ပွင့်ဖြူမြို့တွင် အမျိုးသား ၃ ဦး မိုးကြိုးထိမှန် သေဆုံး

 633

Np News ဇွန်လ ၁

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကန်ဆွယ်ကွင်းအတွင်းရှိ လယ်စောင့်တဲ၌ မေလ ၃၁ ရက် ညနေပိုင်းက အမျိုးသား ၃ ဦး မိုးကြိုးထိမှန် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ မုန်တောကြီးကျေးရွာ၌ မေ ၃၁ ရက်၊ ညနေ ၆ နာရီဝန်းကျင်က ကန်ဆွယ် ကွင်းအတွင်း လယ်စောင့်တဲ၌ မိုးရွာလျှင် ကွင်းထဲရှိ ရေများအား ဖောက်ချရန်အတွက် ရောက်ရှိနေသူ အမျိုးသား ၃ ဦးတို့မှာ မိုးကြိုးထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

"ဒီဘက်ပိုင်းတွေမှာက မိုးရွာရင် နှမ်းခင်းရေဖောက်ချရတာတွေ ရှိပါတယ်။ အခုလည်း အဲဒါတွေလုပ်ဖို့အတွက် သွားရင်းဖြစ်တယ်လို့ ထင်ပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါဖြစ်စဥ်တွင် မိုးကြိုးထိမှန်သေဆုံးသွားခဲ့သူ ၃ ဦးတို့မှာ မုန်တောကြီးကျေးရွာ၌ နေထိုင်သူများဖြစ်ကြပြီး အသက် ၄၉ နှစ်အရွယ်ရှိ ဦးလှိုင်မျိုးဦး၊ အသက် ၂၉ နှစ်အရွယ်ရှိ ကိုဇော်မျိုးအောင်နှင့် အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်ဆန်းတို့ဖြစ်ကြကာ ရုပ်အလောင်းများအား ပွင့်ဖြူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
ပြင့္ျဖဴၿမိဳ႕တြင္ အမ်ိဳးသား ၃ ဦး မိုးႀကိဳးထိမွန္ ေသဆုံး
Np News ဇြန္လ ၁

မေကြးတိုင္း၊ မင္းဘူးခ႐ိုင္၊ ပြင့္ျဖဴၿမိဳ႕နယ္ ကန္ဆြယ္ကြင္းအတြင္းရွိ လယ္ေစာင့္တဲ၌ ေမလ ၃၁ ရက္ ညေနပိုင္းက အမ်ိဳးသား ၃ ဦး မိုးႀကိဳးထိမွန္ ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ပြင့္ျဖဴၿမိဳ႕နယ္၊ ကံသာႀကီးေက်း႐ြာအုပ္စု၊ မုန္ေတာႀကီးေက်း႐ြာ၌ ေမ ၃၁ ရက္၊ ညေန ၆ နာရီဝန္းက်င္က ကန္ဆြယ္ ကြင္းအတြင္း လယ္ေစာင့္တဲ၌ မိုး႐ြာလွ်င္ ကြင္းထဲရွိ ေရမ်ားအား ေဖာက္ခ်ရန္အတြက္ ေရာက္ရွိေနသူ အမ်ိဳးသား ၃ ဦးတို႔မွာ မိုးႀကိဳးထိမွန္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

"ဒီဘက္ပိုင္းေတြမွာက မိုး႐ြာရင္ ႏွမ္းခင္းေရေဖာက္ခ်ရတာေတြ ရွိပါတယ္။ အခုလည္း အဲဒါေတြလုပ္ဖို႔အတြက္ သြားရင္းျဖစ္တယ္လို႔ ထင္ပါတယ္" ဟု ေဒသခံတစ္ဦးက ေျပာသည္။

အထက္ပါျဖစ္စဥ္တြင္ မိုးႀကိဳးထိမွန္ေသဆုံးသြားခဲ့သူ ၃ ဦးတို႔မွာ မုန္ေတာႀကီးေက်း႐ြာ၌ ေနထိုင္သူမ်ားျဖစ္ၾကၿပီး အသက္ ၄၉ ႏွစ္အ႐ြယ္ရွိ ဦးလႈိင္မ်ိဳးဦး၊ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ကိုေဇာ္မ်ိဳးေအာင္ႏွင့္ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ ကိုေအာင္ဆန္းတို႔ျဖစ္ၾကကာ ႐ုပ္အေလာင္းမ်ားအား ပြင့္ျဖဴေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.