ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေး ကူမင်းမြို့မှာ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်ဆွေးနွေး

 691

Htay Oung (NP News) - ဧပြီ ၁၉

မကြာသေးမီက တရုတ်နိုင်ငံနဲ့ဆွေးနွေးခဲ့ရာမှာ ဒုက္ခသည်ဘင်္ဂါလီတို့ဟာ သူတို့ရဲ့ မူလဇာတ်ိ မြန်မာနိုင်ငံကို နေရပ် ပြန်ရေး စတင်ဖို့ အသိအမှတ်ပြုကြာင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး ဒေါက်တာ_ အေ ကေ_ အဗ္ဗဒူလ်_ မိုမန်က သူ့ရဲ့မျှော်လင့်ချက်ကို အင်္ဂါနေ့မှာ ထပ်လောင်းပြောဆိုတယ်လို့ Dhaka Tribune က ယမန်နေ့ ရေးသားခဲ့ ပါတယ်။

“တရုတ်အထူးသံတမန်က ဂါရဝပြုတွေ့ဆုံလာပါတယ်။ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေးကိစ္စကို ဆွေးနွေးခဲ့ကြ တယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ကြရေး မျှော်လင့်ပါတယ်” လို့ မကြာသေးမီက တရုတ် အထူးသံတမန် တိန့်ရှီကျွန်ကို တွေ့ဆုံမှုကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်များကို မိုမန်က ပြန်လည်ဖြေဆိုခဲ့ပါ တယ်။

ဒုက္ခသည်နေရပ်ပြန်ရေး အဆင်ပြေချောမွေ့စေဖို့ အတော်များများ လုပ်ဆောင်နေကြောင်း၊ "သူတို့ (တရုတ်) က အလွန်ကောင်းမွန်တဲ့ အစပျိုးမှုကို ချပေးထားပြီး လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးနေတယ်လို့ ပြောရ ပါလိမ့်မယ်” နေရပ်ပြန်ရေး စတင်နိုင်မယ့် အချိန်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ “တကယ်ပြန်ကြတဲ့ အခါကျမှပဲ ပြောနိုင်ပါလိမ့်မယ်” “နေရပ်ပြန်ရေး အရင် ၂ ကြိမ် ကြိုးစားခဲ့ဖူးပါတယ်” “အားလုံး အချည်းနှီးဖြစ်ခဲ့ရပါတယ်” ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြားဆွေးနွေးမှု အဆင်ပြေချောမောစေဖို့ တရုတ်ဘက်က ကူညီဆောင်ရွက်ပေးပြီး ဒုက္ခသည်များ နေရပ်ပြန်နိုင်လိမ်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။

စောစောပိုင်း တရုတ်အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဒုက္ခသည်များ နေရပ်ပြန်ရေးဆိုင်ရာ ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် (ဧပြီ ၁၈ ရက်) အင်္ဂါနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေးတက်ရောက်ဖို့ ကူ မင်းမြို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အကြီးတန်းအတွင်းဝန်ဖြစ်သူ မာဆွတ်_ဘင်_မိုမန် သွားရောက်ခဲ့ ကြောင်း သံတမန်သတင်းရင်းမြစ် အများအပြားထံမှ သိရှိရပါတယ်။

ရှေ့ပြေးပရောဂျက်ကို လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က စတင်လုပ်ဆောင်ခဲ့ပြီး ကနဦး ပြန်ပို့မယ့် ဒုက္ခသည် ၁,ဝဝဝ ကျော် စာရင်းကို စိစစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီအတောအတွင်း ဒီနှစ်စောစောပိုင်း ကော့ခ်ဘဇားကို မြန်မာ ကိုယ်စားလှယ်အဖွဲ့သွားရောက်ခဲ့ပြီး နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လတုန်းက မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်သံအမတ် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ သံတမန်တွေကို ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အခြေခံအဆောက်အဦအမျိုးမျိုးတို့ကို ပြသခဲ့ ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာဘက်က သူတို့ပေးခဲ့တဲ့ ကတိအတိုင်း တည်သင့်တယ်လို့ စောစောပိုင်း နိုင်ငံခြားရေး၀န်ကြီးက ပြောခဲ့ဖူးပါတယ်။ မြန်မာဘက်က အာမခံထားပေမယ့် လွန်ခဲ့တဲ့ နှစ်များ အတွင်း လူတစ်ယောက်မျှ ပြန်မယူခဲ့ကြောင်း ရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကော့ခ်ဘဇားနဲ့ ဘာဆန်ချာကျွန်းတို့မှာ ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းကျော်ကို လက်ခံပေး ထားရပါတယ်။

(တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည်ဆိုသူများကို မြန်မာဘက်က တစ်ယောက်မျှ ပြန်မခေါ်ခဲ့ခြင်း မဟုတ်ပါ။ NLD အစိုးရလက်ထက်တွင် ဒုက္ခသည်များ နေရပ်ပြန်ရေး ၂ ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့ဖူးကြောင်း တွေ့ရှိရပါတယ်။)

“ရိုဟင်ဂျာ” အမည်ဖြင့် တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ပေးရေး၊ (ကျွန်တော်များကဲ့သို့ ပန်းရောင်) နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးမှသာလျှင် ပြန်လာကြမယ်လို့ ဒုက္ခသည်ဘင်္ဂါလီတို့က အကျပ်ကိုင်တဲ့ သဘောပြောဆိုပြီး ပြန်မလာကြခြင်းသာဖြစ်ပါတယ်။ ထို့ပြင် ရေရှည်တည်တန့်တဲ့ နေရပ်ပြန်ရေးအတွက်လို့ ဆိုကာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ “လေယာဉ် မပျံသန်းရ” Safe Zone သတ်မှတ်ပေးရေး၊ တူရကီနိုင်ငံက ဦးဆောင်လျက် နိုင်ငံတကာ တပ်များဖြင့် ကာကွယ်စောင့်ရှောက်ပေးရေးအထိ ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံရေးသဘောပါဝင်တဲ့ အထက်ပါတောင်းဆိုချက်များကို မြန်မာအစိုးရဘက်က ပယ်ချခဲ့ပြီး နှစ်ကြိမ်စလုံးမှာ နေရပ်ပြန်သူ တစ်ယောက်မျှ မရှိခဲ့ပါ။ ဒုက္ခသည်အများစုမှာ နေရပ်ပြန်လိုလျက်ရှိကြောင်း ကုလသမဂ္ဂကိုယ်တိုင် ပြောဆိုခဲ့ပြီး ARSA အကြမ်းဖက်အဖွဲ့က စခန်းအတွင်း ခြိမ်းခြောက်လျှက်ရှိကြောင်းလည်း မှတ်ချက်ပေးခဲ့ကြပါ သည်။ လေးဦး - ဆယ်ဦး စသည်ဖြင့် ပြန်လာသူ အနည်းငယ်ရှိပေမယ့်လည်း ၄င်းတို့မှာ တရားမဝင် လို့ ဒါကာက ငြင်းဆိုပါတယ်။

“မြန်မာနိုင်ငံ ဇာတိဖွားရိုဟင်ဂျာ” ဆိုသူများဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ၄င်းတို့သတင်းစာများက မည်သို့ ပင် ပြောဆိုရေးသားစေကာမူ၊ ၄င်းလူမျိုးအမည်မှာ မြန်မာသမိုင်းမှတ်တမ်းမှာ လုံးဝ မရှိခဲ့ကြောင်း မြန်မာဘက်က ပယ်ချမြဲ ပယ်ချလျက်ရှိပါတယ်။

