ဥရောပ၏ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရရန် ချန်ပီယံလိဂ်ဆုဖလား ရယူရန်လိုအပ်နေကြောင်း မန်စီးတီးနည်းပြပြော

511

Pika (NP News) - မေ ၂၃
မန်စီးတီးနည်းပြဂွါဒီယိုလာက ၎င်း၏အသင်းသည် ဥရောပ၏ အကောင်းဆုံးအသင်းများကြားတွင် ကြီးကျယ် ခမ်းနားသော အသင်းအဖြစ် သတ်မှတ်ခံရရန်အတွက် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးရန်လိုအပ်နေသေးသည်ဟု ယုံကြည်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် လက်ရှိရာသီတွင် ဖလားသုံးလုံးရယူနိုင်မည့် လမ်းကြောင်းပေါ်တွင်ရှိနေပြီး လတ်တလော တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုလားကို ရယူထားနိုင်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ဖလား အပါအဝင် ချန်ပီယံဆုဖလားသုံးလုံး ရယူနိုင်မည်ဆိုပါက မန်ယူအသင်းပြီးလျှင် ဖလားသုံးလုံး ရယူနိုင်သည့် ဒုတိယမြောက်အင်္ဂလန်အသင်း ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
မန်စီးတီးအသင်းသည် သုံးရက်သီဆက်တိုက် ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဖလားသုံးလုံးရယူနိုင်ရန် အတွက် FA ဖလားဗိုလ်လုပွဲ နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတို့ကို ကစားရဦးမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ဆုဖလားကို ရရှိထားသော်လည်း ဥရောပထိပ်သီးအသင်းများကြားတွင် အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရရန်အတွက် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးရန်လိုအပ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာ က ပြောကြားခဲ့သည်။
နည်းပြဂွါဒီယိုလာ က "ကျွန်တော်တို့အသင်းက အရမ်းကောင်းခဲ့ပေမယ့် ဥရောပရဲ့ထိပ်သီးအသင်းတွေကြားမှာ အကောင်းဆုံးအသင်းအဖြစ် အာရုံစိုက်ခံရဖို့က ချန်ပီယံလိဂ်ဆုဖလားကိုဆွတ်ခူးနိုင်မှ ရမယ်လို့ယုံကြည်ပါတယ်။ ဥရောပရဲ့ထိပ်သီးအသင်းတွေဟာ ချန်ပီယံလိဂ်ဆုဖလားကို တစ်ကြိမ်မက ရယူဖူးပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကို ရောက်ရှိသွားတဲ့ပျော်ရွှင်မှုက တကယ်ကိုကောင်းပါတယ်။ ဒီနေရာကိုရောက်နေရတာက တကယ်ကို ကျေနပ် စရာပါပဲ။ ကျွန်တော်တို့အကောင်းဆုံးအသင်းအဖြစ် အာရုံစိုက်ခံချင်ရင် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးဖို့လို ပါတယ်။ ကျွန်တော်တို့ရပ်တန့်စရာ အကြောင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ကျွန်တော်တို့ ရှုံးနိမ်ခဲ့ပေမယ့် ကျွန်တော်တို့ ဒီရာသီမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အကောင်းဆုံးအသင်းတွေက အမြဲတမ်း ကြိုးစားဖို့ စိတ်အားထက်သန်နေကြတာပါ" ဟု ပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် FA ဖလားဗိုလ်လုပွဲအဖြစ် ဇွန်(၃)ရက်တွင် မန်ယူအသင်းနှင့်ကစားရမည်ဖြစ်သလို ဇွန်လ(၁၁)ရက်တွင် အင်တာမီလန်အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။

