အသေအပျောက်များခဲ့တဲ့ ဂိုင်ယာနာစာသင်ကျောင်း ဘော်ဒါဆောင် မီးလောင်မှုမှာ ဆယ်ကျော်သက်ကျောင်းသူတစ်ဦး လူသတ်မှုနဲ့ တရားစွဲခံရ

 678

ရောင်နီ (NP News) - မေ ၃ဝ

တောင်အမေရိကနိုင်ငံ ဂိုင်ယာနာ၊ မာဟ်ဒီယာမြို့ရှိ ကျောင်းဘော်ဒါဆောင်တစ်ခုမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါမီးလောင်မှုအတွက် ဆယ်ကျော်သက်ကျောင်းသူမိန်းကလေးတစ်ဦးကို လူသတ်မှု ၁၉ မှုနဲ့ တနင်္လာနေ့ (မေလ ၂၉ ရက်) က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

မာဟ်ဒီယာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်း မီးလောင်မှုမှာ ဒေသခံကျောင်းသူ မိန်းကလေး ၁၈ ဦးနဲ့ အသက် ၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦး သေဆုံးမှုတို့အတွက် အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ ကြားနာချက်မှာ သူမအတွက် အယူခံဝင်ခွင့်မရှိဘဲ နောက်ထပ်တရားစွဲဆိုမှုတွေ မပြုလုပ်မချင်း သူမ ကို လူငယ်ထိန်းကျောင်းမှာ ထိန်းသိမ်းထားမယ်လို့ တရားရုံးက အတည်ပြုခဲ့ပါတယ်။

၎င်းရဲ့ဒုတိယအကြိမ် ရုံးချိန်းကို ဇူလိုင် ၅ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ချက် တစ်ခုမှာ အဆိုပါကျောင်းသူဟာ သူမရဲ့ မိုဘိုင်းဖုန်းကို အဆောင်ထိန်းသိမ်းရေးမှူးနဲ့ ဆရာတစ်ဦးမှ လုယူသွားခြင်း ကြောင့် ကျောင်းကို မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ သံသယရှိထားပါတယ်။ ဌာနေတိုင်းရင်းသား အသိုက်အဝန်းမှ ကျောင်းသားတွေကို အဓိက ဝန်ဆောင်မှုပေးနေတဲ့ အဆိုပါ ကျောင်း ဘော်ဒါဆောင်ဟာ မေလ ၂၁ ရက် ညပိုင်းက အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကျောင်းသား နှစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ ၁၉ ဦးထိ ရှိခဲ့ပါတယ်။ သေဆုံးသူ ၁၉ ဦးမှ ၁၃ ဦးရဲ့ အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ခွဲခြားမသိနိုင်အောင် မီးလောင်ကျွမ်းနေခဲ့ပါတယ်။

ကျောင်းတွင်း အခြေအနေတွေနဲ့ပတ်သက်တဲ့မေးခွန်းတွေဟာ ငြင်းခုံစရာအကြောင်းအရာတစ်ခုဖြစ်လာပြီး ပညာရေးဝန်ကြီး ပရီရာမာနစ်ချန်က ကျောင်းရဲ့ အချက်ပေးစနစ်နဲ့ မီးဘေးကြိုတင်ပြင်ဆင်မှုတွေကို စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အေသအေပ်ာက္မ်ားခဲ့တဲ့ ဂိုင္ယာနာစာသင္ေက်ာင္း ေဘာ္ဒါေဆာင္ မီးေလာင္မႈမွာ ဆယ္ေက်ာ္သက္ေက်ာင္းသူ တစ္ဦး လူသတ္မႈနဲ႔ တရားစြဲခံရ
ေရာင္နီ (NP News) - ေမ ၃ဝ