(၁) မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးကြောင်း အထောက်အထား ပြသနိုင်သူ၊ (၂) မြန်မာ့ရေမြေအတွင်း အကြမ်းဖက်မှု များမှာ ပါဝင်ပတ်သက်ခဲ့ဖူခြင်း မရှိသူတို့ကိုသာလျှင် ပြန်လည်လက်ခံမယ်လို့ နေပြည်တော်က အကြိမ်ကြိမ် ပြော ဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့တဲ့ နေရပ်ပြန်လိုသူ ဒုက္ခသည်စာရင်းကိုလည်း အထက်ပါအချက်များ အပေါ်အခြေခံပြီး စစ်ဆေးအတည်ပြုခဲ့ကြောင်း သိရှိရပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်သွားခြင်းမရှိသူ (တစ်နည်းအားဖြင့်) မြန်မာနိုင်ငံက ပြန်လည်လက်ခံနိုင်ခြင်း မရှိသူ တစ်ဖက်နိုင်ငံရောက် ဘင်္ဂါလီတို့ရဲ့ ကံကြမ္မာမှာ မည်သို့မည်ပုံဖြစ်လာနိုင်ကြောင်း စိတ်၀င်စားဖွယ် တွေ့ရှိနေရပါ တယ်။ သတင်းဘာသာပြန်သူ)

#ဒုက္ခသည်များနေရပ်ပြန်ရေး_မြန်မာကိုယ်စားလှယ်အဖွဲ့ #ကူမင်းမြို့သုံးပွင့်ဆိုင်ဆွေးနွေးပွဲ #မာဆွတ်ဘင်မိုမန် #ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန် #ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးဋ္ဌာန #နေပြည်တော်

(Dhaka Triune., 18 April 2023,” Dhaka sees hope for Rohingya repatriation in latest Beijing initiative” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဒုကၡသည္ဘဂၤါလီမ်ား ေနရပ္ျပန္ေရး ကူမင္းၿမိဳ႕မွာ ျမန္မာ-တ႐ုတ္-ဘဂၤလားေဒ့ရွ္ သုံးပြင့္ဆိုင္ေဆြးေႏြး
Htay Oung (NP News) - ဧၿပီ ၁၉

မၾကာေသးမီက တ႐ုတ္ႏိုင္ငံနဲ႔ေဆြးေႏြးခဲ့ရာမွာ ဒုကၡသည္ဘဂၤါလီတို႔ဟာ သူတို႔ရဲ႕ မူလဇာတ္ိ ျမန္မာႏိုင္ငံကို ေနရပ္ ျပန္ေရး စတင္ဖို႔ အသိအမွတ္ျပဳၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ႀကီး ေဒါက္တာ_ ေအ ေက_ အဗၺဒူလ္_ မိုမန္က သူ႔ရဲ႕ေမွ်ာ္လင့္ခ်က္ကို အဂၤါေန႔မွာ ထပ္ေလာင္းေျပာဆိုတယ္လို႔ Dhaka Tribune က ယမန္ေန႔ ေရးသားခဲ့ ပါတယ္။

“တ႐ုတ္အထူးသံတမန္က ဂါရဝျပဳေတြ႕ဆုံလာပါတယ္။ ဒုကၡသည္ဘဂၤါလီမ်ား ေနရပ္ျပန္ေရးကိစၥကို ေဆြးေႏြးခဲ့ၾက တယ္ဆိုတာ ဟုတ္ပါတယ္။ သူတို႔ဂုဏ္သိကၡာရွိရွိ အိမ္ျပန္ႏိုင္ၾကေရး ေမွ်ာ္လင့္ပါတယ္” လို႔ မၾကာေသးမီက တ႐ုတ္ အထူးသံတမန္ တိန္႔ရွီကြၽန္ကို ေတြ႕ဆုံမႈကိစၥနဲ႔ပတ္သက္ၿပီး သတင္းေထာက္မ်ားကို မိုမန္က ျပန္လည္ေျဖဆိုခဲ့ပါ တယ္။