Zawgyi Version;
ဥေရာပ၏ အေကာင္းဆုံးအသင္းအျဖစ္ သတ္မွတ္ခံရရန္ ခ်န္ပီယံလိဂ္ဆုဖလား ရယူရန္လိုအပ္ေနေၾကာင္း မန္စီးတီးနည္းျပေျပာ
Pika (NP News) - ေမ ၂၃
မန္စီးတီးနည္းျပဂြါဒီယိုလာက ၎၏အသင္းသည္ ဥေရာပ၏ အေကာင္းဆုံးအသင္းမ်ားၾကားတြင္ ႀကီးက်ယ္ ခမ္းနားေသာ အသင္းအျဖစ္ သတ္မွတ္ခံရရန္အတြက္ ခ်န္ပီယံလိဂ္ဆုဖလားကို ဆြတ္ခူးရန္လိုအပ္ေနေသးသည္ဟု ယုံၾကည္ေနေၾကာင္း သိရသည္။
မန္စီးတီးအသင္းသည္ လက္ရွိရာသီတြင္ ဖလားသုံးလုံးရယူႏိုင္မည့္ လမ္းေၾကာင္းေပၚတြင္ရွိေနၿပီး လတ္တေလာ တြင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုလားကို ရယူထားႏိုင္ေၾကာင္း သိရသည္။ မန္စီးတီးအသင္းသည္ ယခုရာသီတြင္ ခ်န္ပီယံလိဂ္ဖလား အပါအဝင္ ခ်န္ပီယံဆုဖလားသုံးလုံး ရယူႏိုင္မည္ဆိုပါက မန္ယူအသင္းၿပီးလွ်င္ ဖလားသုံးလုံး ရယူႏိုင္သည့္ ဒုတိယေျမာက္အဂၤလန္အသင္း ျဖစ္လာႏိုင္ဖြယ္ရွိေနသည္။
မန္စီးတီးအသင္းသည္ သုံးရက္သီဆက္တိုက္ ပရီးမီးယားလိဂ္ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ဖလားသုံးလုံးရယူႏိုင္ရန္ အတြက္ FA ဖလားဗိုလ္လုပြဲ ႏွင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတို႔ကို ကစားရဦးမည္ျဖစ္သည္။ ပရီးမီးယားလိဂ္ဆုဖလားကို ရရွိထားေသာ္လည္း ဥေရာပထိပ္သီးအသင္းမ်ားၾကားတြင္ အေကာင္းဆုံးအသင္းအျဖစ္ သတ္မွတ္ခံရရန္အတြက္ ခ်န္ပီယံလိဂ္ဆုဖလားကို ဆြတ္ခူးရန္လိုအပ္ေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာ က ေျပာၾကားခဲ့သည္။
နည္းျပဂြါဒီယိုလာ က "ကြၽန္ေတာ္တို႔အသင္းက အရမ္းေကာင္းခဲ့ေပမယ့္ ဥေရာပရဲ႕ထိပ္သီးအသင္းေတြၾကားမွာ အေကာင္းဆုံးအသင္းအျဖစ္ အာ႐ုံစိုက္ခံရဖို႔က ခ်န္ပီယံလိဂ္ဆုဖလားကိုဆြတ္ခူးႏိုင္မွ ရမယ္လို႔ယုံၾကည္ပါတယ္။ ဥေရာပရဲ႕ထိပ္သီးအသင္းေတြဟာ ခ်န္ပီယံလိဂ္ဆုဖလားကို တစ္ႀကိမ္မက ရယူဖူးပါတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ကို ေရာက္ရွိသြားတဲ့ေပ်ာ္႐ႊင္မႈက တကယ္ကိုေကာင္းပါတယ္။ ဒီေနရာကိုေရာက္ေနရတာက တကယ္ကို ေက်နပ္ စရာပါပဲ။ ကြၽန္ေတာ္တို႔အေကာင္းဆုံးအသင္းအျဖစ္ အာ႐ုံစိုက္ခံခ်င္ရင္ ခ်န္ပီယံလိဂ္ဆုဖလားကို ဆြတ္ခူးဖို႔လို ပါတယ္။ ကြၽန္ေတာ္တို႔ရပ္တန႔္စရာ အေၾကာင္းမရွိပါဘူး။ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ကြၽန္ေတာ္တို႔ ရႈံးနိမ္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ ဒီရာသီမွာ အေကာင္းဆုံးႀကိဳးစားခဲ့ပါတယ္။ အေကာင္းဆုံးအသင္းေတြက အၿမဲတမ္း ႀကိဳးစားဖို႔ စိတ္အားထက္သန္ေနၾကတာပါ" ဟု ေျပာဆိုခဲ့သည္။
မန္စီးတီးအသင္းသည္ FA ဖလားဗိုလ္လုပြဲအျဖစ္ ဇြန္(၃)ရက္တြင္ မန္ယူအသင္းႏွင့္ကစားရမည္ျဖစ္သလို ဇြန္လ(၁၁)ရက္တြင္ အင္တာမီလန္အသင္းႏွင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားရမည္ျဖစ္သည္။