ပြည်တွင်းစက်ရုံများမှထွက်ရှိသည့် သံ၊ သံမဏိများကို အနာဂတ်၌ လျှပ်စစ်ရထားဖြင့် သယ်ယူဖြန့်ဖြူးရန် တပ်ချုပ် ဆန္ဒရှိနေ

1715

ယွန်း (NP News) - ဇွန် ၁
အနာဂတ်တွင် စက်ရုံသို့ပို့မည့် ကုန်ကြမ်းများနှင့် စက်ရုံမှထွက်ရှိသည့် သံနှင့်သံမဏိများကို လျှပ်စစ်ရထားသုံး၍ သယ်ယူဖြန့်ဖြူးနိုင်သည်အထိဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၃၁)ရက်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၌ သံနှင့်သံမဏိသည် နှစ်စဥ်တန်ချိန်(၂)သန်းခန့်လိုအပ်နေပြီး ပြည်ပမှတင်သွင်းနေရခြင်းကြောင့် ပြည်ပငွေများစွာ သုံးစွဲနေရကြောင်း သိရသည်။
သံမဏိထုတ်လုပ်ရာတွင်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေပြီး လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့်နေရာများကို ကွင်းဆင်းသုတေသနပြုရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။
ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။
လက်ရှိတွင် အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)အနေဖြင့် သံရည်ကျိုအလုပ်ရုံ Melt Shop-1 ကိုဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ သံနှင့်သံမဏိလိုအပ်ချပ်ကို အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)နှင့် ပင်းပက်စက်ရုံတို့မှ ဖြည့် ဆည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းအတွက်လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများကို ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အနာဂတ်၌ စက်ရုံများသို့ ပို့ဆောင်မည့် ကုန်ကြမ်းများနှင့် စက်ရုံမှထွက်ရှိလာသည့် သံနှင့်သံမဏိပစ္စည်းများကို လျှပ်စစ်ရထားသုံး၍ သယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေးကိုလည်း ရေရှည်အတွက် ဆောင် ရွက်ထားရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။
အဆိုပါ အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)သည် မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင် တည်ရှိပြီး (၂ဝ၁၄)ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

zawgyi version
ျပည္တြင္းစက္႐ုံမ်ားမွထြက္ရွိသည့္ သံ၊ သံမဏိမ်ားကို အနာဂတ္၌ လွ်ပ္စစ္ရထားျဖင့္ သယ္ယူျဖန႔္ျဖဴးရန္ တပ္ခ်ဳပ္ ဆႏၵရွိေန
ယြန္း (NP News) - ဇြန္ ၁
အနာဂတ္တြင္ စက္႐ုံသို႔ပို႔မည့္ ကုန္ၾကမ္းမ်ားႏွင့္ စက္႐ုံမွထြက္ရွိသည့္ သံႏွင့္သံမဏိမ်ားကို လွ်ပ္စစ္ရထားသုံး၍ သယ္ယူျဖန႔္ျဖဴးႏိုင္သည္အထိေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေမလ(၃၁)ရက္တြင္ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕ရွိ စက္မႈဝန္ႀကီးဌာန အမွတ္(၁)သံမဏိ စက္႐ုံ(ျမင္းၿခံ)သို႔ သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
ျပည္တြင္း၌ သံႏွင့္သံမဏိသည္ ႏွစ္စဥ္တန္ခ်ိန္(၂)သန္းခန႔္လိုအပ္ေနၿပီး ျပည္ပမွတင္သြင္းေနရျခင္းေၾကာင့္ ျပည္ပေငြမ်ားစြာ သုံးစြဲေနရေၾကာင္း သိရသည္။
သံမဏိထုတ္လုပ္ရာတြင္လည္း လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ရွိေနၿပီး လုံေလာက္စြာရရွိေရးအတြက္ ေရအားလွ်ပ္စစ္ထုတ္လုပ္ႏိုင္မည့္ေနရာမ်ားကို ကြင္းဆင္းသုေတသနျပဳရန္ နစကဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။
ထို႔ျပင္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းကိုလည္း ေဆာင္႐ြက္ရန္ ၎က တိုက္တြန္းေျပာဆိုခဲ့သည္။
လက္ရွိတြင္ အမွတ္(၁)သံမဏိ စက္႐ုံ(ျမင္းၿခံ)အေနျဖင့္ သံရည္က်ိဳအလုပ္႐ုံ Melt Shop-1 ကိုေဆာင္ ႐ြက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
ျပည္တြင္းရွိ သံႏွင့္သံမဏိလိုအပ္ခ်ပ္ကို အမွတ္(၁)သံမဏိ စက္႐ုံ(ျမင္းၿခံ)ႏွင့္ ပင္းပက္စက္႐ုံတို႔မွ ျဖည့္ ဆည္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လုပ္ငန္းအတြက္လိုအပ္သည့္ လူသားအရင္းအျမစ္ေကာင္းမ်ားကို ရရွိေရးအတြက္လည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အနာဂတ္၌ စက္႐ုံမ်ားသို႔ ပို႔ေဆာင္မည့္ ကုန္ၾကမ္းမ်ားႏွင့္ စက္႐ုံမွထြက္ရွိလာသည့္ သံႏွင့္သံမဏိပစၥည္းမ်ားကို လွ်ပ္စစ္ရထားသုံး၍ သယ္ယူပို႔ေဆာင္ျဖန႔္ျဖဴးႏိုင္ေရးကိုလည္း ေရရွည္အတြက္ ေဆာင္ ႐ြက္ထားရန္လိုအပ္ေၾကာင္း နစကဥကၠ႒က အသိေပးေျပာဆိုထားသည္။
အဆိုပါ အမွတ္(၁)သံမဏိ စက္႐ုံ(ျမင္းၿခံ)သည္ ျမင္းၿခံၿမိဳ႕နယ္၊ ဆားခါးေက်း႐ြာအနီးတြင္ တည္ရွိၿပီး (၂ဝ၁၄)ခုႏွစ္တြင္ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။