တောင်ကိုရီးယားက ယူကရိန်းကို အမြောက်ကျည်ဆန်ပေါင်း(၁ဝဝဝ)ကျော် ကူညီထောက်ပံ့ပေးခဲ့ဟု သတင်းများ ထွက်ပေါ်နေ

 328

Pika (NP News) - မေ ၂၆

တောင်ကိုရီးယားနိုင်ငံသည် အမြောက်ကျည်ဆန်(၁ဝဝဝ)ကျော်ကို အမေရိကန်နိုင်ငံမှ တစ်ဆင့် ယူကရိန်းနိုင်ငံသို့ ပေးပို့နေကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသည် ယူကရိန်းကို စစ်ရေးအကူအညီများထောက်ပံ့ပေးမည်မဟုတ်ကြောင်း ပြောဆိုနေချိန်တွင် ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းသို့ အမြောက်ကျည်ဆန်များ ထောက်ပံ့ရန်အတွက် တောင်ကိုရီးယားကို အမေရိကန်က ပြီးခဲ့သည့်နှစ်တွင် တောင်းဆိုခဲ့ပြီးနောက် တောင်ကိုရီးယားသည် ယူကရိန်းသို့ အမြောက်ကျည်ဆန်များလွှဲပြောင်းပေးမည့် လျှို့ဝှက်အစီအစဉ်တစ်ရပ်ကို အမေရိကန် နှင့် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသောသတင်းရင်းမြစ်များကို ကိုးကားပြီး Wall Street Journal က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jeon Ha-kyu က ၎င်းသည် ခဲယမ်းမီးကျောက်များ တင်ပို့မှုနှင့်ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ်နှင့်ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း WSJ တွင် ဖော်ပြ ထားသော အချက်အလက်များမှာ မမှန်ကန်ကြောင်း ပြောဆိုခဲ့သည်။ Jeon Ha-kyu က "အမျိုးမျိုးသော တောင်းဆို မှုတွေရှိခဲ့ပေမယ့်လည်း ကျွန်တော်တို့အစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုအကူအညီတွေ ကို သင့်တော်သလို ကူညီပံ့ပိုးပေးမှုတွေသာ ရှိပါတယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် အမေရိကန်နှင့် ဥရောပတို့မှ တောင်းဆိုမှုများရှိနေသော်လည်း တောင်ကိုရီးယားသည် ယူကရိန်းသို့ စစ်ဖက်ဆိုင်ရာအကူအညီများ ပေးအပ်မည်မဟုတ်ကြောင်း အခိုင်အမာပြော ဆိုထားသည်။ ရုရှားသည် နိုင်ငံတကာက ခွင့်မပြုနိုင်သောလုပ်ရပ်များနှင့် အရပ်သားများကို တိုက်ခိုက်ခြင်းများ ရှိလာမည်ဆိုပါက လူသားချင်းဆိုင်ရာစာနာထောက်ထားမှုအကူအညီနှင့် ငွေကြေးထောက်ပံ့မှုများအပြင် အခြား ကူညီပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ် က ဧပြီလတွင် ပြောဆိုခဲ့ဖူးသည်။

ယူကရိန်းသို့လက်နက်များ ထောက်ပံ့သည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့သည် မှတ်ချက်များပေးရန် တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိ သေးကြောင်း သိရသည်။

Zawgyi Version;
ေတာင္ကိုရီးယားက ယူကရိန္းကို အေျမာက္က်ည္ဆန္ေပါင္း(၁ဝဝဝ)ေက်ာ္ ကူညီေထာက္ပံ့ေပးခဲ့ဟု သတင္းမ်ား ထြက္ေပၚေန
Pika (NP News) - ေမ ၂၆

ေတာင္ကိုရီးယားႏိုင္ငံသည္ အေျမာက္က်ည္ဆန္(၁ဝဝဝ)ေက်ာ္ကို အေမရိကန္ႏိုင္ငံမွ တစ္ဆင့္ ယူကရိန္းႏိုင္ငံသို႔ ေပးပို႔ေနေၾကာင္း Wall Street Journal က ေဖာ္ျပခဲ့သည္။

