နိုင်ငံကူးလက်မှတ်အပါအဝင် အထောက်အထားကတ်များ ပျောက်ဆုံးခဲ့သော မြန်မာများအနေဖြင့် ပြန်လည်ထုတ်ယူနိုင်ကြောင်း ထိုင်းရှိ မြန်မာသံရုံးအသိပေး

 440

စော (NP News) - မေ ၃၁

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားသည့် အသိအမှတ်ပြုကတ်များကို ပြန် လည်ထုတ်ယူနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့(မေလ ၃ဝ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်များ၊ မှတ်ပုံတင်များ၊ Work Permit များ၊ Non Thai Identification ကတ်များကို ထိုင်းနိုင်ငံ၏ဌာနအသီးသီးမှ မြန်မာသံရုံးသို့ လာရောက်လွှဲပြောင်းထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် ပျောက်ဆုံးသူများအနေဖြင့် အလျဉ်းသင့်သလို သံရုံးသို့ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါပျောက်ဆုံးပစ္စည်းများအား ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့မှ သောကြာနေ့နှင့် ရုံးချိန် နံနက်(၉)နာရီမှ (၄)နာရီအတွင်း ပိုင်ရှင်ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္အပါအဝင္ အေထာက္အထားကတ္မ်ား ေပ်ာက္ဆုံးခဲ့ေသာ ျမန္မာမ်ားအေနျဖင့္ ျပန္လည္ထုတ္ယူႏိုင္ေၾကာင္း ထိုင္းရွိ ျမန္မာသံ႐ုံးအသိေပး

ေစာ (NP News) - ေမ ၃၁

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေပ်ာက္ဆုံးသြားသည့္ အသိအမွတ္ျပဳကတ္မ်ားကို ျပန္ လည္ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယမန္ေန႔(ေမလ ၃ဝ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေပ်ာက္ဆုံးသြားသည့္ ႏိုင္ငံကူးလက္မွတ္မ်ား၊ မွတ္ပုံတင္မ်ား၊ Work Permit မ်ား၊ Non Thai Identification ကတ္မ်ားကို ထိုင္းႏိုင္ငံ၏ဌာနအသီးသီးမွ ျမန္မာသံ႐ုံးသို႔ လာေရာက္လႊဲေျပာင္းထားေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ေၾကာင့္ ေပ်ာက္ဆုံးသူမ်ားအေနျဖင့္ အလ်ဥ္းသင့္သလို သံ႐ုံးသို႔ ကိုယ္တိုင္လာေရာက္ထုတ္ယူႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

အဆိုပါေပ်ာက္ဆုံးပစၥည္းမ်ားအား ႐ုံးဖြင့္ရက္မ်ားျဖစ္သည့္ တနလၤာေန႔မွ ေသာၾကာေန႔ႏွင့္ ႐ုံးခ်ိန္ နံနက္(၉)နာရီမွ (၄)နာရီအတြင္း ပိုင္ရွင္ကိုယ္တိုင္လာေရာက္ထုတ္ယူႏိုင္ေၾကာင္း ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.