ဒုကၡသည္ေနရပ္ျပန္ေရး အဆင္ေျပေခ်ာေမြ႕ေစဖို႔ အေတာ္မ်ားမ်ား လုပ္ေဆာင္ေနေၾကာင္း၊ "သူတို႔ (တ႐ုတ္) က အလြန္ေကာင္းမြန္တဲ့ အစပ်ိဳးမႈကို ခ်ေပးထားၿပီး လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေဆာင္႐ြက္ေပးေနတယ္လို႔ ေျပာရ ပါလိမ့္မယ္” ေနရပ္ျပန္ေရး စတင္ႏိုင္မယ့္ အခ်ိန္နဲ႔ပတ္သက္ၿပီး ေမးျမန္းရာမွာ “တကယ္ျပန္ၾကတဲ့ အခါက်မွပဲ ေျပာႏိုင္ပါလိမ့္မယ္” “ေနရပ္ျပန္ေရး အရင္ ၂ ႀကိမ္ ႀကိဳးစားခဲ့ဖူးပါတယ္” “အားလုံး အခ်ည္းႏွီးျဖစ္ခဲ့ရပါတယ္” ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာတို႔အၾကားေဆြးေႏြးမႈ အဆင္ေျပေခ်ာေမာေစဖို႔ တ႐ုတ္ဘက္က ကူညီေဆာင္႐ြက္ေပးၿပီး ဒုကၡသည္မ်ား ေနရပ္ျပန္ႏိုင္လိမ္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက မွတ္ခ်က္ေပးပါတယ္။

ေစာေစာပိုင္း တ႐ုတ္အထူးကိုယ္စားလွယ္ဟာ ျမန္မာႏိုင္ငံကို အရင္ဆုံး သြားေရာက္ခဲ့ပါတယ္။ အဲဒီေနာက္ ျမန္မာ နဲ႔ ဘဂၤလားေဒ့ရွ္တို႔ဟာ ဒုကၡသည္မ်ား ေနရပ္ျပန္ေရးဆိုင္ရာ ေရွ႕ေျပးစီမံကိန္း အေကာင္အထည္ေဖာ္ေရးအတြက္ (ဧၿပီ ၁၈ ရက္) အဂၤါေန႔ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း၊ အစည္းအေဝးတက္ေရာက္ဖို႔ ကူ မင္းၿမိဳ႕ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဌာန အႀကီးတန္းအတြင္းဝန္ျဖစ္သူ မာဆြတ္_ဘင္_မိုမန္ သြားေရာက္ခဲ့ ေၾကာင္း သံတမန္သတင္းရင္းျမစ္ အမ်ားအျပားထံမွ သိရွိရပါတယ္။

ေရွ႕ေျပးပေရာဂ်က္ကို လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္က စတင္လုပ္ေဆာင္ခဲ့ၿပီး ကနဦး ျပန္ပို႔မယ့္ ဒုကၡသည္ ၁,ဝဝဝ ေက်ာ္ စာရင္းကို စိစစ္ေနတယ္လို႔ ဆိုပါတယ္။ အဲဒီအေတာအတြင္း ဒီႏွစ္ေစာေစာပိုင္း ေကာ့ခ္ဘဇားကို ျမန္မာ ကိုယ္စားလွယ္အဖြဲ႕သြားေရာက္ခဲ့ၿပီး ေနရပ္ျပန္ေရးနဲ႔ပတ္သက္လို႔ ေဆြးေႏြးခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ မတ္လတုန္းက ျမန္မာႏိုင္ငံဟာ ဘဂၤလားေဒ့ရွ္သံအမတ္ အပါအဝင္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံမွ သံတမန္ေတြကို ဖိတ္ေခၚၿပီး ရခိုင္ျပည္နယ္ရွိ ဒုကၡသည္မ်ားအတြက္ အေျခခံအေဆာက္အဦအမ်ိဳးမ်ိဳးတို႔ကို ျပသခဲ့ ပါတယ္။ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ ျမန္မာဘက္က သူတို႔ေပးခဲ့တဲ့ ကတိအတိုင္း တည္သင့္တယ္လို႔ ေစာေစာပိုင္း ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာခဲ့ဖူးပါတယ္။ ျမန္မာဘက္က အာမခံထားေပမယ့္ လြန္ခဲ့တဲ့ ႏွစ္မ်ား အတြင္း လူတစ္ေယာက္မွ် ျပန္မယူခဲ့ေၾကာင္း ရွင္းျပပါတယ္။

