တက္ကစီယာဉ်မောင်းကို ခရီးသည်က ဓားထောက်လုယက်မှု မင်္ဂလာတောင်ညွန့်မြို့၌ဖြစ်ပွား

 2028

စော (NP News) - မေ ၃၁

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တက္ကစီယာဉ်မောင်းအား ခရီးသည်မှ ဓားထောက်လုသဖြင့် ပြန်လည်ခုခံရာမှ ယာဉ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(မေလ ၃၁ ရက်)၊ မွန်းလွဲ(၁)နာရီခွဲဝန်းကျင်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်း၊ တောင်ဝင်ပလာဇာအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းကို ဓားထောက်ပြီးတော့ ကားလုသွားတယ်။ ကျွန်မတို့ရောက်တဲ့အချိန်မှာ ယာဉ်မောင်းက တော့ လက်မောင်းအဆစ်ပြုတ်သွားတယ်။ တံတောင်ဆစ်လည်းထိသွားတယ်။ ဓားဒဏ်ရာနှစ်ချက်သုံးချက်ရသွားတယ်။ သူရဲ့အခြေအနေကတော့ မစိုးရိမ်ရပါဘူး။ အဝါရောင်အဆင့်လောက်ပါပဲ”ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း တက္ကစီယာဉ်မောင်းအား ဓားဖြင့်ထောက်ကာ ကားလုယက်သွားသော်လည်း လမ်းတစ်ဝက်တွင် ၎င်းကားအား ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ၎င်းလုယက်မှုဖြစ်စဉ်အတွင်း ယာဉ်မောင်းဖြစ်သူအနေဖြင့် ပြန်လည်ခုခံခဲ့သည့်အတွက် ဓားဒဏ်ရာများရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ တက္ကစီယာဉ်မောင်းများအား ဓားဖြင့် ခြိမ်းခြောက်သတ်ဖြတ်ကာ ကားများကို မကြာခဏ လုယက်သည့်ဖြစ်စဉ်များကိုတွေ့နေရသည်။

zawgyi version
တကၠစီယာဥ္ေမာင္းကို ခရီးသည္က ဓားေထာက္လုယက္မႈ မဂၤလာေတာင္ၫြန႔္ၿမိဳ႕၌ျဖစ္ပြား

ေစာ (NP News) - ေမ ၃၁

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ တကၠစီယာဥ္ေမာင္းအား ခရီးသည္မွ ဓားေထာက္လုသျဖင့္ ျပန္လည္ခုခံရာမွ ယာဥ္ေမာင္းဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ေမလ ၃၁ ရက္)၊ မြန္းလြဲ(၁)နာရီခြဲဝန္းက်င္အခ်ိန္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ဗိုလ္မင္းေရာင္လမ္း၊ ေတာင္ဝင္ပလာဇာအနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ယာဥ္ေမာင္းကို ဓားေထာက္ၿပီးေတာ့ ကားလုသြားတယ္။ ကြၽန္မတို႔ေရာက္တဲ့အခ်ိန္မွာ ယာဥ္ေမာင္းက ေတာ့ လက္ေမာင္းအဆစ္ျပဳတ္သြားတယ္။ တံေတာင္ဆစ္လည္းထိသြားတယ္။ ဓားဒဏ္ရာႏွစ္ခ်က္သုံးခ်က္ရသြားတယ္။ သူရဲ႕အေျခအေနကေတာ့ မစိုးရိမ္ရပါဘူး။ အဝါေရာင္အဆင့္ေလာက္ပါပဲ”ဟု မဂၤလာေတာင္ၫြန႔္လူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္အတြင္း တကၠစီယာဥ္ေမာင္းအား ဓားျဖင့္ေထာက္ကာ ကားလုယက္သြားေသာ္လည္း လမ္းတစ္ဝက္တြင္ ၎ကားအား ျပန္လည္ရရွိခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ၎လုယက္မႈျဖစ္စဥ္အတြင္း ယာဥ္ေမာင္းျဖစ္သူအေနျဖင့္ ျပန္လည္ခုခံခဲ့သည့္အတြက္ ဓားဒဏ္ရာမ်ားရရွိခဲ့ေသာ္လည္း အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခအေနမရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ တကၠစီယာဥ္ေမာင္းမ်ားအား ဓားျဖင့္ ၿခိမ္းေျခာက္သတ္ျဖတ္ကာ ကားမ်ားကို မၾကာခဏ လုယက္သည့္ျဖစ္စဥ္မ်ားကိုေတြ႕ေနရသည္။

Related news

© 2021. All rights reserved.