“တရုတ် အောင်သွယ်ပေးမယ့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး အလုပ်ဖြစ်ပါ့မလား” (ဘာသာပြန်ဆောင်းပါး)

 911

မောင်တင်ထွန်း(နတ်မောက်) (NP News) - မေ ၄

နောက်ဆုံးတော့လည်း မျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ပါပြီ။ ဧပြီလ ၂၆ ရက်က ယူကရိန်းသမ္မတ ဆီကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖုန်းခေါ်စကားပြောခဲ့ပါတယ်။ ဖုန်းဆက်ပြောဆိုပြီး သဘောတူလိုက် ကြတာက ယူကရိန်းက ပီကင်းကို သံအမတ်ကြီးတစ်ယောက်စေလွှတ်မယ်။ ပီကင်းကလည်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ကိယက်ဖ်ကို စေလွှတ်မယ် ဆိုတာပါ။ နောက်ပြီး တရုတ်က ကတိတစ်ခုပေးခဲ့ပါတယ်။ အဲဒါက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ဘယ်ဖက်ကမှမပါဘဲ ကြားနေပါ မယ်ဆိုတာပါ။ တကယ်တန်း အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ရမှာပါ။ ဘာပဲဖြစ်ဖြစ် ရုရှား-ယူကရိန်းစစ်ပွဲစဖြစ်ပြီးကတည်းက ဇီလန်စကီးနဲ့ စကားပြောဆိုမှု မရှိခဲ့တဲ့ တရုတ်သမ္မတဟာ ဒီလိုဖုန်းပြောဖို့ကိုမျှော်နေခဲ့တာ အတော်ကြာပြီဖြစ်လို့ အချိန်ကိုက်လို့ဆိုရမှာပါ။

စိတ်ဝင်စားဖို့ကောင်းတာက တရုတ်က ရုရှားနဲ့ဆက်ဆံရေးမှာ “အကန့်အသတ်မဲ့ မိတ်ဖက်ပူး ပေါင်းမှု” ဖြစ်တယ်လို့ သုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းနဲ့ပြောတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆွေးနွေး တဲ့အခါ “ကြားနေ” ပါ့မယ်လို့ ကတိပေးခဲ့ပြန်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်အနေနဲ့တော့ ဥရောပရဲ့ “ငြိမ်းချမ်းရေးကို ဖော်ဆောင်သူ” အဖြစ် မိမိကိုယ်ကို ပုံ‌ဖေါ်ချင်ပုံ ရပါတယ်။ ဒီမတိုင်ခင်ကလည်း အရှေ့အလယ်ပိုင်းမှာ ကာလတာရှည် ကမ္ဘာရန်ဖြစ်ခဲ့တဲ့ ဆော်ဒီအာရေးဗျနဲ့ အီရန် အကြားမှာ အောင်မြင်စွာရင်ကြားစေ့ပေးခဲ့ဖူးပါတယ်။

ပွဲဆူသွားတဲ့ တရုတ်သံအမတ်ရဲ့ စကား
မကြာသေးခင်က တရုတ်သံတမန်တစ်ယောက်က ဆိုးဆိုးရွားရွားမမှားသင့်တဲ့အမှားတစ်ခုကို ပြောဆိုခဲ့ပါတယ်။ အဲဒါက “ ယခင်က ဆိုဗီယက်ယူနီယံထဲက ခွဲထွက်ခဲ့တဲ့နိုင်ငံတွေဟာ လွတ်လပ်တဲ့ နိုင်ငံတွေမဟုတ်ပါလို့ ပြောခဲ့တာပါ။ ပြင်သစ်နိုင်ငံဆိုင်ရာတရုတ်သံအမတ် လူရှားယဲ့ တိတိကျကျပြော တာက “ ဆိုဗီယက်နိုင်ငံဟောင်းတွေဟာ နိုင်ငံတကာ ဥပဒေမှာ သက်ရောက်ဘောင်ဝင်တဲ့ အဆင့်အတန်းမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို နိုင်ငံတကာက သဘောတူအသိအမှတ်ပြုတာ မရှိလို့ပါ” လို့ပြောလိုက်တာပါ။

အဲဒီအဓိပ္ပာယ်အရ ယူကရိန်းဟာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံမဟုတ်ဘူးလို့ ဆိုရာရောက်ပါတယ်။ သဘာဝကျကျဘဲ အဲဒီစကားကို ယူကရိန်းသာမက တခြားဥရောပနိုင်ငံအများအပြားကပါ စိတ်ဆိုးမာန်ဆိုးနဲ့ ကန့်ကွက်တုံ့ပြန်ခဲ့ကြပါတယ်။ ဒါကြောင့် ရှီက ဇီလန်းစကီးကိုဖုန်းနဲ့ စကားပြောတဲ့ အခါ ကြားနေပါ့မယ်လို့ ကတိပေးပြီး သူ့သံတမန်ရဲ့ အမှားကို အဖတ်ဆယ်ချင်ပုံရပါတယ်။ သူတို့နှစ်ယောက်ဖုန်းပြောတာက တစ်နာရီတောင်ကြာပါတယ်။

