လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ချေရှိ၍ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ရှိ လူထုအနေဖြင့် မိုးလေဝသ သတင်းများကို စောင့်ကြည့်ရန် တိုက်တွန်း

 2216

မျိုးကြီး (NP News) - ဇွန် ၃

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ချေရှိ၍ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ရှိ လူထုအနေဖြင့် မိုးလေဝသ သတင်းများကို စောင့်ကြည့်ရန် မိုးဇလက တိုက်တွန်းထားသည်။

လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ၎င်းမှတစ်ဆင့် အားကောင်းသည့် မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ ရခိုင်ပြည်နယ်သို့ ထပ်မံဝင်ရောက်နိုင်ကြောင်း မိုလေဝသလေ့လာစောင့်ကြည့်သူများက ပြောဆိုနေကြသည်။

ထိုသို့ ခန့်မှန်းပြောဆိုနေမှုများအပေါ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်းက “အဲဒါကတော့ ထုံးစံအတိုင်းပေါ့လေ Model တွေ ကြည့်ပြီးပြောနေကြတာပေါ့။ Model တွေမှာတော့ အဲဒီလိုတွေ ပြတာပေါ့နော်။ သို့သော်အဲဒါကြီးက စောင့်ကြည်ရမယ့်အခြေအနေပေါ့။ အတိအကျပြောလို့တော့ မရသေးဘူး”ဟု NP News ကိုပြောသည်။

သို့သော် မိုးဇလအနေဖြင့် ဇွန်လ ၄ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ချေရှိကြောင်း ခန့်မှန်းထားသည်ဟု ညွှန်ကြားရေးမှူးဦးလှထွန်းက ဆိုသည်။

“မိုးဇလကတော့ ဇွန် ၄ ရက်နဲ့ ၇ ရက်နေ့အတွင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ချေရှိတယ်ဆိုပြီးတော့ပဲ ခန့်မှန်းထားတာရှိပါတယ်။ နောက်အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်၊ မုတ်သုံလေအားကောင်းတဲ့အရှိန်ကြောင့် မိုးတွေတော့ ရွာမယ်ပေါ့လေ။ ရခိုင်ကမ်းရိုးတန်းတို့၊ မြစ်ဝကျွန်းပေါ်တို့၊ တောင်ပိုင်းတို့ အဲဒီဘက်တွေမှာ မိုးရွာသွန်းမှုများမယ်။ နောက် ပင်လယ်ပြင်မှာ လေပြင်းကျတာတွေ ရှိနိုင်မယ်”ဟု ၎င်းက ထပ်မံပြောဆိုထားသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်သေးကြောင်းနှင့် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာမှသာ ရှေ့ဆက်ခန့်မှန်း၍ရမည်ဖြစ်ကြောင်း ဦးလှထွန်းက ဆိုသည်။

ထို့ကြောင့် လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းအခြေအနေတို့နှင့်ပတ်သက်၍ လာမည့် ဇွန်လ ၅ ရက်မှ ဇွန်လ ၁ဝ ရက်အတွင်း မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းရှိ ဒေသခံလူထုအနေဖြင့် မိုးလေဝသ သတင်းများကို သတိပြုစောင့်ကြည့်ရန်လည်း မိုးဇလမှ ညွှန်ကြားရေးမှူးဦးလှထွန်းက တိုက်တွန်းထားသည်။

ပြီးခဲ့သော မေလ ၁၄ ရက်တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်အတွက် လူနေအိမ်နှင့် အဆောက်အအုံပေါင်း သိန်းနှင့်ချီကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ မုန်တိုင်းဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးရှိခဲ့သော ရခိုင်ပြည်နယ်၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အစိုးရအပါအဝင် ကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံများက ပူးပေါင်းလုပ်ဆောင်နေသော်လည်း မူလအခြေအနေသို့ ပြန်လည်မရောက်ရှိသေးကြောင်း သိရသည်။

zawgyi version
ေလဖိအားနည္းရပ္ဝန္း ျဖစ္လာႏိုင္ေခ်ရွိ၍ ရခိုင္ကမ္း႐ိုးတန္းႏွင့္ ျမစ္ဝကြၽန္းေပၚရွိ လူထုအေနျဖင့္ မိုးေလဝသ သတင္းမ်ားကို ေစာင့္ၾကည့္ရန္ တိုက္တြန္း
မ်ိဳးႀကီး (NP News) - ဇြန္ ၃

ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္လာႏိုင္ေခ်ရွိ၍ ရခိုင္ကမ္း႐ိုးတန္းႏွင့္ ျမစ္ဝကြၽန္းေပၚရွိ လူထုအေနျဖင့္ မိုးေလဝသ သတင္းမ်ားကို ေစာင့္ၾကည့္ရန္ မိုးဇလက တိုက္တြန္းထားသည္။

ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚလာႏိုင္ၿပီး ၎မွတစ္ဆင့္ အားေကာင္းသည့္ မုန္တိုင္းအျဖစ္သို႔ ေရာက္ရွိကာ ရခိုင္ျပည္နယ္သို႔ ထပ္မံဝင္ေရာက္ႏိုင္ေၾကာင္း မိုေလဝသေလ့လာေစာင့္ၾကည့္သူမ်ားက ေျပာဆိုေနၾကသည္။

ထိုသို႔ ခန႔္မွန္းေျပာဆိုေနမႈမ်ားအေပၚ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးလွထြန္းက “အဲဒါကေတာ့ ထုံးစံအတိုင္းေပါ့ေလ Model ေတြ ၾကည့္ၿပီးေျပာေနၾကတာေပါ့။ Model ေတြမွာေတာ့ အဲဒီလိုေတြ ျပတာေပါ့ေနာ္။ သို႔ေသာ္အဲဒါႀကီးက ေစာင့္ၾကည္ရမယ့္အေျခအေနေပါ့။ အတိအက်ေျပာလို႔ေတာ့ မရေသးဘူး”ဟု NP News ကိုေျပာသည္။

သို႔ေသာ္ မိုးဇလအေနျဖင့္ ဇြန္လ ၄ ရက္မွ ၇ ရက္အတြင္း ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္လာႏိုင္ေခ်ရွိေၾကာင္း ခန႔္မွန္းထားသည္ဟု ၫႊန္ၾကားေရးမႉးဦးလွထြန္းက ဆိုသည္။

“မိုးဇလကေတာ့ ဇြန္ ၄ ရက္နဲ႔ ၇ ရက္ေန႔အတြင္းမွာ ေလဖိအားနည္းရပ္ဝန္း ျဖစ္ႏိုင္ေခ်ရွိတယ္ဆိုၿပီးေတာ့ပဲ ခန႔္မွန္းထားတာရွိပါတယ္။ ေနာက္အဲဒီေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္၊ မုတ္သုံေလအားေကာင္းတဲ့အရွိန္ေၾကာင့္ မိုးေတြေတာ့ ႐ြာမယ္ေပါ့ေလ။ ရခိုင္ကမ္း႐ိုးတန္းတို႔၊ ျမစ္ဝကြၽန္းေပၚတို႔၊ ေတာင္ပိုင္းတို႔ အဲဒီဘက္ေတြမွာ မိုး႐ြာသြန္းမႈမ်ားမယ္။ ေနာက္ ပင္လယ္ျပင္မွာ ေလျပင္းက်တာေတြ ရွိႏိုင္မယ္”ဟု ၎က ထပ္မံေျပာဆိုထားသည္။

လက္ရွိတြင္ ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္း မျဖစ္ေပၚေသးေၾကာင္းႏွင့္ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေပၚလာမွသာ ေရွ႕ဆက္ခန႔္မွန္း၍ရမည္ျဖစ္ေၾကာင္း ဦးလွထြန္းက ဆိုသည္။

ထို႔ေၾကာင့္ ေလဖိအားနည္းရပ္ဝန္း၊ မုန္တိုင္းအေျခအေနတို႔ႏွင့္ပတ္သက္၍ လာမည့္ ဇြန္လ ၅ ရက္မွ ဇြန္လ ၁ဝ ရက္အတြင္း ျမစ္ဝကြၽန္းေပၚႏွင့္ ရခိုင္ကမ္း႐ိုးတန္းရွိ ေဒသခံလူထုအေနျဖင့္ မိုးေလဝသ သတင္းမ်ားကို သတိျပဳေစာင့္ၾကည့္ရန္လည္း မိုးဇလမွ ၫႊန္ၾကားေရးမႉးဦးလွထြန္းက တိုက္တြန္းထားသည္။

ၿပီးခဲ့ေသာ ေမလ ၁၄ ရက္တြင္ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းတို႔ကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့သည့္အတြက္ လူေနအိမ္ႏွင့္ အေဆာက္အအုံေပါင္း သိန္းႏွင့္ခ်ီကာ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့သည္။

ထိုသို႔ မုန္တိုင္းဝင္ေရာက္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ အမ်ားဆုံးရွိခဲ့ေသာ ရခိုင္ျပည္နယ္၌ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားကို အစိုးရအပါအဝင္ ကူညီေရးအဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ားက ပူးေပါင္းလုပ္ေဆာင္ေနေသာ္လည္း မူလအေျခအေနသို႔ ျပန္လည္မေရာက္ရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.