ေတာင္ကိုရီးယားသည္ ယူကရိန္းကို စစ္ေရးအကူအညီမ်ားေထာက္ပံ့ေပးမည္မဟုတ္ေၾကာင္း ေျပာဆိုေနခ်ိန္တြင္ ယခုကဲ့သို႔ သတင္းမ်ားထြက္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယူကရိန္းသို႔ အေျမာက္က်ည္ဆန္မ်ား ေထာက္ပံ့ရန္အတြက္ ေတာင္ကိုရီးယားကို အေမရိကန္က ၿပီးခဲ့သည့္ႏွစ္တြင္ ေတာင္းဆိုခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားသည္ ယူကရိန္းသို႔ အေျမာက္က်ည္ဆန္မ်ားလႊဲေျပာင္းေပးမည့္ လွ်ိဳ႕ဝွက္အစီအစဥ္တစ္ရပ္ကို အေမရိကန္ ႏွင့္ သေဘာတူညီခဲ့ျခင္းျဖစ္ေၾကာင္း အမည္မေဖာ္လိုေသာသတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Wall Street Journal က ေဖာ္ျပခဲ့သည္။

ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Jeon Ha-kyu က ၎သည္ ခဲယမ္းမီးေက်ာက္မ်ား တင္ပို႔မႈႏွင့္ပတ္သက္ၿပီး အေမရိကန္စစ္ဌာနခ်ဳပ္ႏွင့္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေသာ္လည္း WSJ တြင္ ေဖာ္ျပ ထားေသာ အခ်က္အလက္မ်ားမွာ မမွန္ကန္ေၾကာင္း ေျပာဆိုခဲ့သည္။ Jeon Ha-kyu က "အမ်ိဳးမ်ိဳးေသာ ေတာင္းဆို မႈေတြရွိခဲ့ေပမယ့္လည္း ကြၽန္ေတာ္တို႔အစိုးရဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး လူသားခ်င္းစာနာမႈအကူအညီေတြ ကို သင့္ေတာ္သလို ကူညီပံ့ပိုးေပးမႈေတြသာ ရွိပါတယ္" ဟု ေျပာဆိုခဲ့သည္။

ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းမ်ားေထာက္ပံ့ရန္ အေမရိကန္ႏွင့္ ဥေရာပတို႔မွ ေတာင္းဆိုမႈမ်ားရွိေနေသာ္လည္း ေတာင္ကိုရီးယားသည္ ယူကရိန္းသို႔ စစ္ဖက္ဆိုင္ရာအကူအညီမ်ား ေပးအပ္မည္မဟုတ္ေၾကာင္း အခိုင္အမာေျပာ ဆိုထားသည္။ ႐ုရွားသည္ ႏိုင္ငံတကာက ခြင့္မျပဳႏိုင္ေသာလုပ္ရပ္မ်ားႏွင့္ အရပ္သားမ်ားကို တိုက္ခိုက္ျခင္းမ်ား ရွိလာမည္ဆိုပါက လူသားခ်င္းဆိုင္ရာစာနာေထာက္ထားမႈအကူအညီႏွင့္ ေငြေၾကးေထာက္ပံ့မႈမ်ားအျပင္ အျခား ကူညီပံ့ပိုးမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ က ဧၿပီလတြင္ ေျပာဆိုခဲ့ဖူးသည္။

ယူကရိန္းသို႔လက္နက္မ်ား ေထာက္ပံ့သည္ဆိုသည့္ သတင္းမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္စစ္ဌာနခ်ဳပ္ႏွင့္ ေတာင္ကိုရီးယားသမၼတတို႔သည္ မွတ္ခ်က္မ်ားေပးရန္ ေတာင္းဆိုမႈမ်ားကို ျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။

Picture

U Win Bo

26/05/2023 09:51

တောင်ကိုရိယား နဲ့ ဂျပန် တို့ က စိတ်ခံစားမှုနဲ့ ဖိအား နောက်ကို မလိုက်သင့်ဘူး နယ်မြေပိုင်ဆိုင်မှု နဲ့ရေပိုင်နက် ကိစ္စတွေမှာ ကိုယ်ဘက်ဆုံးရှုံးတော့မှာ

Related news

© 2021. All rights reserved.