ဘဂၤလားေဒ့ရွ္အေနနဲ႔ ေကာ့ခ္ဘဇားနဲ႔ ဘာဆန္ခ်ာကြၽန္းတို႔မွာ ဒုကၡသည္ဘဂၤါလီ ၁.၁ သန္းေက်ာ္ကို လက္ခံေပး ထားရပါတယ္။

(တစ္ဖက္ႏိုင္ငံသို႔ ထြက္ေျပးသြားသည္ဆိုသူမ်ားကို ျမန္မာဘက္က တစ္ေယာက္မွ် ျပန္မေခၚခဲ့ျခင္း မဟုတ္ပါ။ NLD အစိုးရလက္ထက္တြင္ ဒုကၡသည္မ်ား ေနရပ္ျပန္ေရး ၂ ႀကိမ္တိုင္တိုင္ ေဆာင္႐ြက္ခဲ့ဖူးေၾကာင္း ေတြ႕ရွိရပါတယ္။)

“႐ိုဟင္ဂ်ာ” အမည္ျဖင့္ တိုင္းရင္းသားလူမ်ိဳးအျဖစ္ သတ္မွတ္ေပးေရး၊ (ကြၽန္ေတာ္မ်ားကဲ့သို႔ ပန္းေရာင္) ႏိုင္ငံသား စိစစ္ေရးကတ္ ထုတ္ေပးမွသာလွ်င္ ျပန္လာၾကမယ္လို႔ ဒုကၡသည္ဘဂၤါလီတို႔က အက်ပ္ကိုင္တဲ့ သေဘာေျပာဆိုၿပီး ျပန္မလာၾကျခင္းသာျဖစ္ပါတယ္။ ထို႔ျပင္ ေရရွည္တည္တန္႔တဲ့ ေနရပ္ျပန္ေရးအတြက္လို႔ ဆိုကာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ “ေလယာဥ္ မပ်ံသန္းရ” Safe Zone သတ္မွတ္ေပးေရး၊ တူရကီႏိုင္ငံက ဦးေဆာင္လ်က္ ႏိုင္ငံတကာ တပ္မ်ားျဖင့္ ကာကြယ္ေစာင့္ေရွာက္ေပးေရးအထိ ေျပာဆိုခဲ့ၾကပါတယ္။

ႏိုင္ငံေရးသေဘာပါဝင္တဲ့ အထက္ပါေတာင္းဆိုခ်က္မ်ားကို ျမန္မာအစိုးရဘက္က ပယ္ခ်ခဲ့ၿပီး ႏွစ္ႀကိမ္စလုံးမွာ ေနရပ္ျပန္သူ တစ္ေယာက္မွ် မရွိခဲ့ပါ။ ဒုကၡသည္အမ်ားစုမွာ ေနရပ္ျပန္လိုလ်က္ရွိေၾကာင္း ကုလသမဂၢကိုယ္တိုင္ ေျပာဆိုခဲ့ၿပီး ARSA အၾကမ္းဖက္အဖြဲ႕က စခန္းအတြင္း ၿခိမ္းေျခာက္လွ်က္ရွိေၾကာင္းလည္း မွတ္ခ်က္ေပးခဲ့ၾကပါ သည္။ ေလးဦး - ဆယ္ဦး စသည္ျဖင့္ ျပန္လာသူ အနည္းငယ္ရွိေပမယ့္လည္း ၄င္းတို႔မွာ တရားမဝင္ လို႔ ဒါကာက ျငင္းဆိုပါတယ္။