အမေရိကန်ကို အရှိုက်ထိုးလိုက်တဲ့ စကား
သမ္မတ ရှီက ‘ယူကရိန်း အကြပ်အတည်းနဲ့ပတ်သက်ရင်၊ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးဖက်က အမြဲတမ်းရပ်တည်ခဲ့ပါတယ်။ အဓိက ရပ်တည်တာက ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖို့ပါဘဲ။ တရုတ်ဟာ မီးလောင်နေတာကို အခွင့်ကောင်းယူ အမြတ်ထုတ်ဖို့မဆိုထားနဲ့ မီးလောင်နေတာကို တခြားတစ်ဖက်က ထိုင်ကြည့်နေတာလည်းမလုပ်သလို၊ လောင်စာထပ်ထည့်တာလည်းလုပ်မှာမဟုတ်ဘူး”လို့ပြောခဲ့ ကြောင်း စီစီတီဗွီ သတင်းကဆိုပါတယ်။ ဒီစကားက ယူကရိန်းကို အဓိက လက်နက်ခဲယမ်း မီးကျောက် ထောက်ပံ့ပေးနေတဲ့ မဟာမိတ်ကြီး အမေရိကန်ကို အရှိုက်ထိုးလိုက်တဲ့ စကားပါ။ ဒီစကားနဲ့ဘဲ တရုတ်က အမေရိကန်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်ဖို့နေရာယူလိုက်ပါတယ်။ တရုတ်ရဲ့ နောက်ခြေလှမ်းက ကိယက်ဗ်ကို တရုတ်အစိုးရရဲ့ ဥရောပအာရှရေးရာ အထူးကိုယ်စားလှယ်စေလွှတ်ပြီး ယူကရိန်းပြဿနာဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံစကားပြောမှာပါ။

ယူကရိန်းသမ္မတရဲ့ အကောင်းမြင်မှု
သူတို့နှစ်ဦးရဲ့ဖုန်းပြောဆိုမှုကို ဇီလန်းစကီးက “ ကျွန်တော် သမ္မတရှီကျင့်ဖျင်ကို ဖုန်းနဲ့ အဓိပ္ပာယ်ရှိတဲ့ စကားတွေ အကြာကြီးပြောလိုက်ရပါတယ်။ ဒီလိုဖုန်းပြောလိုက်ရတာရော၊ တရုတ်ပြည်ဆိုင်ရာ ယူကရိန်း သံအမတ်ခန့်အပ်လိုက်တာရောက ကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှု အတွက် တွန်းအားဖြစ်စေပါလိမ့်မယ်” လို့ မှတ်ချက်ပေးပါတယ်။ ဒီမှတ်ချက်က ယဉ်ကျေးပေမဲ့ တိကျ ရေရာမှုမရှိတဲ့စကားပါ။ ပြဿနာက ဇီလန်းစကီး အနေနဲ့ တရုတ်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံလိုက်ပြီလား၊ တရုတ်က ကြားဝင်စေ့စပ်ပေးမဲ့ ရုရှားနဲ့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံလိုက်ပြီလား၊ ရှင်းရှင်းလင်းလင်းသူဘာမှပြောမသွားပါဘူး။

ဇီလန်းစကီးက ဖုန်းပြောဆိုမှုနဲ့ပတ်သက်ပြီး “ အခုဆိုရင် ယူကရိန်းနဲ့ တရုတ်အကြားဆက်ဆံရေးကို စွမ်းအင်သစ်တွေထပ်ဖြည့်ဖို့ အခွင့်အလမ်းသစ်တွေရှိနေပါပြီ။ ကျွန်တော်တို့ဟာ အခြေခံမူတွေနဲ့ စည်းမျဉ်းများအပေါ် တည်ဆောက်မဲ့ငြိမ်းချမ်းရေးကိုရရှိဖို့ တရုတ်ရဲ့နိုင်ငံရေးသြဇာကို အသုံးပြုဖို့လည်း အခွင့်အရေးရခဲ့ပါပြီ” လို့ပြောသွားပါတယ်။

အမှန်စင်စစ်အားဖြင့် ယူကရိန်းနဲ့ တရုတ်ဟာ ဆက်ဆံရေးကောင်းရှိခဲ့ပါတယ်။ တရုတ်ဟာ ယူကရိန်းရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး၊ တရုတ်ကလည်း ယူကရိန်းအပေါ်မှာ ဘာလီ၊ ပြောင်း၊ သံသတ္တု စတာတွေအပြင် ကာကွယ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေကို မှီခိုအားထား ခဲ့ရပါတယ်။ တကယ်တော့ ယူကရိန်းဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး လက်နက် ပစ္စည်းထောက်ပံ့ သူပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ချက်က တရုတ်ရဲ့ ပထမဆုံးလေယာဥ်တင် သင်္ဘောလျောင်နင်ဟာ ယူကရိန်းဆီကရတာပါ။ ယူကရိန်းကလည်း အဲဒီ သင်္ဘောကို ၁၉၉ဝ ခုနှစ်တွေတုန်းက ဆိုဗီယက်ကစွန့်ကြဲလိုက်လို့ရခဲ့တာပါ။ ဒါကို ကိယက်ဗ်က ပီကင်းကို ပြန်လည် ရောင်းချပေးခဲ့တာဘဲဖြစ်ပါတယ်။ အဲဒီနောက် တရုတ်ရေတပ်က ပြင်ဆင်မွမ်းမံပြီး ၂ဝ၁၂ ခုနှစ်မှာ စတင်တာဝန် ထမ်းစေခဲ့ပါတယ်။ ဒါတွေကို ကြည့်ရင် တရုတ်နဲ့ ယူကရိန်းတို့ရဲ့ ဆက်ဆံရေးနက်ရှိုင်းခဲ့ပုံကို မှန်းဆလို့ရပါတယ်။

