ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုအတွက် ဆေးရုံတက် ကုသမှု ခံယူနေ

 608

ရောင်နီ (NP News) - ဇွန် ၈

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် ဟာ ရောမမြို့ရှိ ဆေးရုံတစ်ရုံမှာ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုပြုလုပ်ဖို့ ပြင်ဆင်နေ ကြောင်း ဗာတီကန်သတင်းဌာနက ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၇ ရက်) နေ့ခင်းပိုင်းက အူလမ်းကြောင်း ခွဲစိတ်မှု ပြုလုပ်ဖို့အတွက် Gemelli တက္ကသိုလ်ဆေးရုံသို့ သွားရောက်ခဲ့တယ်လို့ ဗာတီကန်က ဖော်ပြခဲ့ပါတယ်။ အသက် ၈၆ နှစ်ရှိ ပုပ်ရဟန်း မင်းကြီးဟာ ဝမ်းဗိုက်ခဏခဏ နာနေပြီး နာကျင်မှု ပိုဆိုးလာတာကြောင့် အပြည့်အဝပြန်လည်ကျန်းမာလာစေဖို့ အတွက် ဆေးရုံမှာ ရက်အတော်ကြာ ကုသမှု ခံယူရမယ်လို့ ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ဖရန်စစ်ဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ရောဂါကြောင့် ဆေးရုံတက် ကုသမှုခံယူခဲ့ရပါတယ်။ အခုလိုအူလမ်းကြောင်း ဆိုင်ရာ ခွဲစိတ်ကုသမှု ပြုလုပ်ရခြင်းဟာ ဖရန်ဆစ်အတွက် ပထမဆုံး အကြိမ်မဟုတ်ပါဘူး။ ၂ဝ၂၁ ခုနှစ် ဇူလိုင်လက လည်း အူသိမ်ခွဲစိတ်မှုပြုလုပ်ဖို့အတွက် Gemelli တက္ကသိုလ်ဆေးရုံမှာပဲ ၂ ပတ်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။

ဖရန်စစ်ဟာ ပုပ်ရဟန်းမင်း Benedict XVI ရာထူးမှ နှုတ်ထွက်ပြီးနောက် ၂ဝ၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပါတယ်။ ဖရန်ဆစ်ဟာ ပြီးခဲ့တဲ့နှစ်က ရုရှား-ယူကရိန်း ကျူးကျော်မှုကြား ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုပြုလုပ်ခဲ့သလို မကြာသေးခင်ကလည်း မိုခါမုန်တိုင်း ကယ်ဆယ်ရေးအတွက် မုန်တိုင်းဒဏ်သင့်နေရာ တွေကို လူသားချင်းစာနာမှုအဖွဲ့တွေ စေလွှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Zawgyi Version;
ပုပ္ရဟန္းမင္းႀကီး ဖရန္ဆစ္ အူလမ္းေၾကာင္းဆိုင္ရာ ခြဲစိတ္မႈအတြက္ ေဆး႐ုံတက္ ကုသမႈ ခံယူေန
ေရာင္နီ (NP News) - ဇြန္ ၈

ပုပ္ရဟန္းမင္းႀကီးဖရန္ဆစ္ ဟာ ေရာမၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံမွာ အူလမ္းေၾကာင္းဆိုင္ရာ ခြဲစိတ္မႈျပဳလုပ္ဖို႔ ျပင္ဆင္ေန ေၾကာင္း ဗာတီကန္သတင္းဌာနက ေျပာၾကားခဲ့ပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ ဗုဒၶဟူးေန႔ (ဇြန္လ ၇ ရက္) ေန႔ခင္းပိုင္းက အူလမ္းေၾကာင္း ခြဲစိတ္မႈ ျပဳလုပ္ဖို႔အတြက္ Gemelli တကၠသိုလ္ေဆး႐ုံသို႔ သြားေရာက္ခဲ့တယ္လို႔ ဗာတီကန္က ေဖာ္ျပခဲ့ပါတယ္။ အသက္ ၈၆ ႏွစ္ရွိ ပုပ္ရဟန္း မင္းႀကီးဟာ ဝမ္းဗိုက္ခဏခဏ နာေနၿပီး နာက်င္မႈ ပိုဆိုးလာတာေၾကာင့္ အျပည့္အဝျပန္လည္က်န္းမာလာေစဖို႔ အတြက္ ေဆး႐ုံမွာ ရက္အေတာ္ၾကာ ကုသမႈ ခံယူရမယ္လို႔ ခန႔္မွန္းရပါတယ္။ ၿပီးခဲ့တဲ့ မတ္လကလည္း ဖရန္စစ္ဟာ အသက္ရႉလမ္းေၾကာင္း ပိုးဝင္တဲ့ေရာဂါေၾကာင့္ ေဆး႐ုံတက္ ကုသမႈခံယူခဲ့ရပါတယ္။ အခုလိုအူလမ္းေၾကာင္း ဆိုင္ရာ ခြဲစိတ္ကုသမႈ ျပဳလုပ္ရျခင္းဟာ ဖရန္ဆစ္အတြက္ ပထမဆုံး အႀကိမ္မဟုတ္ပါဘူး။ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လက လည္း အူသိမ္ခြဲစိတ္မႈျပဳလုပ္ဖို႔အတြက္ Gemelli တကၠသိုလ္ေဆး႐ုံမွာပဲ ၂ ပတ္ၾကာ ကုသမႈ ခံယူခဲ့ရပါတယ္။

ဖရန္စစ္ဟာ ပုပ္ရဟန္းမင္း Benedict XVI ရာထူးမွ ႏႈတ္ထြက္ၿပီးေနာက္ ၂ဝ၁၃ ခုႏွစ္မွာ ပုပ္ရဟန္းမင္းႀကီး ျဖစ္လာခဲ့ပါတယ္။ ဖရန္ဆစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ႐ုရွား-ယူကရိန္း က်ဴးေက်ာ္မႈၾကား ၿငိမ္းခ်မ္းေရးအတြက္ ေတာင္းဆိုမႈျပဳလုပ္ခဲ့သလို မၾကာေသးခင္ကလည္း မိုခါမုန္တိုင္း ကယ္ဆယ္ေရးအတြက္ မုန္တိုင္းဒဏ္သင့္ေနရာ ေတြကို လူသားခ်င္းစာနာမႈအဖြဲ႕ေတြ ေစလႊတ္ေပးဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္။

Picture

Ven Pannajota

08/06/2023 23:02

သက်ရှိဘုရား သက်ရှင်ဘုရားရှိလား မရှိလား ဆိုတာ သက်သေပြလိုက်သလိုပဲနော် အကယ်၍ သက်ရှိတယ် အသက်ရှင်တယ်ဆိုရင် ဆေးလာကုပေးမှာပဲ ဘုရားကယ်သလား မကယ်ဘူးလားဆိုတာလည်း သက်သေပြလိုက်တာပါပဲ အခုတော့ လူသားဖြစ်တဲ့ လူကပဲ ကုပေးတယ် အသက်ကယ်ပေးလိုက်တာပါပဲ

Related news

© 2021. All rights reserved.