ေတာင္အေမရိကႏိုင္ငံ ဂိုင္ယာနာ၊ မာဟ္ဒီယာၿမိဳ႕ရွိ ေက်ာင္းေဘာ္ဒါေဆာင္တစ္ခုမွာ လူအေသအေပ်ာက္မ်ားတဲ့ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါမီးေလာင္မႈအတြက္ ဆယ္ေက်ာ္သက္ေက်ာင္းသူမိန္းကေလးတစ္ဦးကို လူသတ္မႈ ၁၉ မႈနဲ႔ တနလၤာေန႔ (ေမလ ၂၉ ရက္) က တရားစြဲဆိုလိုက္တယ္လို႔ သိရပါတယ္။

မာဟ္ဒီယာၿမိဳ႕ရွိ စာသင္ေက်ာင္းတစ္ေက်ာင္း မီးေလာင္မႈမွာ ေဒသခံေက်ာင္းသူ မိန္းကေလး ၁၈ ဦးနဲ႔ အသက္ ၅ ႏွစ္အ႐ြယ္ ေယာက္်ားေလး တစ္ဦး ေသဆုံးမႈတို႔အတြက္ အသက္ ၁၅ ႏွစ္အ႐ြယ္ ေက်ာင္းသူကို စြဲခ်က္တင္ခဲ့တာ ျဖစ္ပါတယ္။ ၾကားနာခ်က္မွာ သူမအတြက္ အယူခံဝင္ခြင့္မရွိဘဲ ေနာက္ထပ္တရားစြဲဆိုမႈေတြ မျပဳလုပ္မခ်င္း သူမ ကို လူငယ္ထိန္းေက်ာင္းမွာ ထိန္းသိမ္းထားမယ္လို႔ တရား႐ုံးက အတည္ျပဳခဲ့ပါတယ္။

၎ရဲ႕ဒုတိယအႀကိမ္ ႐ုံးခ်ိန္းကို ဇူလိုင္ ၅ ရက္မွာ ျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က ထုတ္ျပန္ခ်က္ တစ္ခုမွာ အဆိုပါေက်ာင္းသူဟာ သူမရဲ႕ မိုဘိုင္းဖုန္းကို အေဆာင္ထိန္းသိမ္းေရးမႉးနဲ႔ ဆရာတစ္ဦးမွ လုယူသြားျခင္း ေၾကာင့္ ေက်ာင္းကို မီးရႈိ႕ခဲ့ျခင္းျဖစ္တယ္လို႔ စုံစမ္းစစ္ေဆးမႈမွာ သံသယရွိထားပါတယ္။ ဌာေနတိုင္းရင္းသား အသိုက္အဝန္းမွ ေက်ာင္းသားေတြကို အဓိက ဝန္ေဆာင္မႈေပးေနတဲ့ အဆိုပါ ေက်ာင္း ေဘာ္ဒါေဆာင္ဟာ ေမလ ၂၁ ရက္ ညပိုင္းက အႀကီးအက်ယ္ မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။ မီးေလာင္မႈေၾကာင့္ ေက်ာင္းသား ႏွစ္ဒါဇင္ေက်ာ္ ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးသူ ၁၉ ဦးထိ ရွိခဲ့ပါတယ္။ ေသဆုံးသူ ၁၉ ဦးမွ ၁၃ ဦးရဲ႕ အေလာင္းေတြဟာ ဘယ္သူဘယ္ဝါ ခြဲျခားမသိႏိုင္ေအာင္ မီးေလာင္ကြၽမ္းေနခဲ့ပါတယ္။

ေက်ာင္းတြင္း အေျခအေနေတြနဲ႔ပတ္သက္တဲ့ေမးခြန္းေတြဟာ ျငင္းခုံစရာအေၾကာင္းအရာတစ္ခုျဖစ္လာၿပီး ပညာေရးဝန္ႀကီး ပရီရာမာနစ္ခ်န္က ေက်ာင္းရဲ႕ အခ်က္ေပးစနစ္နဲ႔ မီးေဘးႀကိဳတင္ျပင္ဆင္မႈေတြကို စုံစမ္း စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.