အမိုးတက်ပြင်သည့် အမျိုးသား (၃)လွှာတိုက်ခန်းမှ ပြုတ်ကျမှု စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွား

 537

စော (NP News) - ဇွန် ၂

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် တိုက်ခန်း(၃)လွှာမှ ပြုတ်ကျ၍ အသက်(၂၃)နှစ်အရွယ် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂ ရက်) နေ့ ညနေ (၄)နာရီခွဲဝန်းကျင်အချိန်တွင် စမ်းချောင်းမြို့နယ်၊ ရန်ကြီးအောင် လမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသားမှာ တိုက်ခန်း၏ အပေါ်ဘက် အမိုးကို တက်ပြင်ပြီး အဆင်းတွင် ခြေချော် ပြုတ်ကျခဲ့ခြင်းဖြစ် ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။

“အိမ်သားတွေပြောတာတော့ အမိုးတက်ပြင်တာ ပြန်အဆင်းတဲ့အချိန်မှာ ခြေချော်ပြီးကျသွားလို့ပြောတယ်။ အဲဒီ (၃)လွှာကနေ ပြုတ်ကျတာ အောက်မှာက တာလပတ်အစိမ်းကြီးရဲ့အမိုးပေါ် တစ်ဆင့်ပြုတ်ကျပြီးတော့ ဘာမှမဖြစ်သွားပါဘူး” ဟု အနာဂတ်အလင်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါအမျိုးသားမှာ အသက်(၂၃)နှစ်အရွယ်သာရှိသေးကြောင်း သိရပြီး ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေ မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

Zawgyi Version;
အမိုးတက္ျပင္သည့္ အမ်ိဳးသား (၃)လႊာတိုက္ခန္းမွ ျပဳတ္က်မႈ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ျဖစ္ပြား
ေစာ (NP News) - ဇြန္ ၂

ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ တိုက္ခန္း(၃)လႊာမွ ျပဳတ္က်၍ အသက္(၂၃)ႏွစ္အ႐ြယ္ အမ်ိဳးသား(၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၂ ရက္) ေန႔ ညေန (၄)နာရီခြဲဝန္းက်င္အခ်ိန္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရန္ႀကီးေအာင္ လမ္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါအမ်ိဳးသားမွာ တိုက္ခန္း၏ အေပၚဘက္ အမိုးကို တက္ျပင္ၿပီး အဆင္းတြင္ ေျခေခ်ာ္ ျပဳတ္က်ခဲ့ျခင္းျဖစ္ ေၾကာင္း အနာဂတ္အလင္းတန္းပရဟိတအသင္းထံမွ သိရသည္။

“အိမ္သားေတြေျပာတာေတာ့ အမိုးတက္ျပင္တာ ျပန္အဆင္းတဲ့အခ်ိန္မွာ ေျခေခ်ာ္ၿပီးက်သြားလို႔ေျပာတယ္။ အဲဒီ (၃)လႊာကေန ျပဳတ္က်တာ ေအာက္မွာက တာလပတ္အစိမ္းႀကီးရဲ႕အမိုးေပၚ တစ္ဆင့္ျပဳတ္က်ၿပီးေတာ့ ဘာမွမျဖစ္သြားပါဘူး” ဟု အနာဂတ္အလင္းပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါအမ်ိဳးသားမွာ အသက္(၂၃)ႏွစ္အ႐ြယ္သာရွိေသးေၾကာင္း သိရၿပီး ျပဳတ္က်မႈေၾကာင့္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေသာ္လည္း စိုးရိမ္စရာအေျခအေန မရွိေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.