အခုတော့ အခြေအနေတွေက ပြောင်းလဲခဲ့ပါပြီ။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လိုက်တဲ့ အတွက် အခြေအနေက လုံးဝပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ တရုတ်က ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံပါ။ ဒါကြောင့် အခုဖြစ်နေတဲ့ စစ်ပွဲကိုတောင် ကျူးကျော်စစ်လို့တောင် မသုံးနှုန်းပါဘူး။ တရုတ်က အကြပ်အတည်းလို့သာ သုံးနှုန်းပါတယ်။ ဒါက တိတိကျကျ ရေရေရာရာမရှိတဲ့ အသုံးအနှုန်းပါ။ ဒါကြောင့်လည်း ယူကရိန်းက တရုတ်ရဲ့ ရည်ရွယ်ချက်အပေါ် သတိထားနေတာပါ။ ဒါ့ပြင် ယူကရိန်းမှာက တရုတ်နဲ့ ရန်ဘက်ဖြစ်နေတဲ့ အမေရိကန်လို မဟာမိတ်တွေလည်း ရှိနေပါတယ်။

ဖုန်းဆက်စကားပြောခဲ့တဲ့အပေါ် တုန့်ပြန်သံများ
အမေရိကန်တွေက ခေါင်းဆောင်နှစ်ယောက်ကြားဖုန်းဆက်စကားပြောဆိုမှုနဲ့ပတ်သက်ပြီး၊ အိမ်ဖြူ တော်အရာရှိ ဂျွန်ကာဘီက “ သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဇီလန်းစကီးတို့အကြား ဖုန်းဆက် စကားပြော ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါဟာ ကောင်းတဲ့ကိစ္စလို့ ကျွန်တော်တို့ထင်ပါတယ်။ အခုအချိန်ခါမှာတော့ အဓိပ္ပာယ်ရှိတဲ့ ငြိမ်းချမ်းရေးအရွေ့တစ်ခု၊ ဒါမှမဟုတ် အစီအစဉ်တစ်ခု၊ ဒါမှမဟုတ် အဆိုပြုချက်တစ်ခုဆီကို ဦးတည်နေပြီလားဆိုတာ ကျွန်တော်တော့ မထင်ပါဘူး”။ အဓိပ္ပာယ်က အမေရိကန်တွေကတော့ သံသယရှိနေတယ်လို့ ဆိုချင်တာပါ။

ဥရောပရဲ့သဘောထားကတော့၊ ဘယ်လိုငြိမ်းချမ်းရေးမျိုးယူမှာလဲဆိုတာက ကိယက်ဗ် အပေါ်မှာဘဲ မူတည်တယ်လို့ပြောပါတယ်။ “အခုအချိန်မှာတော့ ကျွန်တော်တို့က ယူကရိန်းကို ဆက်လက်ထောက်ခံ ပေးနေမှာပါ။ ကျွန်တော့်အနေနဲ့ သမ္မတရှီနဲ့ သမ္မတဇီလန်းစကီးတို့အကြား ဖုန်းဆက်စကားပြောတာကို အလွန်ကြိုဆိုပါတယ်။” လို့ အီးယူရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဂျိုးဇက်ဘော်ရဲလ် ကပြောလိုက်ပါတယ်။
ရုရှားကလည်း ခေါင်းဆောင်နှစ်ယောက်ကြား ဖုန်းဆက်စကားပြောဆိုတာကို ကြိုဆိုပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မော်စကိုအနေနဲ့က စစ်ကိုဆက်လက်တိုက်ချင်နေတဲ့သဘောပါ။

“ကျွန်တော်တို့ဟာ ရုရှားအနေနဲ့ သူရည်မှန်းထားတဲ့ ပန်းတိုင်အားလုံးရရှိဖို့နဲ့ ယူကရိန်းပဋိပက္ခကို အမြန်ပြီးဆုံး စေနိုင်တဲ့ ဘာကိုပဲဖြစ်ဖြစ်ကြိုဆိုဖို့ အသင့်ပါဘဲ။ သူတို့ရဲ့ ထုတ်ပြန်ပြောကြားချက်နဲ့ ပတ်သက်ရင်တော့ ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပြဿနာပါ။ သူတို့အချင်းချင်း အပြန် အလှန်ပြောကြားတဲ့ ပြဿနာပဲဖြစ်ပါတယ်။” လို့ ကရင်မလင်က ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ် ကော့ဗ်ကပြောပါတယ်။ ဒါတွေက ခေါင်းဆောင် နှစ်ယောက်ကြားက ဖုန်းစကားပြောဆိုမှုနဲ့ပတ်သက်တဲ့ တုန့်ပြန်ချက်တွေဘဲဖြစ်ပါတယ်။

ဘာကြောင့် တရုတ်က တက်ကြွနေသလဲ
အခု ရှီကျင့်ဖျင်က ဘာဖြစ်လို့ ယူကရိန်းပြဿနာကို စိတ်ဝင်စားနေရတာလဲ၊ ကြားဝင်စေ့စပ်ပေးဖို့ ဘယ်လို အကြောင်းအရာတွေက တွန်းဆော်နေတာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းတွေ ကြည့်ကြပါစို့။ ရှီဟာ သူ့ကို ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်ကြီး တစ်ယောက်အဖြစ် ရှုမြင်ခံရဖို့ဆိုတာက တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ ကိစ္စပါ။ ဒါပေမဲ့ အဲဒီထက်ပိုတာက တရုတ်နဲ့ ဥရောပရဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေချင်တာ။ နောက်ပြီး ဥရောပကိုလည်း အမေရိကန်နဲ့ ခွဲထုတ်ချင်နေတာ။ အနောက်တိုင်းမဟာမိတ်တွေအကြားမှာ သပ်တစ်ခုရိုက်သွင်းချင်တာနဲ့ အမေရိကန်ရဲ့ သြဇာကို အားနည်းသွားစေချင်တာ စတာတွေက ပိုအဓိကကျမယ်ထင်ပါတယ်။

