ပဲခူးတိုင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆည်များရှိသော်လည်း PDF နှင့် လက်နက်ကိုင်အဖွဲ့အချို့က ဖျက်ဆီးနေဟု နစကဥက္ကဋ္ဌဆို

 2830

မျိုးကြီး (NP News) - မေ ၂၃

ပဲခူးတိုင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆည်များ တည်ဆောက်ထားသော် လည်း PDF နှင့် လက်နက်ကိုင်အဖွဲ့အချို့က ဖျက်ဆီးနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ယမန်နေ့(မေ ၂၂ ရက်) တွင် ပဲခူးတိုင်း၊ ပဲခူးမြို့တော်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်အချိန်တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်း၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓာတ်အားများ လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်က လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခြင်း၊ ရပ်တန့်ခဲ့ရခြင်းများ ရှိသည့်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များမှာ ယခုအချိန်ထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက အသိပေးပြောဆိုထားသည်။

ထို့ပြင် ပဲခူးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆည်များ တည်ဆောက် ထားသော်လည်း PDF အမည်ခံအကြမ်းဖက်သမားများ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှု များကို ကြုံတွေ့နေရသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့်ပမာဏသည် မဂ္ဂါဝပ် (၇ဝဝဝ)ကျော် ရှိသော်လည်း လက်ရှိ အခြေအနေတွင် မဂ္ဂါဝပ်(၂ဝဝဝ) ကျော်သာ ထုတ်လုပ်နိုင်ကြောင်း ကြားသိရပြီး ၎င်းအချက်အလက်နှင့်ပတ်သက်၍ NP News မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ယခုအချိန်ထိ ပြန်လည် ဖြေကြားပေးခြင်းမျိုး မရှိသေးပေ။

နိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကြောင့် MSME လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း ကြားသိရသည်။

ထို့ပြင် PDF အဖွဲ့များက လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြိမ်ရေစုစုပေါင်းမှာ (၂၂၇)ကြိမ်ထက်မနည်း ရှိခဲ့ကြောင်းလည်း နစက၏ သတင်းအချက်အလက်များအရ သိရှိရသည်။

Zawgyi Version;
ပဲခူးတိုင္း၌ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ရန္ ဆည္မ်ားရွိေသာ္လည္း PDF ႏွင့္ လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က ဖ်က္ဆီးေနဟု နစကဥကၠ႒ဆို
မ်ိဳးႀကီး (NP News) - ေမ ၂၃

ပဲခူးတိုင္း၌ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ရန္ ဆည္မ်ား တည္ေဆာက္ထားေသာ္လည္း PDF ႏွင့္ လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က ဖ်က္ဆီးေနေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က ယမန္ေန႔(ေမ ၂၂ ရက္) တြင္ ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕ေတာ္ခန္းမ၌ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံစဥ္အခ်ိန္တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံအတြင္း၌ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ လွ်ပ္စစ္ဓာတ္အားမ်ား လိုအပ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ယခင္က လွ်ပ္စစ္ဓာတ္အားေပးစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရး ႀကိဳးပမ္းခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးျခင္း၊ ရပ္တန႔္ခဲ့ရျခင္းမ်ား ရွိသည့္အတြက္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ားမွာ ယခုအခ်ိန္ထိ ျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္းလည္း ၎က အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ပဲခူးတိုင္းအတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္ ဆည္မ်ား တည္ေဆာက္ ထားေသာ္လည္း PDF အမည္ခံအၾကမ္းဖက္သမားမ်ား အပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕၏ ဖ်က္ဆီးမႈ မ်ားကို ႀကဳံေတြ႕ေနရသည္ဟုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္း ေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္သည့္ပမာဏသည္ မဂၢါဝပ္ (၇ဝဝဝ)ေက်ာ္ ရွိေသာ္လည္း လက္ရွိ အေျခအေနတြင္ မဂၢါဝပ္(၂ဝဝဝ) ေက်ာ္သာ ထုတ္လုပ္ႏိုင္ေၾကာင္း ၾကားသိရၿပီး ၎အခ်က္အလက္ႏွင့္ပတ္သက္၍ NP News မွ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံသို႔ ဆက္သြယ္ေမးျမန္းထားေသာ္လည္း ယခုအခ်ိန္ထိ ျပန္လည္ ေျဖၾကားေပးျခင္းမ်ိဳး မရွိေသးေပ။

ႏိုင္ငံအတြင္း၌ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္မ်ားေၾကာင့္ MSME လုပ္ငန္းမ်ားအတြက္ ထိခိုက္နစ္နာမႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္းလည္း ၾကားသိရသည္။

ထို႔ျပင္ PDF အဖြဲ႕မ်ားက လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ား၊ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ားႏွင့္ ဓာတ္အားခြဲ႐ုံမ်ားကို ေဖာက္ခြဲ ဖ်က္ဆီးခဲ့သည့္ အႀကိမ္ေရစုစုေပါင္းမွာ (၂၂၇)ႀကိမ္ထက္မနည္း ရွိခဲ့ေၾကာင္းလည္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရွိရသည္။

Related news

© 2021. All rights reserved.