“ျမန္မာႏိုင္ငံ ဇာတိဖြား႐ိုဟင္ဂ်ာ” ဆိုသူမ်ားဟု ဘဂၤလားေဒ့ရွ္အာဏာပိုင္မ်ားႏွင့္ ၄င္းတို႔သတင္းစာမ်ားက မည္သို႔ ပင္ ေျပာဆိုေရးသားေစကာမူ၊ ၄င္းလူမ်ိဳးအမည္မွာ ျမန္မာသမိုင္းမွတ္တမ္းမွာ လုံးဝ မရွိခဲ့ေၾကာင္း ျမန္မာဘက္က ပယ္ခ်ၿမဲ ပယ္ခ်လ်က္ရွိပါတယ္။

(၁) ျမန္မာႏိုင္ငံတြင္ ေနထိုင္ခဲ့ဖူးေၾကာင္း အေထာက္အထား ျပသႏိုင္သူ၊ (၂) ျမန္မာ့ေရေျမအတြင္း အၾကမ္းဖက္မႈ မ်ားမွာ ပါဝင္ပတ္သက္ခဲ့ဖူျခင္း မရွိသူတို႔ကိုသာလွ်င္ ျပန္လည္လက္ခံမယ္လို႔ ေနျပည္ေတာ္က အႀကိမ္ႀကိမ္ ေျပာ ဆိုခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ဘက္မွ ေပးပို႔တဲ့ ေနရပ္ျပန္လိုသူ ဒုကၡသည္စာရင္းကိုလည္း အထက္ပါအခ်က္မ်ား အေပၚအေျခခံၿပီး စစ္ေဆးအတည္ျပဳခဲ့ေၾကာင္း သိရွိရပါတယ္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသို႔ ျပန္သြားျခင္းမရွိသူ (တစ္နည္းအားျဖင့္) ျမန္မာႏိုင္ငံက ျပန္လည္လက္ခံႏိုင္ျခင္း မရွိသူ တစ္ဖက္ႏိုင္ငံေရာက္ ဘဂၤါလီတို႔ရဲ႕ ကံၾကမၼာမွာ မည္သို႔မည္ပုံျဖစ္လာႏိုင္ေၾကာင္း စိတ္၀င္စားဖြယ္ ေတြ႕ရွိေနရပါ တယ္။ သတင္းဘာသာျပန္သူ)

#ဒုကၡသည္မ်ားေနရပ္ျပန္ေရး_ျမန္မာကိုယ္စားလွယ္အဖြဲ႕ #ကူမင္းၿမိဳ႕သုံးပြင့္ဆိုင္ေဆြးေႏြးပြဲ #မာဆြတ္ဘင္မိုမန္ #ေဒါက္တာေအေကအဗၺဒူလ္မိုမန္ #ဘဂၤလားေဒ့ရ္ွႏိုင္ငံျခားေရး၀န္ႀကီး႒ာန #ေနျပည္ေတာ္

(Dhaka Triune., 18 April 2023,” Dhaka sees hope for Rohingya repatriation in latest Beijing initiative” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

L Mone

20/04/2023 07:39

ပြည်မ ကိုကုလားများကတော့ တရုတ်ကို ချီးထက်ရွံတယ်လုပ်နေကြတုန်း အမေရိကန် လုပ်သမျှ ရင်ဖင်ကော့ ခံချင်နေကြသူတွေရှိတယ်...အများစုက ဗမာနဲ့တိုင်းသားကြားမှာ မတည့်အောင်လုပ်လေ့ရှိတယ် ပြီးရင် မြန်မာတနိုင်ငံလုံးကို တရုတ်မကောင်းကြောင်းပြောကြတာကတော့ ကိုကုလားမကုလားမတို့ပဲ ဖြစ်ကြပါတယ်...။သိတာလွန်းနေလို့ ရေးခြင်းဖြစ်ပါတယ် ကြိုက်တဲ့သူနဲ့ငြင်းစမ်းပါ..။ရခိုင်က ဘဂ်လီကတော့ မပြောတတ်ဘူးနော်...အများစုက အစွန်းရောက်လွန်းနေတာဗျ။ဒါတွေကို တရုတ်ပြည်မကြီးက သိပ်မသိကြဘူး

Related news

© 2021. All rights reserved.