နေအိမ်ပေါ်သို့ သစ်ပင်လဲကျပိမိခဲ့ကာ (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးမှု ချောက်မြို့၌ ဖြစ်ပွား

 620

NP News - မေ ၃၀
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျပိမိခဲ့ရာမှ (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မေလ ၃၀ ရက်) ညနေ(၄)နာရီအချိန်ခန့်တွင် မကွေးတိုင်း၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၊ အမှတ်(၁၄)၊ ဇောတိကရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနက ဆိုထားသည်။

ဖြစ်စဉ်အား ချောက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်အတွင်းရှိနေသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း(၇)ဦးအနက် အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်(၆)ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မနောဖြူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version

ေနအိမ္ေပၚသို႔ သစ္ပင္လဲက်ပိမိခဲ့ကာ (၁၃)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးေသဆုံးမႈ ေခ်ာက္ၿမိဳ႕၌ ျဖစ္ပြား

NP News - ေမ ၃၀
မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕နယ္တြင္ ေနအိမ္ေပၚသို႔ သစ္ပင္လဲက်ပိမိခဲ့ရာမွ (၁၃)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေမလ ၃၀ ရက္) ညေန(၄)နာရီအခ်ိန္ခန႔္တြင္ မေကြးတိုင္း၊ မေကြးခ႐ိုင္၊ ေခ်ာက္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေခ်ာက္ၿမိဳ႕နယ္၊ အမွတ္(၁၄)၊ ေဇာတိကရပ္ကြက္ရွိ ေနအိမ္တစ္အိမ္ေပၚသို႔ သစ္ပင္လဲက်ခဲ့ျခင္းျဖစ္ေၾကာင္း မီးသတ္ဌာနက ဆိုထားသည္။

ျဖစ္စဥ္အား ေခ်ာက္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေနအိမ္အတြင္းရွိေနသူ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၆)ဦး စုစုေပါင္း(၇)ဦးအနက္ အသက္(၁၃)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ က်န္(၆)ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည့္အတြက္ မေနာျဖဴလူမႈကူညီေရးအသင္းယာဥ္ျဖင့္ ေခ်ာက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.