နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိ‌နိုင်သော်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားရန် နစကဥက္ကဋ္ဌ တိုက်တွန်း

 565

ယွန်း (NP News) - မေ ၃၁

နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိနိုင်သော်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၃ဝ)ရက်တွင် ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စီးပွားရေးနှင့်ပတ်သက်ပြီး အလားအလာကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် ရာသီသီးနှံများနှင့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးနေသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ‌ဒေသသည် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝပတ်ဝန်းကျင်များရှိသည့် နေရာတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် ဒေသမှထွက်ရှိသော ရိုးရာအစားအသောက်များ အပါအဝင် ‌ဒေသထွက်ကုန်များကို ဆွဲဆောင်မှုရှိရန်နှင့် အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

အလားတူ ဒေသတွင်း ကုန်ပစ္စည်းများ၏ ရောင်းအားတိုးတက်ရေးအတွက် ဒေသတွင်း၌ နေထိုင်သူများ အလုပ်လုပ်ကိုင်ရန်လိုအပ်ကြောင်း ၎င်းက အသိပေးပြောဆိုထားသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် နိုင်ငံရေးဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက်ကိုသာ ဆောင်ရွက်နေခြင်း‌ဖြစ်‌ကြောင်း နစကဥက္ကဋ္ဌက ပြောဆိုထားသည်။

သို့ဖြစ်၍ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိနိုင်သော်လည်း ‌ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန် ၎င်းကဆိုသည်။

ထို့ကြောင့် ဒေသတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ‌ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။

zawgyi version
ႏိုင္ငံေရးအရ သေဘာထားကြဲလြဲမႈမ်ားရွိ‌ႏိုင္ေသာ္လည္း ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို အေလးထားရန္ နစကဥကၠ႒ တိုက္တြန္း

ယြန္း (NP News) - ေမ ၃၁

ႏိုင္ငံေရးအရ သေဘာထားကြဲလြဲမႈမ်ားရွိႏိုင္ေသာ္လည္း ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို အေလးထားရန္ နစကဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေမလ(၃ဝ)ရက္တြင္ ပင္းတယၿမိဳ႕၌ ဓႏုကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသရွိ MSME လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသည္ စီးပြားေရးႏွင့္ပတ္သက္ၿပီး အလားအလာေကာင္းမ်ားကို ပိုင္ဆိုင္ထားသည့္ ေဒသတစ္ခုျဖစ္ၿပီး စိုက္ပ်ိဳးေရးတြင္ ရာသီသီးႏွံမ်ားႏွင့္ ႏွစ္ရွည္သီးႏွံမ်ားကို စိုက္ပ်ိဳးေနသည့္ ေဒသတစ္ခုျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ‌ေဒသသည္ ခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္သည့္ သဘာဝပတ္ဝန္းက်င္မ်ားရွိသည့္ ေနရာတစ္ခုလည္းျဖစ္သည္။

ထို႔ေၾကာင့္ ေဒသမွထြက္ရွိေသာ ႐ိုးရာအစားအေသာက္မ်ား အပါအဝင္ ‌ေဒသထြက္ကုန္မ်ားကို ဆြဲေဆာင္မႈရွိရန္ႏွင့္ အရည္အေသြးေကာင္းမြန္ေအာင္ေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။

အလားတူ ေဒသတြင္း ကုန္ပစၥည္းမ်ား၏ ေရာင္းအားတိုးတက္ေရးအတြက္ ေဒသတြင္း၌ ေနထိုင္သူမ်ား အလုပ္လုပ္ကိုင္ရန္လိုအပ္ေၾကာင္း ၎က အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ၎တို႔အေနျဖင့္ ႏိုင္ငံေရးေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ႏိုင္ငံ့အေရးအတြက္ကိုသာ ေဆာင္႐ြက္ေနျခင္း‌ျဖစ္‌ေၾကာင္း နစကဥကၠ႒က ေျပာဆိုထားသည္။

သို႔ျဖစ္၍ ႏိုင္ငံေရးအရ သေဘာထားကြဲလြဲမႈမ်ားရွိႏိုင္ေသာ္လည္း ‌ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္ေရးကို အေလးထားေဆာင္႐ြက္ရန္ ၎ကဆိုသည္။

ထို႔ေၾကာင့္ ေဒသတြင္း တာဝန္ထမ္းေဆာင္ေနၾကသည့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအေနျဖင့္ ‌ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္ေရးကို ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ရန္ နစကဥကၠ႒က အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.