အမေရိကန်နိုင်ငံတွင် သဲမုန်တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် ယာဥ်တိုက်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၆)ဦး သေဆုံး

598

Pika (NP News) - မေ ၂
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးတွင် မတ်လ(၁)ရက်က သဲမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ ခြင်းကြောင့် ဒါဇင်နှင့်ချီသော ယာဥ်များ အတန်းလိုက်ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၆)ဦး သေဆုံးကာ အခြား လူ(၂)ဒါဇင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။
အီလီနွိုက်ပြည်နယ်တောင်ပိုင်း Interstate 55 အဝေးပြေးလမ်းမကြီးပေါ်တွင် နံနက်(၁၁)နာရီအချိန်က တွဲကား အစီးရေ(၃ဝ) ခန့် အပါအဝင် ခရီးသည်တင်ကားများ၊ လုပ်ငန်းသုံးကားအစီး(၃ဝ) ခန့် အတန်းလိုက် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယာဥ်တိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ကုန်တင်ယာဥ်ကြီးနှစ်စီး မီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။
ယာဥ်အတန်းလိုက် တိုက်မှုသည် ချီကာဂိုမြို့ အနောက်တောင်ဖက် မိုင်(၂ဝဝ) ခန့်ကွာရှိ Interstate 55 အဝေးပြေး လမ်းမကြီး၏ လမ်းနှစ်ဖက်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယာဥ်တိုက်မှု ဖြစ်ပွားပြီး နောက် လူအယောက် (၃ဝ)ကျော်ကို နယ်မြေခံဆေးရုံးများသို့ ပို့ဆောင်ခဲ့ပြီး လူနာများမှာ အသက်(၂)နှစ်မှ အသက် (၈ဝ) အတွင်းရှိကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ယာဥ်မတော်တဆမှုကြောင့် အနည်းဆုံး လူ(၆)ဦး သေဆုံးခဲ့ကြောင်း Montgomery County Coroner's Office မှ လက်ထောက်အကြီးအကဲ Joletta Hill က ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်းသည် သေဆုံးမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။
အဝေးပြေလမ်းမကြီးပေါ်တွင် ကားများနှင့် ကုန်တင်ကားများ တိုက်မိနေသည်ကို အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ နေသော ဒေသခံမီဒီယာများက တင်ထားသော ဗီဒီယိုဖိုင်တွင် တွေ့ခဲ့ရသည်။ ယင်းဗီဒီယိုဖိုင်များတွင် ဖုန်မှု့န်များနှင့် မီးခိုးများ ထူထပ်နေသည့်ကြားထဲတွင် ထရပ်ကားတစ်စီးမီးလောင်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် (၁၇)မိုင်ရှည်လျားသော အဝေးပြေးလမ်းမကြီး၏ လမ်းနှစ်ဖက်စလုံးကို နာရီအတော် ကြာပိတ်ထားခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံတြင္ သဲမုန္တိုင္းတိုက္ခတ္ခဲ့ျခင္းေၾကာင့္ ယာဥ္တိုက္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၆)ဦး ေသဆုံး
Pika (NP News) - ေမ ၂
အေမရိကန္ႏိုင္ငံ အီလီႏြိဳက္ျပည္နယ္ရွိ အေဝးေျပးလမ္းမႀကီးတြင္ မတ္လ(၁)ရက္က သဲမုန္တိုင္းတစ္ခု တိုက္ခတ္ခဲ့ ျခင္းေၾကာင့္ ဒါဇင္ႏွင့္ခ်ီေသာ ယာဥ္မ်ား အတန္းလိုက္ယာဥ္တိုက္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၆)ဦး ေသဆုံးကာ အျခား လူ(၂)ဒါဇင္ခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။
အီလီႏြိဳက္ျပည္နယ္ေတာင္ပိုင္း Interstate 55 အေဝးေျပးလမ္းမႀကီးေပၚတြင္ နံနက္(၁၁)နာရီအခ်ိန္က တြဲကား အစီးေရ(၃ဝ) ခန႔္ အပါအဝင္ ခရီးသည္တင္ကားမ်ား၊ လုပ္ငန္းသုံးကားအစီး(၃ဝ) ခန႔္ အတန္းလိုက္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယာဥ္တိုက္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ကုန္တင္ယာဥ္ႀကီးႏွစ္စီး မီးေလာင္ကြၽမ္းခဲ့ ေၾကာင္း သိရသည္။
ယာဥ္အတန္းလိုက္ တိုက္မႈသည္ ခ်ီကာဂိုၿမိဳ႕ အေနာက္ေတာင္ဖက္ မိုင္(၂ဝဝ) ခန႔္ကြာရွိ Interstate 55 အေဝးေျပး လမ္းမႀကီး၏ လမ္းႏွစ္ဖက္လုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ယာဥ္တိုက္မႈ ျဖစ္ပြားၿပီး ေနာက္ လူအေယာက္ (၃ဝ)ေက်ာ္ကို နယ္ေျမခံေဆး႐ုံးမ်ားသို႔ ပို႔ေဆာင္ခဲ့ၿပီး လူနာမ်ားမွာ အသက္(၂)ႏွစ္မွ အသက္ (၈ဝ) အတြင္းရွိၾကသူမ်ားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
အဆိုပါ ယာဥ္မေတာ္တဆမႈေၾကာင့္ အနည္းဆုံး လူ(၆)ဦး ေသဆုံးခဲ့ေၾကာင္း Montgomery County Coroner's Office မွ လက္ေထာက္အႀကီးအကဲ Joletta Hill က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ၎သည္ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။
အေဝးေျပလမ္းမႀကီးေပၚတြင္ ကားမ်ားႏွင့္ ကုန္တင္ကားမ်ား တိုက္မိေနသည္ကို အခင္းျဖစ္ပြားရာေနရာသို႔ ေရာက္ရွိ ေနေသာ ေဒသခံမီဒီယာမ်ားက တင္ထားေသာ ဗီဒီယိုဖိုင္တြင္ ေတြ႕ခဲ့ရသည္။ ယင္းဗီဒီယိုဖိုင္မ်ားတြင္ ဖုန္မႈ႕န္မ်ားႏွင့္ မီးခိုးမ်ား ထူထပ္ေနသည့္ၾကားထဲတြင္ ထရပ္ကားတစ္စီးမီးေလာင္ေနသည္ကိုလည္း ေတြ႕ရွိခဲ့ရသည္။ ထို႔အျပင္ ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ (၁၇)မိုင္ရွည္လ်ားေသာ အေဝးေျပးလမ္းမႀကီး၏ လမ္းႏွစ္ဖက္စလုံးကို နာရီအေတာ္ ၾကာပိတ္ထားခဲ့ရေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။