အိန္ဒိယနိုင်ငံတွင် ရထားသုံးစင်းတိုက်မိမှုကြောင့် အနည်းဆုံးလူ(၃ဝဝ)နီးပါးသေဆုံးခဲ့ပြီး (၁ဝဝဝ)နီးပါးထိခိုက်ဒဏ်ရာရရှိ

 620

Pika (NP News) - ဇွန် ၃

အိန္ဒိယနိုင်ငံ အိုဒစ်ဟာပြည်နယ်တွင် ဇွန်လ(၂)ရက်က မီးရထားသုံးစင်းတိုက်မိမှုကြောင့် အနည်းဆုံးလူ(၃ဝဝ)နီးပါးသေဆုံးခဲ့ပြီး အခြားလူ(၁ဝဝဝ)နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများက ဇွန်လ(၃)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ဇွန်လ(၂)ရက်က ဖြစ်ပွားခဲ့သော ရထားမတော်တဆမှုကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း အိုဒစ်ဟာပြည်နယ်အတွင်းရေးမှူးချုပ် ပရာဒိပ်ဂျီနာကပြောကြားခဲ့သည်။ ရထားတိုက်မိမှုသည် ရထားလမ်းချော်ကာ တစ်ဖက်လမ်းမှလာသော ရထားကိုဝင်တိုက်မိခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ အိုဒစ်ဟာပြည်နယ် Balasore ခရိုင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် လူနာတင်ယာဉ်အစီး(၂ဝဝ)ကျော်နှင့် ဆရာဝန်အယောက်(၁ဝဝ)ကိုခေါ်ယူထားကြောင်း ပရာဒိပ်ဂျီနာကပြောကြားခဲ့သည်။ ရထားတိုက်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများအောက်တွင် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ရထားတွဲများပေါ်သို့တက်နေကြသည့် ကယ်ဆယ်ရေးသမားများ၊ အကူအညီတောင်းနေသော ခရီးသည်များနှင့် အပျက်အစီးဘေးတွင် ငိုကြွေးနေသော ခရီးသည်များကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်ထဲတွင်တွေ့ခဲ့ရသည်။

မျက်မြင်သက်သေတစ်ဦးက "ကျွန်တော်အခင်းဖြစ်ပွားရာနေရာကို ရောက်ခဲ့ပါတယ်။ ခြေလက်တွေကျိုးနေတဲ့ ခရီးသည်တွေ၊ သွေးတွေနဲ့ သေဆုံးနေတဲ့သူတွေကို တွေ့ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။

မတော်တဆမှုသည် ဇွန်လ(၂)ရက်၊ ည(၇)နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Bangalore မြို့မှ Howrah မြို့သို့ပြေးဆွဲနေသော Howrah Superfast Express ရထား၊ Kolkata မြို့မှ ချန်နိုင်းမြို့သို့ပြေးဆွဲနေသည့် Coromandel Express ရထား နှင့် ကုန်တင်မီးရထားတစ်စင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များသည် အဆိုပါမတော်တဆမှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသော အကြောင်းအရာများကို ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ရာနှင့်ချီသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အနံ့ခံခွေးများပါဝင်သည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်ကူညီလျက်ရှိကြောင်းသိရသည်။

ထို့ပြင် ရာနှင့်ချီသောလူငယ်များသည် အိုဒစ်ဟာပြည်နယ် ဆိုရိုမြို့ရှိ အစိုးရဆေးရုံအပြင်ဘက်တွင် သွေးလှူဒါန်းရန် တန်းစီခဲ့ကြကြောင်းသိရသည်။ အိုဒစ်ဟာပြည်နယ် ဝန်ကြီးချုပ် Naveen Patnaik သည် သေဆုံးသူများကို လေးစားသည့်အမှတ်အသားအဖြစ် ဇွန်လ(၃)ရက်ကို နိုင်ငံတော်ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါရထားမတော်တဆမှုသည် အိန္ဒိယနိုင်ငံတွင် ဆယ်စုနှစ်ကျော်အတွင်း လူအသေအပျောက်အများဆုံး မတော်တဆမှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
အိႏၵိယႏိုင္ငံတြင္ ရထားသုံးစင္းတိုက္မိမႈေၾကာင့္ အနည္းဆုံးလူ(၃ဝဝ)နီးပါးေသဆုံးခဲ့ၿပီး (၁ဝဝဝ)နီးပါးထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - ဇြန္ ၃

အိႏၵိယႏိုင္ငံ အိုဒစ္ဟာျပည္နယ္တြင္ ဇြန္လ(၂)ရက္က မီးရထားသုံးစင္းတိုက္မိမႈေၾကာင့္ အနည္းဆုံးလူ(၃ဝဝ)နီးပါးေသဆုံးခဲ့ၿပီး အျခားလူ(၁ဝဝဝ)နီးပါးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အစိုးရအရာရွိမ်ားက ဇြန္လ(၃)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

