မိုခါမုန်တိုင်းက မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ လူပေါင်း ၂ သန်းကျော်ကို သက်ရောက်မှုများရှိလာနိုင်ဖွယ်ရှိနေဟု (GDACS) အဖွဲ့ ဆို

 1920

ဂျန်ဇက် (NP News) - မေ ၁၂

မိုခါမုန်တိုင်းကြောင့် မြန်မာနဲ့ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသတစ်လျှောက်မှာ လူပေါင်း ၂ သန်းကျော် သက်ရောက်မှု များ တွေ့ကြုံရဖွယ်ရှိနေတယ်လို့ နိုင်ငံတကာမိုးလေဝသဌာနတစ်ခုဖြစ်တဲ့ (GDACS) က ခန့်မှန်းထားပါတယ်။

အဆိုပါအဖွဲ့ရဲ့အဆိုအရ မိုခါမုန်တိုင်းဟာ မေလ ၁၁ ရက်နေ့မှာ စတင်နေပြီး လက်ရှိအချိန်မှာ ဘင်္ဂလားဒေရှ့် နဲ့ မြန်မာနိုင်ငံတို့မှာ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နဲ့ စစ်တွေမြို့တို့ကဲ့သို့သော မြို့အချို့မှာ ဆိုးရွားစွာ သက်ရောက်မှုများရှိလာနိုင်ပြီး ရခိုင်ပြည်နယ်မှာ လူပေါင်း ၁ သန်းနီးပါး သက်ရောက်မှုတွေ ရှိလာနိုင်ဖွယ် ရှိနေပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် မကွေးတိုင်းဒေသကြီးမှာ လူပေါင်း ၁၇ဝဝဝဝ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ လူပေါင်း ၄၄ဝဝဝဝ ကျော် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း (GDACS) အဖွဲ့က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ချင်းပြည် နယ်၊ ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်းတို့အပါအဝင် ပြည်နယ် နဲ့ တိုင်းအချို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းကြီး၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်လာနိုင်ကြောင်း (GDACS) အဖွဲ့က ဆိုပါတယ်။

မြန်မာမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက မုန်တိုင်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇာဒေသတို့ကို မေလ ၁၄ ရက်နေ့မှာ တိုက်ရိုက်ဝင်ရောက်ဖွယ်ရှိနေကြောင်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ချိန်မှာ လေတိုက်နှုန်းက တစ်နာရီ ၁၇၅-၁၈၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ဖွယ်ရှိနေကြောင်း၊ မုန်တိုင်းသတိပေးမှုစင်တာနဲ့ အိန္ဒိယ မိုးလေဝသဌာန က ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့မှာ ရုတ်တရက် မိုးရွာခြင်းများဖြစ်ပွားခဲ့သလို ရှမ်းပြည်နယ်ကလေးမြို့မှာ လေပြင်း တိုက်ခတ်မှုနဲ့အတူ မိုးသည်းစွာရွာသွန်းမှုကြောင့်အလုပ်သမား ၇၂ ဦးရဲ့ တဲများ ပျက်စီးနစ်မြှုပ်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
မိုခါမုန္တိုင္းက ျမန္မာႏိုင္ငံ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံရွိ လူေပါင္း ၂ သန္းေက်ာ္ကို သက္ေရာက္မႈမ်ားရွိလာႏိုင္ဖြယ္ရွိေနဟု (GDACS) အဖြဲ႕ ဆို
ဂ်န္ဇက္ (NP News) - ေမ ၁၂

မိုခါမုန္တိုင္းေၾကာင့္ ျမန္မာနဲ႔ဘဂၤလားေဒရွ႕္နယ္စပ္ေဒသတစ္ေလွ်ာက္မွာ လူေပါင္း ၂ သန္းေက်ာ္ သက္ေရာက္မႈ မ်ား ေတြ႕ႀကဳံရဖြယ္ရွိေနတယ္လို႔ ႏိုင္ငံတကာမိုးေလဝသဌာနတစ္ခုျဖစ္တဲ့ (GDACS) က ခန႔္မွန္းထားပါတယ္။