အဲဒီလိုလုပ်နေတာက သူ့လမ်းအတိုင်းသွားနေပါပြီ။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲဖြစ်လာတဲ့အတွက် ဥရောပအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်တာတွေ လုပ်ရပါတော့တယ်။ အမေရိကန်ရဲ့ တရုတ်အပေါ်ဆင်နွှဲတဲ့ ကုန်သွယ်ရေးစစ်ပွဲကလည်း ဥရောပသမဂ္ဂကို ဖိအားတွေပေးပါတယ်။
ဒါကြောင့် တရုတ်က ဒီလထဲမှာ နှစ်လိုဖွယ်ကောင်းတဲ့ တန်ပြန်တိုက်စစ်ဆင်ပါတယ်။ ပထမ ပြင်သစ်သမ္မတ မက်ခရွန်ကို စည်းရုံးဖို့ ကြိုးစားပါတယ်။ ထိုင်ဝမ်ကိစ္စမှာ ဥရောပသမဂ္ဂအနေနဲ့ တရုတ်နောက်ကိုရော၊ အမေရိကန်နောက်ကိုပါ မလိုက်သင့်ဘဲ အမှီခိုကင်းတဲ့ မဟာဗျူဟာ ရှိသင့်တယ်လို့ ပြင်သစ်သမ္မတက ပြောလာတဲ့အထိ စည်းရုံးနိုင်ခဲ့ပါတယ်။

ဒီလို အကန့်အသတ်ရှိတဲ့ ရလဒ်ကောင်းတစ်ချို့ရခဲ့ပေမဲ့ လစ်သူယေးနီးယားနဲ့ ကုန်သွယ်ရေးစစ်ပွဲက ပိုပြင်းထန်လာပါတယ်။ နောက်ပြီး အီးယူက တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှာ စိန်ခေါ်ပါတယ်။
အခြေအနေတွေကို ပိုဆိုးရွားသွားစေတာက ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ယခင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်းတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မေးခွန်းထုတ်ခဲ့တာ ပဲဖြစ်ပါတယ်။ ဒီကိစ္စက သံတမန်လောကမှာ မုန်တိုင်းတစ်ခုလို ပူပူညံညံဖြစ်လာပြီး ပီကင်းကိုပါ အနေရခက်စေခဲ့ပါတယ်။

ဒါကြောင့်မို့ ပီကင်းအနေနဲ့ မျှတပြီးဘက်မလိုက်တဲ့ကြားခံအောင်သွယ်သူ တစ်ယောက်အနေနဲ့ အများက အမြင်ပြောင်းလဲလာအောင် ကြိုးစားရတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရှီကျင့်ဖျင်အနေနဲ့ သမ္မတ ဇယ်လန်းစကီးကို စတင်ဖုန်းခေါ်ဆိုပြီး ငြိမ်းချမ်းရေးအောင်သွယ်တော်လုပ်ဖို့ ပြောဆိုရတာ ပဲဖြစ်ပါတယ်။
ဒါပေမဲ့ ယူကရိန်းကို အဓိကအားပေးထောက်ခံနေတဲ့ အမေရိကန်က၊ တရုတ်သြဇာတက်သွားမယ့် ဒီလိုပွဲကို လိုလိုလားလားမရှိဘူးဆိုရင်၊ ဒီဆွေးနွေးပွဲဖြစ်ဖို့နဲ့ အောင်မြင်ဖို့က လွယ်ကူပါ့မလားလို့ မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။

ရည်ညွှန်း - အိန္ဒိယ သတင်းဌာနတစ်ခုဖြစ်သော Firstpost ၏ China's Xi Jinping Calls Ukraine's Zelensky to Discuss Peace with Russia | Vantage with Palki Sharma

zawgyi version
“တ႐ုတ္ ေအာင္သြယ္ေပးမယ့္ ႐ုရွား-ယူကရိန္း ၿငိမ္းခ်မ္းေရး အလုပ္ျဖစ္ပါ့မလား” (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း(နတ္ေမာက္) (NP News) - ေမ ၄

ေနာက္ဆုံးေတာ့လည္း ေမွ်ာ္လင့္ထားတာေတြ ျဖစ္လာခဲ့ပါၿပီ။ ဧၿပီလ ၂၆ ရက္က ယူကရိန္းသမၼတ ဆီကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ဖုန္းေခၚစကားေျပာခဲ့ပါတယ္။ ဖုန္းဆက္ေျပာဆိုၿပီး သေဘာတူလိုက္ ၾကတာက ယူကရိန္းက ပီကင္းကို သံအမတ္ႀကီးတစ္ေယာက္ေစလႊတ္မယ္။ ပီကင္းကလည္း ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္ အဖြဲ႕တစ္ဖြဲ႕ ကိယက္ဖ္ကို ေစလႊတ္မယ္ ဆိုတာပါ။ ေနာက္ၿပီး တ႐ုတ္က ကတိတစ္ခုေပးခဲ့ပါတယ္။ အဲဒါက ၿငိမ္းခ်မ္းေရး ေဆြးေႏြးတဲ့အခါ ဘယ္ဖက္ကမွမပါဘဲ ၾကားေနပါ မယ္ဆိုတာပါ။ တကယ္တန္း အလုပ္ျဖစ္မျဖစ္ ေစာင့္ၾကည့္ရမွာပါ။ ဘာပဲျဖစ္ျဖစ္ ႐ုရွား-ယူကရိန္းစစ္ပြဲစျဖစ္ၿပီးကတည္းက ဇီလန္စကီးနဲ႔ စကားေျပာဆိုမႈ မရွိခဲ့တဲ့ တ႐ုတ္သမၼတဟာ ဒီလိုဖုန္းေျပာဖို႔ကိုေမွ်ာ္ေနခဲ့တာ အေတာ္ၾကာၿပီျဖစ္လို႔ အခ်ိန္ကိုက္လို႔ဆိုရမွာပါ။

