တရုတ်မှာ Food Blogger တစ်ဦး Online challenge တစ်ခုအတွက် အရက်အလွန်အကျွံသောက်ပြီး သေဆုံး

 700

ရောင်နီ (NP News) - ဇွန် ၈

တရုတ်နိုင်ငံရှိ နာမည်ကြီး Food Blogger ကျောင့်ယန်ဟွမ်ဂျီ (ဝမ်) ဟာ အင်္ဂါနေ့ (ဇွန်လ ၆ ရက်) က Online Challenge တစ်ခုအတွက် အရက်အလွန်အကျွံသောက်ခဲ့ရာမှ သေဆုံးခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် live streamer Food Blogger ကျောင့်ယန်ဟွာဂျီ (ဝမ်) ရဲ့ ဇနီးသည်က အင်္ဂါနေ့မှာ ၄င်းရဲ့ သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။ လီ လို့အမည်ရတဲ့ အဆိုပါအမျိုးသမီးက သူမရဲ့ခင်ပွန်းဖြစ်သူဟာ အကြွေး ယွမ်ထောင်ပေါင်းများစွာကို ပြန်ဆပ်ဖို့အတွက် အဆိုပါ Live streaming ကနေ ငွေရှာဖို့ အသည်းအသန်ကြိုးစားခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။

ဝမ်ဟာ အရက် ၃၅ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ပါဝင်တဲ့ baijiu အရက် ၄ ပုလင်းကို သောက်ပြခဲ့ပြီး နောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ Southern Metropolis Daily ရဲ့ အဆိုအရ ဝမ်ရဲ့ဆိုရှယ်မီဒီယာအကောင့်ဟာ Follower ၁၇၆ဝဝဝ ရှိပြီး ၎င်းရဲ့ဗီဒီယိုတွေမှာ baijiu၊ ဘီယာနဲ့ အခြားအရက်အမျိုးအစားများ သောက်ခြင်းအပြင် ဦးခေါင်းနဲ့ သစ်ကြားသီးများကို ခွဲခြင်း၊ လက်ဗလာနဲ့ ဒူးရင်းသီးခွဲခြင်း စတဲ့ လုပ်ကွက်တွေကို ပြသခဲ့တာတွေ့ရပါတယ်။

မစ္စလီက သူမရဲ့ခင်ပွန်းဖြစ်သူ ဝမ်ကို အကြွေးနဲ့ပတ်သက်ပြီး ဆပ်ဖို့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဝမ်ဟာ သူ့ရဲ့အကြွေးတွေကိုတတ်နိုင်သမျှ အမြန်ဆုံး ပေးဆပ်ပြီး ဘဝကို အေးအေးလူလူဖြတ်သန်း ချင်သူဖြစ်တယ်လို့ လီက ဆိုပါတယ်။ ဝမ်ရဲ့အခန်းတွင်းကို ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုအရ ၎င်းရဲ့အခန်းနံရံမှာ "ငွေသည် အသက်ထက်အရေးကြီးသည်" "ဘဝသည် ငွေနှင့်မဆိုင်သော်လည်း လိုချင်သည့် ဘဝအတွက် ငွေလို လိမ့်မည်" အပါအဝင် တရုတ်စကားစုများ ရေးသားထားတာကို တွေ့ရပါတယ်။

မစ္စလီကတော့ သူမ ခင်ပွန်းဖြစ်သူရဲ့အကြွေးတွေကို ဆပ်ဖို့ တစ်သက်လုံး ကြိုးစားအားထုတ်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။
၂ဝ၂၁ ခုနှစ်ကလည်း တရုတ် influencer တစ်ဦး Live Stream တစ်ခုမှာ ပရိသတ်က တောင်းဆိုတဲ့ ပိုးသတ်ဆေးကို သောက်ပြီး သေဆုံးခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္မွာ Food Blogger တစ္ဦး Online challenge တစ္ခုအတြက္ အရက္အလြန္အကြၽံေသာက္ၿပီး ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၈