အဆိုပါအဖြဲ႕ရဲ႕အဆိုအရ မိုခါမုန္တိုင္းဟာ ေမလ ၁၁ ရက္ေန႔မွာ စတင္ေနၿပီး လက္ရွိအခ်ိန္မွာ ဘဂၤလားေဒရွ႕္ နဲ႔ ျမန္မာႏိုင္ငံတို႔မွာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ႀကိဳတင္ျပင္ဆင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနေၾကာင္း သိရပါတယ္။ မုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ နဲ႔ စစ္ေတြၿမိဳ႕တို႔ကဲ့သို႔ေသာ ၿမိဳ႕အခ်ိဳ႕မွာ ဆိုး႐ြားစြာ သက္ေရာက္မႈမ်ားရွိလာႏိုင္ၿပီး ရခိုင္ျပည္နယ္မွာ လူေပါင္း ၁ သန္းနီးပါး သက္ေရာက္မႈေတြ ရွိလာႏိုင္ဖြယ္ ရွိေနပါတယ္။

ဒါ့အျပင္ မုန္တိုင္းေၾကာင့္ မေကြးတိုင္းေဒသႀကီးမွာ လူေပါင္း ၁၇ဝဝဝဝ၊ စစ္ကိုင္းတိုင္းေဒသႀကီးမွာ လူေပါင္း ၄၄ဝဝဝဝ ေက်ာ္ သက္ေရာက္မႈမ်ား ရွိလာႏိုင္ေၾကာင္း (GDACS) အဖြဲ႕က ခန႔္မွန္းထားပါတယ္။ ဒါ့အျပင္ ခ်င္းျပည္ နယ္၊ ဧရာဝတီတိုင္း နဲ႔ ရန္ကုန္တိုင္းတို႔အပါအဝင္ ျပည္နယ္ နဲ႔ တိုင္းအခ်ိဳ႕မွာလည္း မိုးသည္းထန္စြာ ႐ြာသြန္းႀကီး၊ ေလျပင္းတိုက္ခိုက္ျခင္းမ်ားျဖစ္လာႏိုင္ေၾကာင္း (GDACS) အဖြဲ႕က ဆိုပါတယ္။

ျမန္မာမိုးေလဝသနဲ႔ဇလေဗဒဦးစီးဌာနက မုန္တိုင္းဟာ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ နဲ႔ ဘဂၤလားေဒရွ႕္ႏိုင္ငံ ေကာ့ဘဇာေဒသတို႔ကို ေမလ ၁၄ ရက္ေန႔မွာ တိုက္႐ိုက္ဝင္ေရာက္ဖြယ္ရွိေနေၾကာင္း ခန႔္မွန္းထားပါတယ္။ မုန္တိုင္းဟာ ကုန္းတြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္ခ်ိန္မွာ ေလတိုက္ႏႈန္းက တစ္နာရီ ၁၇၅-၁၈၅ ကီလိုမီတာႏႈန္းနဲ႔ တိုက္ခတ္ဖြယ္ရွိေနေၾကာင္း၊ မုန္တိုင္းသတိေပးမႈစင္တာနဲ႔ အိႏၵိယ မိုးေလဝသဌာန က ခန႔္မွန္းထားပါတယ္။

လက္ရွိအခ်ိန္မွာ ရန္ကုန္ၿမိဳ႕မွာ ႐ုတ္တရက္ မိုး႐ြာျခင္းမ်ားျဖစ္ပြားခဲ့သလို ရွမ္းျပည္နယ္ကေလးၿမိဳ႕မွာ ေလျပင္း တိုက္ခတ္မႈနဲ႔အတူ မိုးသည္းစြာ႐ြာသြန္းမႈေၾကာင့္အလုပ္သမား ၇၂ ဦးရဲ႕ တဲမ်ား ပ်က္စီးနစ္ျမႇဳပ္ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.