မြောက်ကိုရီးယား စစ်တပ်အတွက် လူငယ်အဖွဲ့တစ်ဖွဲ့က ဒုံးကျည်လောင်ချာများ ကူညီလှူဒါန်း

 1744

Pika (NP News) - ဇွန် ၈

မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပနိုင်ငံများမှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် မြောက်ကိုရီးယား လူငယ်အဖွဲ့တစ်ဖွဲ့က ဒုံးကျည်လောင်ချာများကို စစ်တပ်ထံ လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က သတင်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံရေးလူငယ်အဖွဲ့ (KCU) ၏ (၇၇)နှစ်မြောက် အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများ လှူဒါန်းခြင်းကို ဇွန်လ(၆)ရက်က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားလူငယ်အဖွဲ့ဖြစ်သော (KCU) ကို ကိုယ့်ကိုယ်ကိုယ်အားကိုးခြင်း အပါအဝင် မြောက်ကိုရီးယား၏ နိုင်ငံရေးအတွေးအခေါ်များကို မြှင့်တင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ၎င်း၏ ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်လာပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ အဆိုပါအချက်ကြောင့် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကန်ခေါင်းဆောင်တို့၏ ရုပ်ပုံများကို မီးရှို့ဖျက်ဆီးသည့် လူထု အစည်းအဝေးပွဲများ အပါအဝင် ဝါဒဖြန့်ချိရေးကြိုးပမ်းအားထုတ်မှုများကို ပြီးခဲ့သည့်လများအတွင်း ပိုမိုအရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း၎င်း၏ အကြီးဆုံးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ အပါအဝင် ဒုံးကျည် အမျိုးမျိုးကို စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်း၏ ပထမဆုံးစစ်ဖက်သုံး စပိုင်ဂြိုလ်တုကို လွှတ်တင်ခဲ့သော်လည်း ဂြိုလ်တုကိုသယ်ဆောင်ထားသော ဒုံးပျံအင်ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ စစ်ဖက်သုံးစပိုင်ဂြိုလ်တုပစ်လွှတ်မှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ ဇွန်လ(၆)ရက်က ပြုလုပ်သောအခမ်းအနားကို အာဏာရပါတီအကြီးတန်းအရာရှိများ တက်ရောက်ခဲ့ပြီး ဒုံးကျည် လောင်ချာများအတွက် ရန်ပုံငွေ မည်သို့ကောက်ခံခဲ့သည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိ ကြောင်းသိရသည်။

Zawgyi Version;
ေျမာက္ကိုရီးယား စစ္တပ္အတြက္ လူငယ္အဖြဲ႕တစ္ဖြဲ႕က ဒုံးက်ည္ေလာင္ခ်ာမ်ား ကူညီလႉဒါန္း
Pika (NP News) - ဇြန္ ၈

ေျမာက္ကိုရီးယားႏိုင္ငံသည္ ျပည္ပႏိုင္ငံမ်ားမွ ၿခိမ္းေျခာက္မႈမ်ားႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ ေျမာက္ကိုရီးယား လူငယ္အဖြဲ႕တစ္ဖြဲ႕က ဒုံးက်ည္ေလာင္ခ်ာမ်ားကို စစ္တပ္ထံ လႉဒါန္းခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က သတင္းေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားႏိုင္ငံေရးလူငယ္အဖြဲ႕ (KCU) ၏ (၇၇)ႏွစ္ေျမာက္ အခမ္းအနားတြင္ စစ္လက္နက္ပစၥည္းမ်ား လႉဒါန္းျခင္းကို ဇြန္လ(၆)ရက္က လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားလူငယ္အဖြဲ႕ျဖစ္ေသာ (KCU) ကို ကိုယ့္ကိုယ္ကိုယ္အားကိုးျခင္း အပါအဝင္ ေျမာက္ကိုရီးယား၏ ႏိုင္ငံေရးအေတြးအေခၚမ်ားကို ျမႇင့္တင္ရန္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားသည္ ၎၏ ဒုံးက်ည္ႏွင့္ န်ဴကလီးယားအစီအစဥ္မ်ားကို တိုးျမႇင့္လုပ္ေဆာင္လာၿပီးေနာက္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္း သိရသည္။ အဆိုပါအခ်က္ေၾကာင့္ ေျမာက္ကိုရီးယားသည္ ေတာင္ကိုရီးယားႏွင့္ အေမရိကန္ေခါင္းေဆာင္တို႔၏ ႐ုပ္ပုံမ်ားကို မီးရႈိ႕ဖ်က္ဆီးသည့္ လူထု အစည္းအေဝးပြဲမ်ား အပါအဝင္ ဝါဒျဖန႔္ခ်ိေရးႀကိဳးပမ္းအားထုတ္မႈမ်ားကို ၿပီးခဲ့သည့္လမ်ားအတြင္း ပိုမိုအရွိန္ျမႇင့္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားသည္ ယခုႏွစ္အတြင္း၎၏ အႀကီးဆုံးတိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္မ်ား အပါအဝင္ ဒုံးက်ည္ အမ်ိဳးမ်ိဳးကို စမ္းသပ္ပစ္လႊတ္ျခင္းျဖင့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္မ်ားကို ဆန႔္က်င္ခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားသည္ ၿပီးခဲ့သည့္သီတင္းပတ္တြင္ ၎၏ ပထမဆုံးစစ္ဖက္သုံး စပိုင္ၿဂိဳလ္တုကို လႊတ္တင္ခဲ့ေသာ္လည္း ၿဂိဳလ္တုကိုသယ္ေဆာင္ထားေသာ ဒုံးပ်ံအင္ဂ်င္ခ်ိဳ႕ယြင္းမႈေၾကာင့္ ပ်က္က်သြားခဲ့ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယား၏ စစ္ဖက္သုံးစပိုင္ၿဂိဳလ္တုပစ္လႊတ္မႈကို ႏိုင္ငံတကာက ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္း သိရသည္။ ဇြန္လ(၆)ရက္က ျပဳလုပ္ေသာအခမ္းအနားကို အာဏာရပါတီအႀကီးတန္းအရာရွိမ်ား တက္ေရာက္ခဲ့ၿပီး ဒုံးက်ည္ ေလာင္ခ်ာမ်ားအတြက္ ရန္ပုံေငြ မည္သို႔ေကာက္ခံခဲ့သည္ဆိုသည့္အခ်က္ကို ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.