ဂျပန်နိုင်ငံ၌ အလုပ်လုပ်ရန် မြန်မာလုပ်သား (၆ဝဝ)ကျော်ကို ထပ်မံခေါ်ယူသွားမည်ဟု မြန်မာသံရုံးကြေညာ
573
စော (NP News) - မေ ၁၆
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား(၆ဝဝ)ကျော်ကို ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ကြေညာထားသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ မေလ ၁၅ ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာသံရုံးမှ မေလ(၁)ရက်မှ (၁၅)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့သော အလုပ်ကမ်းလှမ်းစာ (၁၉၇)ခုရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အထက်ပါ အလုပ်ကမ်းလှမ်းစာများအရ မြန်မာနိုင်ငံမှ အမျိုးသား(၃ဝ၅)ဦးနှင့် အမျိုးသမီး(၃၃၄)ဦး စုစုပေါင်း (၆၃၉)ဦးကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် အဆိုပါ အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိကို အထောက်အထားများဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးပြီးနောက် သတ်မှတ်ချက်များ၊ သဘောထားများကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
zawgyi version
ဂ်ပန္ႏိုင္ငံ၌ အလုပ္လုပ္ရန္ ျမန္မာလုပ္သား (၆ဝဝ)ေက်ာ္ကို ထပ္မံေခၚယူသြားမည္ဟု ျမန္မာသံ႐ုံးေၾကညာ
ေစာ (NP News) - ေမ ၁၆
ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ျမန္မာလုပ္သား(၆ဝဝ)ေက်ာ္ကို ထပ္မံေခၚယူသြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးမွ ေၾကညာထားသည္။
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ေမလ ၁၅ ရက္တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာသံ႐ုံးမွ ေမလ(၁)ရက္မွ (၁၅)ရက္အတြင္း စိစစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔ခဲ့ေသာ အလုပ္ကမ္းလွမ္းစာ (၁၉၇)ခုရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အထက္ပါ အလုပ္ကမ္းလွမ္းစာမ်ားအရ ျမန္မာႏိုင္ငံမွ အမ်ိဳးသား(၃ဝ၅)ဦးႏွင့္ အမ်ိဳးသမီး(၃၃၄)ဦး စုစုေပါင္း (၆၃၉)ဦးကို ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ေခၚယူသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။
ျမန္မာသံ႐ုံးအေနျဖင့္ အဆိုပါ အလုပ္ေခၚယူသည့္ စက္႐ုံ၊ ကုမၸဏီမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ တရားဝင္တည္ေထာင္ထားျခင္း ရွိ/မရွိကို အေထာက္အထားမ်ားျဖင့္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးၿပီးေနာက္ သတ္မွတ္ခ်က္မ်ား၊ သေဘာထားမ်ားကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔ခဲ့ၿပီးျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။