တစ်နှစ်လျှင် ယူရိုသန်း(၁ဝဝ)ရရှိမည့် သဘောတူစာချုပ်ကို ဆော်ဒီကလပ်နှင့်ချုပ်ဆိုမည့် ချဲလ်ဆီးကစားသမား ကန်တီ

 643

Pika (NP News) - ဇွန် ၇

ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမားကန်တီသည် အသင်းတွင် (၇)နှစ်ကြာကစားခဲ့ပြီးနောက် ဆော်ဒီကလပ် တစ်ခုဖြစ်သော Al-Ittihad တွင် တစ်နှစ်လျှင် ယူရိုသန်း(၁ဝဝ)ရရှိမည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း သိရသည်။

Al-Ittihad အသင်းတာဝန်ရှိသူများသည် ကန်တီအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများလုပ်ဆောင်ရန် လန်ဒန်သို့ သွားရောက်ခဲ့ကြောင်း နှင့် အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဘောလုံး သတင်းထောက် ဖာဘရီဇီရို ရိုမာနို က ပြောကြားခဲ့သည်။

ကန်တီသည် Al-Ittihad အသင်းသို့ပြောင်းရွှေ့ကစားမည်ဆိုပါက (၂)နှစ်တာ ကာလအတွင်း ယူရိုသန်း(၂ဝဝ)ထိ ရရှိနိုင်ဖွယ်ရှိနေသည်။ ကန်တီသည် Al-Ittihad အသင်းသို့ပြောင်းရွှေ့မည်ဆိုပါက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဟောင်း ဘန်ဇီမာနှင့်အတူ Al-Ittihad အသင်းတွင် ချိတ်ဆက်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးသည် (၂ဝ၂၃ - ၂ဝ၂၄) ရာသီအတွင်း ဆုဖလားရယူနိုင်ရန်အတွက် Al-Nassr အသင်းသို့ ပြောင်းရွှေ့ကစားနေသော စီရော်နယ်ဒိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ကန်တီသည် ချဲလ်ဆီးအသင်းတွင် ကစားနေချိန်အတွင်း (၂ဝ၁၇) ခုနှစ်တွင် ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးနိုင်အောင် အကောင်းဆုံး စွမ်းဆောင် ပေးနိုင်ခဲ့သလို (၂ဝ၂၁)ခုနှစ်တွင် မန်စီးတီးအသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချဲလ်ဆီးအသင်း အတွက် အကောင်းဆုံးကစားသမားအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Al-Ittihad အသင်း ဒါရိုက်တာများသည် ချဲလ်ဆီးအသင်းကစားသမားကန်တီ၏ သဘောတူစာချုပ်ကို ဆွေးနွေးရန် အတွက် ဇွန်လ(၆)ရက် ညတွင် လန်ဒန်သို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။

Zawgyi Version;
တစ္ႏွစ္လွ်င္ ယူ႐ိုသန္း(၁ဝဝ)ရရွိမည့္ သေဘာတူစာခ်ဳပ္ကို ေဆာ္ဒီကလပ္ႏွင့္ခ်ဳပ္ဆိုမည့္ ခ်ဲလ္ဆီးကစားသမား ကန္တီ
Pika (NP News) - ဇြန္ ၇

ခ်ဲလ္ဆီးအသင္း ကြင္းလယ္ကစားသမားကန္တီသည္ အသင္းတြင္ (၇)ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ေဆာ္ဒီကလပ္ တစ္ခုျဖစ္ေသာ Al-Ittihad တြင္ တစ္ႏွစ္လွ်င္ ယူ႐ိုသန္း(၁ဝဝ)ရရွိမည့္ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးရန္ စီစဥ္ေနေၾကာင္း သိရသည္။

Al-Ittihad အသင္းတာဝန္ရွိသူမ်ားသည္ ကန္တီအေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ လန္ဒန္သို႔ သြားေရာက္ခဲ့ေၾကာင္း ႏွင့္ အေျပာင္းအေ႐ႊ႕အတြက္ သေဘာတူညီမႈရရွိရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း ေဘာလုံး သတင္းေထာက္ ဖာဘရီဇီ႐ို ႐ိုမာႏို က ေျပာၾကားခဲ့သည္။

ကန္တီသည္ Al-Ittihad အသင္းသို႔ေျပာင္းေ႐ႊ႕ကစားမည္ဆိုပါက (၂)ႏွစ္တာ ကာလအတြင္း ယူ႐ိုသန္း(၂ဝဝ)ထိ ရရွိႏိုင္ဖြယ္ရွိေနသည္။ ကန္တီသည္ Al-Ittihad အသင္းသို႔ေျပာင္းေ႐ႊ႕မည္ဆိုပါက ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ေဟာင္း ဘန္ဇီမာႏွင့္အတူ Al-Ittihad အသင္းတြင္ ခ်ိတ္ဆက္ကစားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ၎တို႔ႏွစ္ဦးသည္ (၂ဝ၂၃ - ၂ဝ၂၄) ရာသီအတြင္း ဆုဖလားရယူႏိုင္ရန္အတြက္ Al-Nassr အသင္းသို႔ ေျပာင္းေ႐ႊ႕ကစားေနေသာ စီေရာ္နယ္ဒိုႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။ ကန္တီသည္ ခ်ဲလ္ဆီးအသင္းတြင္ ကစားေနခ်ိန္အတြင္း (၂ဝ၁၇) ခုႏွစ္တြင္ ပရီးမီးယားလိဂ္ဆုဖလား ဆြတ္ခူးႏိုင္ေအာင္ အေကာင္းဆုံး စြမ္းေဆာင္ ေပးႏိုင္ခဲ့သလို (၂ဝ၂၁)ခုႏွစ္တြင္ မန္စီးတီးအသင္းႏွင့္ကစားခဲ့သည့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ ခ်ဲလ္ဆီးအသင္း အတြက္ အေကာင္းဆုံးကစားသမားအျဖစ္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Al-Ittihad အသင္း ဒါ႐ိုက္တာမ်ားသည္ ခ်ဲလ္ဆီးအသင္းကစားသမားကန္တီ၏ သေဘာတူစာခ်ဳပ္ကို ေဆြးေႏြးရန္အတြက္ ဇြန္လ(၆)ရက္ ညတြင္ လန္ဒန္သို႔ေရာက္ရွိလာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.