စိတ္ဝင္စားဖို႔ေကာင္းတာက တ႐ုတ္က ႐ုရွားနဲ႔ဆက္ဆံေရးမွာ “အကန႔္အသတ္မဲ့ မိတ္ဖက္ပူး ေပါင္းမႈ” ျဖစ္တယ္လို႔ သုံးႏႈန္းခဲ့ပါတယ္။ ဒါေပမဲ့ ယူကရိန္းနဲ႔ေျပာတဲ့အခါက်ေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြး တဲ့အခါ “ၾကားေန” ပါ့မယ္လို႔ ကတိေပးခဲ့ျပန္ပါတယ္။

သမၼတ ရွီက်င့္ဖ်င္အေနနဲ႔ေတာ့ ဥေရာပရဲ႕ “ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္သူ” အျဖစ္ မိမိကိုယ္ကို ပုံ‌ေဖၚခ်င္ပုံ ရပါတယ္။ ဒီမတိုင္ခင္ကလည္း အေရွ႕အလယ္ပိုင္းမွာ ကာလတာရွည္ ကမာၻရန္ျဖစ္ခဲ့တဲ့ ေဆာ္ဒီအာေရးဗ်နဲ႔ အီရန္ အၾကားမွာ ေအာင္ျမင္စြာရင္ၾကားေစ့ေပးခဲ့ဖူးပါတယ္။

ပြဲဆူသြားတဲ့ တ႐ုတ္သံအမတ္ရဲ႕ စကား
မၾကာေသးခင္က တ႐ုတ္သံတမန္တစ္ေယာက္က ဆိုးဆိုး႐ြား႐ြားမမွားသင့္တဲ့အမွားတစ္ခုကို ေျပာဆိုခဲ့ပါတယ္။ အဲဒါက “ ယခင္က ဆိုဗီယက္ယူနီယံထဲက ခြဲထြက္ခဲ့တဲ့ႏိုင္ငံေတြဟာ လြတ္လပ္တဲ့ ႏိုင္ငံေတြမဟုတ္ပါလို႔ ေျပာခဲ့တာပါ။ ျပင္သစ္ႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ လူရွားယဲ့ တိတိက်က်ေျပာ တာက “ ဆိုဗီယက္ႏိုင္ငံေဟာင္းေတြဟာ ႏိုင္ငံတကာ ဥပေဒမွာ သက္ေရာက္ေဘာင္ဝင္တဲ့ အဆင့္အတန္းမရွိပါဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔ရဲ႕ အခ်ဳပ္အခ်ာအာဏာပိုင္ဆိုင္မႈကို ႏိုင္ငံတကာက သေဘာတူအသိအမွတ္ျပဳတာ မရွိလို႔ပါ” လို႔ေျပာလိုက္တာပါ။

အဲဒီအဓိပၸာယ္အရ ယူကရိန္းဟာ လြတ္လပ္တဲ့ႏိုင္ငံတစ္ႏိုင္ငံမဟုတ္ဘူးလို႔ ဆိုရာေရာက္ပါတယ္။ သဘာဝက်က်ဘဲ အဲဒီစကားကို ယူကရိန္းသာမက တျခားဥေရာပႏိုင္ငံအမ်ားအျပားကပါ စိတ္ဆိုးမာန္ဆိုးနဲ႔ ကန႔္ကြက္တုံ႔ျပန္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ရွီက ဇီလန္းစကီးကိုဖုန္းနဲ႔ စကားေျပာတဲ့ အခါ ၾကားေနပါ့မယ္လို႔ ကတိေပးၿပီး သူ႔သံတမန္ရဲ႕ အမွားကို အဖတ္ဆယ္ခ်င္ပုံရပါတယ္။ သူတို႔ႏွစ္ေယာက္ဖုန္းေျပာတာက တစ္နာရီေတာင္ၾကာပါတယ္။

အေမရိကန္ကို အရႈိက္ထိုးလိုက္တဲ့ စကား
သမၼတ ရွီက ‘ယူကရိန္း အၾကပ္အတည္းနဲ႔ပတ္သက္ရင္၊ တ႐ုတ္ႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးဖက္က အၿမဲတမ္းရပ္တည္ခဲ့ပါတယ္။ အဓိက ရပ္တည္တာက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲျဖစ္ဖို႔ပါဘဲ။ တ႐ုတ္ဟာ မီးေလာင္ေနတာကို အခြင့္ေကာင္းယူ အျမတ္ထုတ္ဖို႔မဆိုထားနဲ႔ မီးေလာင္ေနတာကို တျခားတစ္ဖက္က ထိုင္ၾကည့္ေနတာလည္းမလုပ္သလို၊ ေလာင္စာထပ္ထည့္တာလည္းလုပ္မွာမဟုတ္ဘူး”လို႔ေျပာခဲ့ ေၾကာင္း စီစီတီဗြီ သတင္းကဆိုပါတယ္။ ဒီစကားက ယူကရိန္းကို အဓိက လက္နက္ခဲယမ္း မီးေက်ာက္ ေထာက္ပံ့ေပးေနတဲ့ မဟာမိတ္ႀကီး အေမရိကန္ကို အရႈိက္ထိုးလိုက္တဲ့ စကားပါ။ ဒီစကားနဲ႔ဘဲ တ႐ုတ္က အေမရိကန္နဲ႔ ဆန႔္က်င္ဘက္မွာ ရပ္ဖို႔ေနရာယူလိုက္ပါတယ္။ တ႐ုတ္ရဲ႕ ေနာက္ေျခလွမ္းက ကိယက္ဗ္ကို တ႐ုတ္အစိုးရရဲ႕ ဥေရာပအာရွေရးရာ အထူးကိုယ္စားလွယ္ေစလႊတ္ၿပီး ယူကရိန္းျပႆနာေျဖရွင္းဖို႔ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ဆုံစကားေျပာမွာပါ။

