည့္ရာသီတြင္ ကစားသမား(၈)ဦးကို ေရာင္းခ်ခဲ့ေသာ္လည္း ေပါ့ဘာကဲ့သို႔‌ေသာ ၾကယ္ပြင့္ကစားသမားမ်ားကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕ခြင့္ျပဳခဲ့ရသလို အခ်ိဳ႕ကစားသမားမ်ားကို ေဈးေပါေပါျဖင့္ ေရာင္းခ်ခဲ့ရျခင္းေၾကာင့္ ေပါင္(၁ဝ) သန္းေက်ာ္သာ ျပန္လည္ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။

အသင္းေပါင္း (၁၂)သင္းေက်ာ္သည္ အန္တိုနီအယ္လန္ဂါကို ေခၚယူရန္စိတ္ဝင္စားေနၿပီး ၎သည္ မန္ယူ အသင္းမွ ထြက္ခြာရန္ စိတ္အားထက္သန္ေနေၾကာင္း သိရသည္။ ေတာင္ပံကစားသမား အန္တိုနီအယ္လန္ဂါ သည္ မန္ယူအသင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္တြင္ (၂၄)ပြဲသာ ကစားထားၿပီး ပရီးမီးယားလိဂ္တြင္ (၅)ပြဲသာ ပါဝင္ ကစားထားေၾကာင္း သိရသည္။

အဲရစ္ဘိုင္လီသည္ မန္ယူအသင္းမွ အၿပီးထြက္ခြာရန္ ေမွ်ာ္လင့္ထားေသာ္လည္း အငွားစာခ်ဳပ္ျဖင့္ ကစားေန ေသာ မားေဆးလ္အသင္းထံသို႔ ေျပာင္းေ႐ႊ႕မည္မဟုတ္ေၾကာင္း သိရသည္။ မန္ယူအသင္းသည္ လက္ရွိအခ်ိန္ အထိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ (၂၉)ပြဲကစားထားၿပီး ေျပာင္းေ႐ႊ႕ေၾကးေပါင္(၅)သန္းေပးထားရေသာ ကစားသမား အဲရစ္ဘိုင္လီကို ေရာင္းထုတ္ရန္ ဆႏၵရွိေနေၾကာင္း သိရသည္။

မန္ယူအသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား၊ ေအ႐ြန္ဝမ္ဘီဆာကာ၊ အဲလက္တဲလ္စ္၊ ဒြန္နီဗန္ဒီဘိခ္၊ ဘရန္ဒန္ဝီလ်ံ ႏွင့္ အန္သိုနီမာရွယ္တို႔ကို ေရာင္းခ်ျခင္း ရွိ/မရွိ ကို မဆုံးျဖတ္ရေသးေၾကာင္း သိရသည္။ ေတာင္ပံကစားသမား ဒီယာလိုသည္ ဆန္ဒါးလန္းအသင္းတြင္ အငွားစာခ်ဳပ္ျဖင့္ ကစားရသည္ကို သေဘာက် ေနခဲ့ၿပီး လူငယ္ကစားသမား ပယ္လစ္စထရီ သည္ မန္ယူအသင္းႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးပါက အငွားစာခ်ဳပ္ ျဖင့္ ေျပာင္းေ႐ႊ႕ႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.