ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံးမှ မြန်မာရိုးရာလက်မှုပစ္စည်းများ ပြသရောင်းချ

 876

စော (NP News) - မေ ၁၁

ဂျပန်နိုင်ငံရှိ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် The Asia-Pacific Festival & Charity Bazaar 2023 ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံးမှ မြန်မာရိုးရာလက်မှုပစ္စည်းများ ပြသရောင်းချခဲ့ကြောင်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(မေလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ The Asia-Pacific Festival & Charity Bazaar 2023 ဈေးရောင်းပွဲတော်ကို Meiji Kinenkan ခန်းမကြီးတွင် မေလ (၁ဝ)ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းပွဲတော်တွင် တိုကျိုမြို့ရှိ မြန်မာသံရုံးမှ လက်မှုပစ္စည်းများနှင့် စားသောက်ကုန်များ ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရသည်။

ဈေးပွဲတော်သို့ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီး အပါအဝင် လူ (၃ဝဝဝ) ကျော် လာရောက်အားပေးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအပြင် သံရုံး(၁၉)ရုံးမှ ဆိုင်ခန်းများဖွင့်လှစ်၍ ရိုးရာအစား အစာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အသုံးအဆောင်ပစ္စည်းများအား ခင်းကျင်းပြသရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် တိုကျိုမြို့ရှိ မြန်မာသံရုံးမှလည်း မြန်မာရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက် ကျောက်စိမ်းလက်ဝတ်ရတနာများ၊ မြန်မာ့ငွေထည်ပစ္စည်းများ၊ မြန်မာ့ရွှေချည် ထိုးနှင့် ငွေချည်ထိုး အသုံးအဆောင်များလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာ့သစ်သားဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာအစားအသောက်များ၊ မြန်မာ့ကော်ဖီထုတ်ကုန်များ အပါအဝင် မြန်မာ့ဝါးအား ဂျပန်နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကိုလည်း ဈေးရောင်းပွဲတော်တွင် ပြသခဲ့ကြောင်း သိရသည်။

zawgyi version
ဂ်ပန္ႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ ေဈးေရာင္းပြဲေတာ္တြင္ ျမန္မာသံ႐ုံးမွ ျမန္မာ႐ိုးရာလက္မႈပစၥည္းမ်ား ျပသေရာင္းခ်

ေစာ (NP News) - ေမ ၁၁

ဂ်ပန္ႏိုင္ငံရွိ တိုက်ိဳၿမိဳ႕တြင္ က်င္းပျပဳလုပ္သည့္ The Asia-Pacific Festival & Charity Bazaar 2023 ေဈးေရာင္းပြဲေတာ္တြင္ ျမန္မာသံ႐ုံးမွ ျမန္မာ႐ိုးရာလက္မႈပစၥည္းမ်ား ျပသေရာင္းခ်ခဲ့ေၾကာင္းသိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔(ေမလ ၁၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ The Asia-Pacific Festival & Charity Bazaar 2023 ေဈးေရာင္းပြဲေတာ္ကို Meiji Kinenkan ခန္းမႀကီးတြင္ ေမလ (၁ဝ)ရက္က က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေဈးေရာင္းပြဲေတာ္တြင္ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ လက္မႈပစၥည္းမ်ားႏွင့္ စားေသာက္ကုန္မ်ား ခင္းက်င္းျပသေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

ေဈးပြဲေတာ္သို႔ ျမန္မာသံ႐ုံးမွ သံအမတ္ႀကီး ဦးစိုးဟန္ႏွင့္ ဇနီး အပါအဝင္ လူ (၃ဝဝဝ) ေက်ာ္ လာေရာက္အားေပးခဲ့ေၾကာင္း သိရသည္။

ဂ်ပန္ႏိုင္ငံရွိ ကုမၸဏီမ်ားႏွင့္ အဖြဲ႕အစည္းမ်ားအျပင္ သံ႐ုံး(၁၉)႐ုံးမွ ဆိုင္ခန္းမ်ားဖြင့္လွစ္၍ ႐ိုးရာအစား အစာမ်ားႏွင့္ ယဥ္ေက်းမႈဆိုင္ရာ အထိမ္းအမွတ္ အသုံးအေဆာင္ပစၥည္းမ်ားအား ခင္းက်င္းျပသေရာင္းခ်ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ျပင္ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွလည္း ျမန္မာ႐ိုးရာယြန္းထည္ပစၥည္းမ်ား၊ ျမန္မာ့႐ိုးရာယြန္းထည္ပစၥည္းမ်ား၊ ျမန္မာ့တြင္းထြက္ ေက်ာက္စိမ္းလက္ဝတ္ရတနာမ်ား၊ ျမန္မာ့ေငြထည္ပစၥည္းမ်ား၊ ျမန္မာ့ေ႐ႊခ်ည္ ထိုးႏွင့္ ေငြခ်ည္ထိုး အသုံးအေဆာင္မ်ားလည္း ခင္းက်င္းျပသခဲ့ေၾကာင္း သိရသည္။

အလားတူ ျမန္မာ့သစ္သားျဖင့္ျပဳလုပ္ထားသည့္ အသုံးအေဆာင္ပစၥည္းမ်ား၊ ျမန္မာအစားအေသာက္မ်ား၊ ျမန္မာ့ေကာ္ဖီထုတ္ကုန္မ်ား အပါအဝင္ ျမန္မာ့ဝါးအား ဂ်ပန္နည္းပညာကို အသုံးျပဳ၍ ထုတ္လုပ္ထားသည့္ လူသုံးကုန္ပစၥည္းမ်ားကိုလည္း ေဈးေရာင္းပြဲေတာ္တြင္ ျပသခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.