ယူကရိန္းသမၼတရဲ႕ အေကာင္းျမင္မႈ
သူတို႔ႏွစ္ဦးရဲ႕ဖုန္းေျပာဆိုမႈကို ဇီလန္းစကီးက “ ကြၽန္ေတာ္ သမၼတရွီက်င့္ဖ်င္ကို ဖုန္းနဲ႔ အဓိပၸာယ္ရွိတဲ့ စကားေတြ အၾကာႀကီးေျပာလိုက္ရပါတယ္။ ဒီလိုဖုန္းေျပာလိုက္ရတာေရာ၊ တ႐ုတ္ျပည္ဆိုင္ရာ ယူကရိန္း သံအမတ္ခန႔္အပ္လိုက္တာေရာက ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံဆက္ဆံေရးျဖစ္ေပၚတိုးတက္မႈ အတြက္ တြန္းအားျဖစ္ေစပါလိမ့္မယ္” လို႔ မွတ္ခ်က္ေပးပါတယ္။ ဒီမွတ္ခ်က္က ယဥ္ေက်းေပမဲ့ တိက် ေရရာမႈမရွိတဲ့စကားပါ။ ျပႆနာက ဇီလန္းစကီး အေနနဲ႔ တ႐ုတ္ရဲ႕ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္ခံလိုက္ၿပီလား၊ တ႐ုတ္က ၾကားဝင္ေစ့စပ္ေပးမဲ့ ႐ုရွားနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးကို လက္ခံလိုက္ၿပီလား၊ ရွင္းရွင္းလင္းလင္းသူဘာမွေျပာမသြားပါဘူး။

ဇီလန္းစကီးက ဖုန္းေျပာဆိုမႈနဲ႔ပတ္သက္ၿပီး “ အခုဆိုရင္ ယူကရိန္းနဲ႔ တ႐ုတ္အၾကားဆက္ဆံေရးကို စြမ္းအင္သစ္ေတြထပ္ျဖည့္ဖို႔ အခြင့္အလမ္းသစ္ေတြရွိေနပါၿပီ။ ကြၽန္ေတာ္တို႔ဟာ အေျခခံမူေတြနဲ႔ စည္းမ်ဥ္းမ်ားအေပၚ တည္ေဆာက္မဲ့ၿငိမ္းခ်မ္းေရးကိုရရွိဖို႔ တ႐ုတ္ရဲ႕ႏိုင္ငံေရးၾသဇာကို အသုံးျပဳဖို႔လည္း အခြင့္အေရးရခဲ့ပါၿပီ” လို႔ေျပာသြားပါတယ္။

အမွန္စင္စစ္အားျဖင့္ ယူကရိန္းနဲ႔ တ႐ုတ္ဟာ ဆက္ဆံေရးေကာင္းရွိခဲ့ပါတယ္။ တ႐ုတ္ဟာ ယူကရိန္းရဲ႕ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံတစ္ခုျဖစ္ၿပီး၊ တ႐ုတ္ကလည္း ယူကရိန္းအေပၚမွာ ဘာလီ၊ ေျပာင္း၊ သံသတၱဳ စတာေတြအျပင္ ကာကြယ္ေရးဆိုင္ရာ အေထာက္အကူပစၥည္းေတြကို မွီခိုအားထား ခဲ့ရပါတယ္။ တကယ္ေတာ့ ယူကရိန္းဟာ တ႐ုတ္ႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံး လက္နက္ ပစၥည္းေထာက္ပံ့ သူပါ။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ တစ္ခ်က္က တ႐ုတ္ရဲ႕ ပထမဆုံးေလယာဥ္တင္ သေဘၤာေလ်ာင္နင္ဟာ ယူကရိန္းဆီကရတာပါ။ ယူကရိန္းကလည္း အဲဒီ သေဘၤာကို ၁၉၉ဝ ခုႏွစ္ေတြတုန္းက ဆိုဗီယက္ကစြန႔္ႀကဲလိုက္လို႔ရခဲ့တာပါ။ ဒါကို ကိယက္ဗ္က ပီကင္းကို ျပန္လည္ ေရာင္းခ်ေပးခဲ့တာဘဲျဖစ္ပါတယ္။ အဲဒီေနာက္ တ႐ုတ္ေရတပ္က ျပင္ဆင္မြမ္းမံၿပီး ၂ဝ၁၂ ခုႏွစ္မွာ စတင္တာဝန္ ထမ္းေစခဲ့ပါတယ္။ ဒါေတြကို ၾကည့္ရင္ တ႐ုတ္နဲ႔ ယူကရိန္းတို႔ရဲ႕ ဆက္ဆံေရးနက္ရႈိင္းခဲ့ပုံကို မွန္းဆလို႔ရပါတယ္။

