တရုတ်နဲ့ကောင်းမွန်တဲ့ အပြန်အလှန်ဖလှယ်မှုတွေ လုပ်ဆောင်လိုနေတဲ့ ထိုင်ဝမ်

 852

Pika (NP News) - ဇန်နဝါရီ ၁

တရုတ်နိုင်ငံနဲ့ တန်းတူညီမျှ ဂုဏ်သိက္ခာရှိပြီး ကျန်းမာတဲ့ဖလှယ်မှုတွေကို ကြိုဆိုတယ်လို့ ထိုင်ဝမ်သမ္မတလိုင်ချန်တေးက ဇန်နဝါရီလ(၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း တရုတ်ဘက်က အဲဒီလိုမျိုးကောင်းမွန်တဲ့စိတ်ဆန္ဒတွေ ရှိသလားဆိုတာကို တွေးမိတယ်လို့လည်း လိုင်ချန်တေးကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလမှာ ထိုင်ဝမ်သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ လိုင်ချန်တေးဟာ တရုတ်နိုင်ငံနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တရုတ်အစိုးရရဲ့ပြောဆိုချက်တွေကို ထိုင်ဝမ်အစိုးရက ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂါတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။
လိုင်ချန်တေးက "ဂုဏ်သိက္ခာရှိတဲ့အခြေခံမူတွေအရ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့အပြန်အလှန်ဖလှယ်မှုတွေကို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်ပစ္စည်းရောင်းချမှုတွေနဲ့ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း(၇)ခု နဲ့ အခြားဆက်စပ်တဲ့ အကြီးတန်းအမှုဆောင်အရာရှိတွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်ဆံရေးတွေ မရှိပေမယ့်လည်း ထိုင်ဝမ်ရဲ့အကြီးဆုံးကျောထောက်နောက်ခံနဲ့ စစ်လက်နက်ပစ္စည်းပံ့ပိုးပေးတဲ့နိုင်ငံအဖြစ် ရပ်တည်နေတာအချိန်အတော်ကြာနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္နဲ႔ေကာင္းမြန္တဲ့ အျပန္အလွန္ဖလွယ္မႈေတြ လုပ္ေဆာင္လိုေနတဲ့ ထိုင္ဝမ္
Pika (NP News) - ဇန္နဝါရီ ၁

တ႐ုတ္ႏိုင္ငံနဲ႔ တန္းတူညီမွ် ဂုဏ္သိကၡာရွိၿပီး က်န္းမာတဲ့ဖလွယ္မႈေတြကို ႀကိဳဆိုတယ္လို႔ ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးက ဇန္နဝါရီလ(၁)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း တ႐ုတ္ဘက္က အဲဒီလိုမ်ိဳးေကာင္းမြန္တဲ့စိတ္ဆႏၵေတြ ရွိသလားဆိုတာကို ေတြးမိတယ္လို႔လည္း လိုင္ခ်န္ေတးကေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေမလမွာ ထိုင္ဝမ္သမၼတအျဖစ္ စတင္တာဝန္ယူခဲ့တဲ့ လိုင္ခ်န္ေတးဟာ တ႐ုတ္ႏိုင္ငံနဲ႔ ပုံမွန္ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ပယ္ခ်ခံခဲ့ရတယ္လို႔ သိရပါတယ္။တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ အႀကိမ္ႀကိမ္ေျပာဆိုခဲ့ဖူးတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြကို ထိုင္ဝမ္အစိုးရက ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂါတ္ကို ကိုယ္တိုင္ဆုံးျဖတ္ႏိုင္တယ္လို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုထားတာလည္းျဖစ္ပါတယ္။
လိုင္ခ်န္ေတးက "ဂုဏ္သိကၡာရွိတဲ့အေျခခံမူေတြအရ တ႐ုတ္ႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့အျပန္အလွန္ဖလွယ္မႈေတြကို လုပ္ေဆာင္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ထိုင္ဝမ္ကို အေမရိကန္က စစ္လက္နက္ပစၥည္းေရာင္းခ်မႈေတြနဲ႔ပတ္သက္ၿပီး စစ္ဘက္ဆိုင္ရာစက္မႈလုပ္ငန္း(၇)ခု နဲ႔ အျခားဆက္စပ္တဲ့ အႀကီးတန္းအမႈေဆာင္အရာရွိေတြကို တ႐ုတ္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

အေမရိကန္ဟာ ထိုင္ဝမ္နဲ႔တရားဝင္သံတမန္ဆက္ဆံေရးေတြ မရွိေပမယ့္လည္း ထိုင္ဝမ္ရဲ႕အႀကီးဆုံးေက်ာေထာက္ေနာက္ခံနဲ႔ စစ္လက္နက္ပစၥည္းပံ့ပိုးေပးတဲ့ႏိုင္ငံအျဖစ္ ရပ္တည္ေနတာအခ်ိန္အေတာ္ၾကာေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.