အာဖဂန်နစ္စတန်နိုင်ငံတွင် မီနီဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ပြီး အနည်းဆုံးလူ(၂၄)ဦး သေဆုံး

429

Pika (NP News) - ဇွန် ၈
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ Sari Pul ပြည်နယ်တွင် ဇွန်လ(၇)ရက်က မီနီဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ပြီးနောက် အနည်းဆုံး ခရီးသည်(၂၄)ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Din Mohammad Nazari က ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုသည် ဇွန်လ(၇)ရက် ညနေပိုင်းက Sayad ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း၏ မဆင်မခြင်မောင်းနှင်မှုကြောင့် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများတွင် အမျိုးသမီး(၁၂)ဦး၊ ကလေး(၈)ဦး နှင့် အမျိုးသား(၄)ဦးတို့ ပါဝင်ပြီး အမျိုးသမီးတစ်ဦးသာ ထိခိုက်ဒဏ်ရာများဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း Din Mohammad Nazari က ပြောကြားခဲ့သည်။ မတော်တဆမှုသည် ဇွန်လ(၇)ရက်တွင် ဒုတိယအကြိမ်မြောက်ဖြစ်ပွားသော ယာဉ် မတော်တဆမှုတစ်ခုဖြစ်ကြောင်း သိရသည်။
ဇွန်လ(၇)ရက် အစောပိုင်းက အလယ်ပိုင်းBamyan ပြည်နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းကြောင့် ခရီးသည် (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် အသွားအလာများသော လမ်းများပေါ်မှာ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Zawgyi Version;
အာဖဂန္နစၥတန္ႏိုင္ငံတြင္ မီနီဘတ္စ္ကားတစ္စီး ေခ်ာက္ထဲသို႔ ထိုးက်ခဲ့ၿပီး အနည္းဆုံးလူ(၂၄)ဦး ေသဆုံး
Pika (NP News) - ဇြန္ ၈
အာဖဂန္နစၥတန္ႏိုင္ငံ ေျမာက္ပိုင္းရွိ Sari Pul ျပည္နယ္တြင္ ဇြန္လ(၇)ရက္က မီနီဘတ္စ္ကားတစ္စီး ေခ်ာက္ထဲသို႔ ထိုးက်ခဲ့ၿပီးေနာက္ အနည္းဆုံး ခရီးသည္(၂၄)ဦးေသဆုံးခဲ့ၿပီး အျခားလူတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ Din Mohammad Nazari က ေျပာၾကားခဲ့သည္။
အဆိုပါ မေတာ္တဆမႈသည္ ဇြန္လ(၇)ရက္ ညေနပိုင္းက Sayad ခ႐ိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယာဥ္ေမာင္း၏ မဆင္မျခင္ေမာင္းႏွင္မႈေၾကာင့္ ယခုကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆုံးသူမ်ားတြင္ အမ်ိဳးသမီး(၁၂)ဦး၊ ကေလး(၈)ဦး ႏွင့္ အမ်ိဳးသား(၄)ဦးတို႔ ပါဝင္ၿပီး အမ်ိဳးသမီးတစ္ဦးသာ ထိခိုက္ဒဏ္ရာမ်ားျဖင့္ အသက္ရွင္က်န္ရစ္ခဲ့ေၾကာင္း Din Mohammad Nazari က ေျပာၾကားခဲ့သည္။ မေတာ္တဆမႈသည္ ဇြန္လ(၇)ရက္တြင္ ဒုတိယအႀကိမ္ေျမာက္ျဖစ္ပြားေသာ ယာဥ္ မေတာ္တဆမႈတစ္ခုျဖစ္ေၾကာင္း သိရသည္။
ဇြန္လ(၇)ရက္ အေစာပိုင္းက အလယ္ပိုင္းBamyan ျပည္နယ္တြင္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ခရီးသည္ (၁၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ အာဖဂန္နစၥတန္ႏိုင္ငံတြင္ အသြားအလာမ်ားေသာ လမ္းမ်ားေပၚမွာ မဆင္မျခင္ေမာင္းႏွင္မႈေၾကာင့္ ယာဥ္မေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။