အခုေတာ့ အေျခအေနေတြက ေျပာင္းလဲခဲ့ပါၿပီ။ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္လိုက္တဲ့ အတြက္ အေျခအေနက လုံးဝေျပာင္းျပန္ျဖစ္သြားခဲ့ပါတယ္။ တ႐ုတ္က ႐ုရွားနဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိတဲ့ ႏိုင္ငံပါ။ ဒါေၾကာင့္ အခုျဖစ္ေနတဲ့ စစ္ပြဲကိုေတာင္ က်ဴးေက်ာ္စစ္လို႔ေတာင္ မသုံးႏႈန္းပါဘူး။ တ႐ုတ္က အၾကပ္အတည္းလို႔သာ သုံးႏႈန္းပါတယ္။ ဒါက တိတိက်က် ေရေရရာရာမရွိတဲ့ အသုံးအႏႈန္းပါ။ ဒါေၾကာင့္လည္း ယူကရိန္းက တ႐ုတ္ရဲ႕ ရည္႐ြယ္ခ်က္အေပၚ သတိထားေနတာပါ။ ဒါ့ျပင္ ယူကရိန္းမွာက တ႐ုတ္နဲ႔ ရန္ဘက္ျဖစ္ေနတဲ့ အေမရိကန္လို မဟာမိတ္ေတြလည္း ရွိေနပါတယ္။

ဖုန္းဆက္စကားေျပာခဲ့တဲ့အေပၚ တုန႔္ျပန္သံမ်ား
အေမရိကန္ေတြက ေခါင္းေဆာင္ႏွစ္ေယာက္ၾကားဖုန္းဆက္စကားေျပာဆိုမႈနဲ႔ပတ္သက္ၿပီး၊ အိမ္ျဖဴ ေတာ္အရာရွိ ဂြၽန္ကာဘီက “ သမၼတ ရွီက်င့္ဖ်င္နဲ႔ သမၼတ ဇီလန္းစကီးတို႔အၾကား ဖုန္းဆက္ စကားေျပာ ဆိုတဲ့ သတင္းကို ကြၽန္ေတာ္တို႔ ႀကိဳဆိုပါတယ္။ ဒါဟာ ေကာင္းတဲ့ကိစၥလို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္။ အခုအခ်ိန္ခါမွာေတာ့ အဓိပၸာယ္ရွိတဲ့ ၿငိမ္းခ်မ္းေရးအေ႐ြ႕တစ္ခု၊ ဒါမွမဟုတ္ အစီအစဥ္တစ္ခု၊ ဒါမွမဟုတ္ အဆိုျပဳခ်က္တစ္ခုဆီကို ဦးတည္ေနၿပီလားဆိုတာ ကြၽန္ေတာ္ေတာ့ မထင္ပါဘူး”။ အဓိပၸာယ္က အေမရိကန္ေတြကေတာ့ သံသယရွိေနတယ္လို႔ ဆိုခ်င္တာပါ။

ဥေရာပရဲ႕သေဘာထားကေတာ့၊ ဘယ္လိုၿငိမ္းခ်မ္းေရးမ်ိဳးယူမွာလဲဆိုတာက ကိယက္ဗ္ အေပၚမွာဘဲ မူတည္တယ္လို႔ေျပာပါတယ္။ “အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔က ယူကရိန္းကို ဆက္လက္ေထာက္ခံ ေပးေနမွာပါ။ ကြၽန္ေတာ့္အေနနဲ႔ သမၼတရွီနဲ႔ သမၼတဇီလန္းစကီးတို႔အၾကား ဖုန္းဆက္စကားေျပာတာကို အလြန္ႀကိဳဆိုပါတယ္။” လို႔ အီးယူရဲ႕ ႏိုင္ငံျခားေရးတာဝန္ခံ ဂ်ိဳးဇက္ေဘာ္ရဲလ္ ကေျပာလိုက္ပါတယ္။
႐ုရွားကလည္း ေခါင္းေဆာင္ႏွစ္ေယာက္ၾကား ဖုန္းဆက္စကားေျပာဆိုတာကို ႀကိဳဆိုပါတယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ ေမာ္စကိုအေနနဲ႔က စစ္ကိုဆက္လက္တိုက္ခ်င္ေနတဲ့သေဘာပါ။

“ကြၽန္ေတာ္တို႔ဟာ ႐ုရွားအေနနဲ႔ သူရည္မွန္းထားတဲ့ ပန္းတိုင္အားလုံးရရွိဖို႔နဲ႔ ယူကရိန္းပဋိပကၡကို အျမန္ၿပီးဆုံး ေစႏိုင္တဲ့ ဘာကိုပဲျဖစ္ျဖစ္ႀကိဳဆိုဖို႔ အသင့္ပါဘဲ။ သူတို႔ရဲ႕ ထုတ္ျပန္ေျပာၾကားခ်က္နဲ႔ ပတ္သက္ရင္ေတာ့ ဒါဟာ သူတို႔ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ရွိတဲ့ ျပႆနာပါ။ သူတို႔အခ်င္းခ်င္း အျပန္ အလွန္ေျပာၾကားတဲ့ ျပႆနာပဲျဖစ္ပါတယ္။” လို႔ ကရင္မလင္က ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီ ပက္စ္ ေကာ့ဗ္ကေျပာပါတယ္။ ဒါေတြက ေခါင္းေဆာင္ ႏွစ္ေယာက္ၾကားက ဖုန္းစကားေျပာဆိုမႈနဲ႔ပတ္သက္တဲ့ တုန႔္ျပန္ခ်က္ေတြဘဲျဖစ္ပါတယ္။