ဇြန္လ(၂)ရက္က ျဖစ္ပြားခဲ့ေသာ ရထားမေတာ္တဆမႈေၾကာင့္ ေသဆုံးသူဦးေရ ထပ္တိုးလာႏိုင္ဖြယ္ရွိေၾကာင္း အိုဒစ္ဟာျပည္နယ္အတြင္းေရးမႉးခ်ဳပ္ ပရာဒိပ္ဂ်ီနာကေျပာၾကားခဲ့သည္။ ရထားတိုက္မိမႈသည္ ရထားလမ္းေခ်ာ္ကာ တစ္ဖက္လမ္းမွလာေသာ ရထားကိုဝင္တိုက္မိျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ အိုဒစ္ဟာျပည္နယ္ Balasore ခ႐ိုင္တြင္ မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အခင္းျဖစ္ပြားရာေနရာတြင္ လူနာတင္ယာဥ္အစီး(၂ဝဝ)ေက်ာ္ႏွင့္ ဆရာဝန္အေယာက္(၁ဝဝ)ကိုေခၚယူထားေၾကာင္း ပရာဒိပ္ဂ်ီနာကေျပာၾကားခဲ့သည္။ ရထားတိုက္မႈျဖစ္ပြားၿပီးေနာက္ အပ်က္အစီးမ်ားေအာက္တြင္ က်န္ရွိေနေသာ အသက္ရွင္က်န္ရစ္သူမ်ားကို ရွာေဖြရန္ ရထားတြဲမ်ားေပၚသို႔တက္ေနၾကသည့္ ကယ္ဆယ္ေရးသမားမ်ား၊ အကူအညီေတာင္းေနေသာ ခရီးသည္မ်ားႏွင့္ အပ်က္အစီးေဘးတြင္ ငိုေႂကြးေနေသာ ခရီးသည္မ်ားကို ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္ထဲတြင္ေတြ႕ခဲ့ရသည္။

မ်က္ျမင္သက္ေသတစ္ဦးက "ကြၽန္ေတာ္အခင္းျဖစ္ပြားရာေနရာကို ေရာက္ခဲ့ပါတယ္။ ေျခလက္ေတြက်ိဳးေနတဲ့ ခရီးသည္ေတြ၊ ေသြးေတြနဲ႔ ေသဆုံးေနတဲ့သူေတြကို ေတြ႕ခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။

မေတာ္တဆမႈသည္ ဇြန္လ(၂)ရက္၊ ည(၇)နာရီအခ်ိန္ခန႔္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး Bangalore ၿမိဳ႕မွ Howrah ၿမိဳ႕သို႔ေျပးဆြဲေနေသာ Howrah Superfast Express ရထား၊ Kolkata ၿမိဳ႕မွ ခ်န္ႏိုင္းၿမိဳ႕သို႔ေျပးဆြဲေနသည့္ Coromandel Express ရထား ႏွင့္ ကုန္တင္မီးရထားတစ္စင္းတို႔ တိုက္မိခဲ့ျခင္းျဖစ္သည္။ အာဏာပိုင္မ်ားသည္ အဆိုပါမေတာ္တဆမႈႏွင့္ပတ္သက္ၿပီး ျဖစ္ႏိုင္ေခ်ရွိေသာ အေၾကာင္းအရာမ်ားကို ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ ရာႏွင့္ခ်ီေသာ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အနံ႔ခံေခြးမ်ားပါဝင္သည့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိၿပီး သဘာဝေဘးအႏၲရာယ္တုံ႔ျပန္ေရးတပ္ဖြဲ႕ဝင္မ်ားလည္း ပါဝင္ကူညီလ်က္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ရာႏွင့္ခ်ီေသာလူငယ္မ်ားသည္ အိုဒစ္ဟာျပည္နယ္ ဆို႐ိုၿမိဳ႕ရွိ အစိုးရေဆး႐ုံအျပင္ဘက္တြင္ ေသြးလႉဒါန္းရန္ တန္းစီခဲ့ၾကေၾကာင္းသိရသည္။ အိုဒစ္ဟာျပည္နယ္ ဝန္ႀကီးခ်ဳပ္ Naveen Patnaik သည္ ေသဆုံးသူမ်ားကို ေလးစားသည့္အမွတ္အသားအျဖစ္ ဇြန္လ(၃)ရက္ကို ႏိုင္ငံေတာ္ဝမ္းနည္းျခင္းေန႔အျဖစ္ ေၾကညာခဲ့ေၾကာင္းသိရသည္။ အဆိုပါရထားမေတာ္တဆမႈသည္ အိႏၵိယႏိုင္ငံတြင္ ဆယ္စုႏွစ္ေက်ာ္အတြင္း လူအေသအေပ်ာက္အမ်ားဆုံး မေတာ္တဆမႈတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.