ယူအေအီးက မြန်မာ့မန်ကျည်းသီးမှည့်ကို လစဉ်တန်ချိန်(၅ဝဝ) ဝယ်ယူမည်

2022

NP News - ဇွန် ၇
မြန်မာ့ဒေသထွက် မန်ကျည်းသီးမှည့် တန်ချိန်(၅ဝဝ)ခန့်ကို ပင်လယ်ရေကြောင်းမှ လစဉ်တင်ပို့ရန် ယူအေအီးနိုင်ငံက မှာယူထားကြောင်း သိရသည်။
အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံ ဒူဘိုင်းမြို့အခြေစိုက် Hermab Group ကုမ္ပဏီက မှာယူနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ မန်ကျည်းသီးမှည့်တင်ပို့နိုင်ရန် မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ဆက်သွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။
“မန်ကျည်းသီးမှည့်က ပုံမှန်တော့ ထိုင်း၊ တရုတ် နဲ့ ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်လမ်းကြောင်းကနေတင်သွင်းတာရှိတယ်။ စင်ကာပူနဲ့ ပါကစ္စတန်တို့ကိုလည်း ပင်လယ်ရေကြောင်းကနေတင်သွင်းနေတာရှိတယ်။ ပါကစ္စတန်က တန်ချိန်အများဆုံးဝယ်ယူလေ့ရှိပြီး အခုထပ်မံပြီးတော့ ယူအေအီးကပါ မှာယူတာဖြစ်ပါတယ်” ဟု UMFCCI မှ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
လက်ရှိအချိန်အထိ မြန်မာ့ဒေသထွက် မန်ကျည်းသီးကို ပါကစ္စတန်နိုင်ငံမှ တန်ချိန် (၅ဝဝ)ကျော်ဖြင့် အများဆုံး ဝယ်ယူနေခြင်းဖြစ်ပြီး ယူအေအီးနိုင်ငံကပါ တန်ချိန် (၅ဝဝ)မှာယူလာခြင်းကြောင့် အများဆုံး ဝယ်ယူသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
ပြည်ပဈေးကွက်သို့တင်ပို့နေသည့် မန်ကျည်းသီးမှည့် အစေ့ပါ တစ်တန်ပေါက်ဈေးသည် အရည်အသွေး ပေါ်မူတည်ကာ အမေရိကန်ဒေါ်လာ (၄ဝဝ) မှ (၆ဝဝ)ကြားဈေးနှုန်းရရှိနေကြောင်း သိရသည်။

zawgyi version
ယူေအအီးက ျမန္မာ့မန္က်ည္းသီးမွည့္ကို လစဥ္တန္ခ်ိန္(၅ဝဝ) ဝယ္ယူမည္
NP News - ဇြန္ ၇
ျမန္မာ့ေဒသထြက္ မန္က်ည္းသီးမွည့္ တန္ခ်ိန္(၅ဝဝ)ခန႔္ကို ပင္လယ္ေရေၾကာင္းမွ လစဥ္တင္ပို႔ရန္ ယူေအအီးႏိုင္ငံက မွာယူထားေၾကာင္း သိရသည္။
အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(UAE)ႏိုင္ငံ ဒူဘိုင္းၿမိဳ႕အေျခစိုက္ Hermab Group ကုမၸဏီက မွာယူေနျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံမွ မန္က်ည္းသီးမွည့္တင္ပို႔ႏိုင္ရန္ ျမန္မာႏိုင္ငံကုန္သည္မ်ား ႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI)ႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
“မန္က်ည္းသီးမွည့္က ပုံမွန္ေတာ့ ထိုင္း၊ တ႐ုတ္ နဲ႔ ဘဂၤလားေဒ့ရွ္ကို နယ္စပ္လမ္းေၾကာင္းကေနတင္သြင္းတာရွိတယ္။ စင္ကာပူနဲ႔ ပါကစၥတန္တို႔ကိုလည္း ပင္လယ္ေရေၾကာင္းကေနတင္သြင္းေနတာရွိတယ္။ ပါကစၥတန္က တန္ခ်ိန္အမ်ားဆုံးဝယ္ယူေလ့ရွိၿပီး အခုထပ္မံၿပီးေတာ့ ယူေအအီးကပါ မွာယူတာျဖစ္ပါတယ္” ဟု UMFCCI မွ ပို႔ကုန္/သြင္းကုန္လုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
လက္ရွိအခ်ိန္အထိ ျမန္မာ့ေဒသထြက္ မန္က်ည္းသီးကို ပါကစၥတန္ႏိုင္ငံမွ တန္ခ်ိန္ (၅ဝဝ)ေက်ာ္ျဖင့္ အမ်ားဆုံး ဝယ္ယူေနျခင္းျဖစ္ၿပီး ယူေအအီးႏိုင္ငံကပါ တန္ခ်ိန္ (၅ဝဝ)မွာယူလာျခင္းေၾကာင့္ အမ်ားဆုံး ဝယ္ယူသည့္ ဒုတိယေျမာက္ႏိုင္ငံ ျဖစ္လာမည္ျဖစ္သည္။
ျပည္ပေဈးကြက္သို႔တင္ပို႔ေနသည့္ မန္က်ည္းသီးမွည့္ အေစ့ပါ တစ္တန္ေပါက္ေဈးသည္ အရည္အေသြး ေပၚမူတည္ကာ အေမရိကန္ေဒၚလာ (၄ဝဝ) မွ (၆ဝဝ)ၾကားေဈးႏႈန္းရရွိေနေၾကာင္း သိရသည္။