ဘာေၾကာင့္ တ႐ုတ္က တက္ႂကြေနသလဲ
အခု ရွီက်င့္ဖ်င္က ဘာျဖစ္လို႔ ယူကရိန္းျပႆနာကို စိတ္ဝင္စားေနရတာလဲ၊ ၾကားဝင္ေစ့စပ္ေပးဖို႔ ဘယ္လို အေၾကာင္းအရာေတြက တြန္းေဆာ္ေနတာလဲဆိုတဲ့ ေနာက္ကြယ္က အေၾကာင္းေတြ ၾကည့္ၾကပါစို႔။ ရွီဟာ သူ႔ကို ကမာၻ႔ႏိုင္ငံေရးေခါင္းေဆာင္ႀကီး တစ္ေယာက္အျဖစ္ ရႈျမင္ခံရဖို႔ဆိုတာက တကယ့္ကို ဆြဲေဆာင္မႈရွိတဲ့ ကိစၥပါ။ ဒါေပမဲ့ အဲဒီထက္ပိုတာက တ႐ုတ္နဲ႔ ဥေရာပရဲ႕ ဆက္ဆံေရးကို ပိုမိုတိုးတက္ေကာင္းမြန္ေစခ်င္တာ။ ေနာက္ၿပီး ဥေရာပကိုလည္း အေမရိကန္နဲ႔ ခြဲထုတ္ခ်င္ေနတာ။ အေနာက္တိုင္းမဟာမိတ္ေတြအၾကားမွာ သပ္တစ္ခု႐ိုက္သြင္းခ်င္တာနဲ႔ အေမရိကန္ရဲ႕ ၾသဇာကို အားနည္းသြားေစခ်င္တာ စတာေတြက ပိုအဓိကက်မယ္ထင္ပါတယ္။

အဲဒီလိုလုပ္ေနတာက သူ႔လမ္းအတိုင္းသြားေနပါၿပီ။ ဒါေပမဲ့ ကိုဗစ္ကပ္ေရာဂါနဲ႔ ယူကရိန္းစစ္ပြဲျဖစ္လာတဲ့အတြက္ ဥေရာပအေနနဲ႔ တ႐ုတ္နဲ႔ ဆက္ဆံေရးကို ျပန္လည္သုံးသပ္တာေတြ လုပ္ရပါေတာ့တယ္။ အေမရိကန္ရဲ႕ တ႐ုတ္အေပၚဆင္ႏႊဲတဲ့ ကုန္သြယ္ေရးစစ္ပြဲကလည္း ဥေရာပသမဂၢကို ဖိအားေတြေပးပါတယ္။
ဒါေၾကာင့္ တ႐ုတ္က ဒီလထဲမွာ ႏွစ္လိုဖြယ္ေကာင္းတဲ့ တန္ျပန္တိုက္စစ္ဆင္ပါတယ္။ ပထမ ျပင္သစ္သမၼတ မက္ခ႐ြန္ကို စည္း႐ုံးဖို႔ ႀကိဳးစားပါတယ္။ ထိုင္ဝမ္ကိစၥမွာ ဥေရာပသမဂၢအေနနဲ႔ တ႐ုတ္ေနာက္ကိုေရာ၊ အေမရိကန္ေနာက္ကိုပါ မလိုက္သင့္ဘဲ အမွီခိုကင္းတဲ့ မဟာဗ်ဴဟာ ရွိသင့္တယ္လို႔ ျပင္သစ္သမၼတက ေျပာလာတဲ့အထိ စည္း႐ုံးႏိုင္ခဲ့ပါတယ္။

ဒီလို အကန႔္အသတ္ရွိတဲ့ ရလဒ္ေကာင္းတစ္ခ်ိဳ႕ရခဲ့ေပမဲ့ လစ္သူေယးနီးယားနဲ႔ ကုန္သြယ္ေရးစစ္ပြဲက ပိုျပင္းထန္လာပါတယ္။ ေနာက္ၿပီး အီးယူက တ႐ုတ္ကို ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ WTO မွာ စိန္ေခၚပါတယ္။
အေျခအေနေတြကို ပိုဆိုး႐ြားသြားေစတာက ျပင္သစ္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္က ယခင္ ဆိုဗီယက္ျပည္ေထာင္စုႏိုင္ငံေဟာင္းေတြရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ေမးခြန္းထုတ္ခဲ့တာ ပဲျဖစ္ပါတယ္။ ဒီကိစၥက သံတမန္ေလာကမွာ မုန္တိုင္းတစ္ခုလို ပူပူညံညံျဖစ္လာၿပီး ပီကင္းကိုပါ အေနရခက္ေစခဲ့ပါတယ္။

ဒါေၾကာင့္မို႔ ပီကင္းအေနနဲ႔ မွ်တၿပီးဘက္မလိုက္တဲ့ၾကားခံေအာင္သြယ္သူ တစ္ေယာက္အေနနဲ႔ အမ်ားက အျမင္ေျပာင္းလဲလာေအာင္ ႀကိဳးစားရတာျဖစ္ပါတယ္။ ဒါေၾကာင့္ သမၼတရွီက်င့္ဖ်င္အေနနဲ႔ သမၼတ ဇယ္လန္းစကီးကို စတင္ဖုန္းေခၚဆိုၿပီး ၿငိမ္းခ်မ္းေရးေအာင္သြယ္ေတာ္လုပ္ဖို႔ ေျပာဆိုရတာ ပဲျဖစ္ပါတယ္။
ဒါေပမဲ့ ယူကရိန္းကို အဓိကအားေပးေထာက္ခံေနတဲ့ အေမရိကန္က၊ တ႐ုတ္ၾသဇာတက္သြားမယ့္ ဒီလိုပြဲကို လိုလိုလားလားမရွိဘူးဆိုရင္၊ ဒီေဆြးေႏြးပြဲျဖစ္ဖို႔နဲ႔ ေအာင္ျမင္ဖို႔က လြယ္ကူပါ့မလားလို႔ ေမးခြန္းထုတ္စရာျဖစ္ေနဆဲပါ။

ရည္ၫႊန္း - အိႏၵိယ သတင္းဌာနတစ္ခုျဖစ္ေသာ Firstpost ၏ China's Xi Jinping Calls Ukraine's Zelensky to Discuss Peace with Russia | Vantage with Palki Sharma

Picture

09450649007

13/05/2023 00:40

)m. mm))

Related news

© 2021. All rights reserved.