တ႐ုတ္ႏိုင္ငံရွိ နာမည္ႀကီး Food Blogger ေက်ာင့္ယန္ဟြမ္ဂ်ီ (ဝမ္) ဟာ အဂၤါေန႔ (ဇြန္လ ၆ ရက္) က Online Challenge တစ္ခုအတြက္ အရက္အလြန္အကြၽံေသာက္ခဲ့ရာမွ ေသဆုံးခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ live streamer Food Blogger ေက်ာင့္ယန္ဟြာဂ်ီ (ဝမ္) ရဲ႕ ဇနီးသည္က အဂၤါေန႔မွာ ၄င္းရဲ႕ ေသဆုံးမႈကို အတည္ျပဳခဲ့ပါတယ္။ လီ လို႔အမည္ရတဲ့ အဆိုပါအမ်ိဳးသမီးက သူမရဲ႕ခင္ပြန္းျဖစ္သူဟာ အေႂကြး ယြမ္ေထာင္ေပါင္းမ်ားစြာကို ျပန္ဆပ္ဖို႔အတြက္ အဆိုပါ Live streaming ကေန ေငြရွာဖို႔ အသည္းအသန္ႀကိဳးစားခဲ့ တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဝမ္ဟာ အရက္ ၃၅ ရာခိုင္ႏႈန္းမွ ၆ဝ ရာခိုင္ႏႈန္းအထိ ပါဝင္တဲ့ baijiu အရက္ ၄ ပုလင္းကို ေသာက္ျပခဲ့ၿပီး ေနာက္ ေသဆုံးခဲ့တာျဖစ္ပါတယ္။ Southern Metropolis Daily ရဲ႕ အဆိုအရ ဝမ္ရဲ႕ဆိုရွယ္မီဒီယာအေကာင့္ဟာ Follower ၁၇၆ဝဝဝ ရွိၿပီး ၎ရဲ႕ဗီဒီယိုေတြမွာ baijiu၊ ဘီယာနဲ႔ အျခားအရက္အမ်ိဳးအစားမ်ား ေသာက္ျခင္းအျပင္ ဦးေခါင္းနဲ႔ သစ္ၾကားသီးမ်ားကို ခြဲျခင္း၊ လက္ဗလာနဲ႔ ဒူးရင္းသီးခြဲျခင္း စတဲ့ လုပ္ကြက္ေတြကို ျပသခဲ့တာေတြ႕ရပါတယ္။

မစၥလီက သူမရဲ႕ခင္ပြန္းျဖစ္သူ ဝမ္ကို အေႂကြးနဲ႔ပတ္သက္ၿပီး ဆပ္ဖို႔ အႀကိမ္ေပါင္းမ်ားစြာ ေတာင္းဆိုခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ဝမ္ဟာ သူ႔ရဲ႕အေႂကြးေတြကိုတတ္ႏိုင္သမွ် အျမန္ဆုံး ေပးဆပ္ၿပီး ဘဝကို ေအးေအးလူလူျဖတ္သန္း ခ်င္သူျဖစ္တယ္လို႔ လီက ဆိုပါတယ္။ ဝမ္ရဲ႕အခန္းတြင္းကို ႐ိုက္ကူးထားတဲ့ဗီဒီယိုတစ္ခုအရ ၎ရဲ႕အခန္းနံရံမွာ "ေငြသည္ အသက္ထက္အေရးႀကီးသည္" "ဘဝသည္ ေငြႏွင့္မဆိုင္ေသာ္လည္း လိုခ်င္သည့္ ဘဝအတြက္ ေငြလို လိမ့္မည္" အပါအဝင္ တ႐ုတ္စကားစုမ်ား ေရးသားထားတာကို ေတြ႕ရပါတယ္။

မစၥလီကေတာ့ သူမ ခင္ပြန္းျဖစ္သူရဲ႕အေႂကြးေတြကို ဆပ္ဖို႔ တစ္သက္လုံး ႀကိဳးစားအားထုတ္သြားမယ္လို႔ ေျပာၾကား ခဲ့ပါတယ္။
၂ဝ၂၁ ခုႏွစ္ကလည္း တ႐ုတ္ influencer တစ္ဦး Live Stream တစ္ခုမွာ ပရိသတ္က ေတာင္းဆိုတဲ့ ပိုးသတ္ေဆးကို ေသာက္ၿပီး ေသဆုံးခဲ့ပါတယ္။

Picture

L Mone

08/06/2023 12:38

မြန်မာပြည်မှာလည်း အကြွေးတွေဝိုင်း အကြွေးတွေ မပေးနိုင်သူတွေ မထူးစိတ်မွေးနေတာတွေ သိပ်များနေကြပါတယ်...ရပ်ကွက်တွေ ရွာတွေအလိုက်ကို သေချာ စစ်ဆေးပြီး ဂရုစိုက် ကူညီကြရမယ် အကြံဥာဏ်ပေးကြရလိမ့်မယ်လို့ထင်ပါတယ် ..အကြွေးပေးစရာရှိသူတွေနဲ့ အကြွေးရစရာ ရှိသူတွေကြားမှာ အစိုးရကိုယ်တိုင်ဝင်ပါကြည့်ပါက တိုင်းပြည် ငြိမ်းချမ်းရေး အဓိက သော့ချက်ဖြစ်လာပါလိမ့်မယ်လို့ အကြံပြုတင်ပြအပ်ပါတယ်...အကြွေးနစ်ကြရတာဟာ ၂၀၁၀ နဲ့ ၂၀၂၀ ကြားမှာ...အကြွေးဝယ်ယူခွင့် ကနေ စဖြစ်လာကြတာ ဖြစ်ပါကြောင်း ထပ်လောင်း တင်ပြ အပ်ပါတယ်....

Related news

© 2021. All rights reserved.