အဆိုတော် လီလီနိုင်ကျော်အား ပစ်ခတ်လုပ်ကြံမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဂီတအစည်းအရုံးနှင့် အဖွဲ့အစည်းအသီးသီးက သဘောထားထုတ်ပြန်

 15499

NP News - ဇွန် ၁

အဆိုတော်လီလီနိုင်ကျော်အား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဂီတအစည်းအရုံး အပါအဝင် အဖွဲ့အစည်းအသီးသီးက သဘောထားထုတ်ပြန်လိုက်သည်။

၎င်းလုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အပါအဝင် အဖွဲ့အစည်းအသီးသီးက မေ ၃၁ ရက်တွင် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်တွင် နေထိုင်သည့် အဆိုတော်/သရုပ်ဆောင် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်သည် မေ ၃ဝ ရက် ည ၇ နာရီအချိန်ခန့်တွင် ကားဖြင့် နေအိမ်သို့ပြန်လာစဉ် အိမ်ရှေ့အရောက်၌ PDF အမည်ခံ အကြမ်းဖက် အမျိုးသား(၁)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အဆိုတော် လီလီနိုင်ကျော်သည် အသက်အန္တရာယ်စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း နစကမှ ဆိုထားသည်။

လက်ရှိတွင် ၎င်းသည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေး အခြေ အနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ကြားသိရသည်။

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သည့် အရပ်သားပြည်သူလူထုကို လက်နက်ကိုင်ဆောင်၍ ရက်စက်စွာပစ် ခတ်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် ၎င်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ဘာ သာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က သဘောထားထုတ်ပြန်ထားသည်။

ထို့ပြင် ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်းကလည်း ယခုကဲ့သို့ အေးချမ်းစွာ လှုပ်ရှားသွားလာနေ သည့် ပြည်သူများ၊ ၎င်းတို့အား အားပေးထောက်ခံခြင်းမရှိသူများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်သည့် လုပ်ရပ်များကို လုံးဝ လက်မခံကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကလည်း အကြမ်းဖက်သမားများ၏ လူမဆန်သည့် တိုက်ခိုက်မှု သည် အေးချမ်းသွားလာလှုပ်ရှားနေသော ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် သတ်ဖြတ်ခြင်းဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

ထို့ကြောင့် အဆိုတော် လီလီနိုင်ကျော်အား ပစ်ခတ်လုပ်ကြံခြင်းအပေါ် အထက်ပါအဖွဲ့အစည်းများအပြင် အခြားသော အဖွဲ့အစည်းအသီးသီးကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာထားသည်။

Zawgyi Version;
အဆိုေတာ္ လီလီႏိုင္ေက်ာ္အား ပစ္ခတ္လုပ္ႀကံမႈအေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ဂီတအစည္းအ႐ုံးႏွင့္ အဖြဲ႕ အစည္းအသီးသီးက သေဘာထားထုတ္ျပန္
NP News - ဇြန္ ၁

အဆိုေတာ္လီလီႏိုင္ေက်ာ္အား ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံမႈအေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ဂီတအစည္းအ႐ုံး အပါအဝင္ အဖြဲ႕အစည္းအသီးသီးက သေဘာထားထုတ္ျပန္လိုက္သည္။

၎လုပ္ရပ္အေပၚ ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္းကို ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး(ဗဟို) အပါအဝင္ အဖြဲ႕အစည္းအသီးသီးက ေမ ၃၁ ရက္တြင္ သေဘာထားထုတ္ျပန္ေၾကညာခဲ့သည္။

ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္၊ (၂)ရပ္ကြက္တြင္ ေနထိုင္သည့္ အဆိုေတာ္/သ႐ုပ္ေဆာင္ ေဒၚလီလီႏိုင္စိုး (ခ) လီလီႏိုင္ေက်ာ္သည္ ေမ ၃ဝ ရက္ ည ၇ နာရီအခ်ိန္ခန႔္တြင္ ကားျဖင့္ ေနအိမ္သို႔ျပန္လာစဥ္ အိမ္ေရွ႕အေရာက္၌ PDF အမည္ခံ အၾကမ္းဖက္ အမ်ိဳးသား(၁)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အဆိုေတာ္ လီလီႏိုင္ေက်ာ္သည္ အသက္အႏၲရာယ္စိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာရရွိခဲ့ ေၾကာင္း နစကမွ ဆိုထားသည္။

လက္ရွိတြင္ ၎သည္ မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆး႐ုံ၌ ေဆးကုသမႈခံယူလ်က္ရွိၿပီး က်န္းမာေရး အေျခ အေနမွာ တိုးတက္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း ၾကားသိရသည္။

အၾကမ္းဖက္သမားမ်ားသည္ ေအးခ်မ္းစြာေနထိုင္သည့္ အရပ္သားျပည္သူလူထုကို လက္နက္ကိုင္ေဆာင္၍ ရက္စက္စြာပစ္ ခတ္ျခင္းသည္ စစ္ရာဇဝတ္မႈကို က်ဴးလြန္ျခင္းျဖစ္ေၾကာင္းႏွင့္ ၎လုပ္ရပ္အေပၚ ျပင္းထန္စြာ ျပစ္တင္ရႈတ္ခ်ေၾကာင္း ဘာ သာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)က သေဘာထားထုတ္ျပန္ထားသည္။

ထို႔ျပင္ ဘူးသီးေတာင္ေမာင္ေတာေဒသဖြံ႕ၿဖိဳးေရးအသင္းကလည္း ယခုကဲ့သို႔ ေအးခ်မ္းစြာ လႈပ္ရွားသြားလာေန သည့္ ျပည္သူမ်ား၊ ၎တို႔အား အားေပးေထာက္ခံျခင္းမရွိသူမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ႀကံသတ္ျဖတ္သည့္ လုပ္ရပ္မ်ားကို လုံးဝ လက္မခံေၾကာင္းႏွင့္ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္ခဲ့သည္။

အလားတူ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)ကလည္း အၾကမ္းဖက္သမားမ်ား၏ လူမဆန္သည့္ တိုက္ခိုက္မႈ သည္ ေအးခ်မ္းသြားလာလႈပ္ရွားေနေသာ ျပည္သူမ်ားကို ထိတ္လန႔္ေၾကာက္႐ြံ႕ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ အၾကမ္းဖက္ သတ္ျဖတ္ျခင္းျဖစ္၍ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ အဆိုေတာ္ လီလီႏိုင္ေက်ာ္အား ပစ္ခတ္လုပ္ႀကံျခင္းအေပၚ အထက္ပါအဖြဲ႕အစည္းမ်ားအျပင္ အျခားေသာ အဖြဲ႕အစည္းအသီးသီးကလည္း ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားေၾကညာထားသည္။

Related news

© 2021. All rights reserved.