Show Room ဖွင့်လှစ်ပြီးမှ EV ကားရောင်းရန် ညွှန်ကြားထားသော်လည်းလိုက်နာမှုနည်းပါး
 1886
NP News - ဇွန် ၁ဝ
Show Room ဖွင့်လှစ်ပြီးမှ EV ကားရောင်းရန်ညွန်ကြားထားသော်လည်း ဈေးကွက်အတွင်း ကြိုပွိုင့်ရောင်းခြင်းနှင့်တဆင့်ခံရောင်းချမှုများရှိနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။
သက်ဆိုင်ရာက EV ကားတင်သွင်းရောင်းချသူများကို အရောင်းပြခန်း (Show Room)အရင်ဆုံးဖွင့်လှစ်ပြီးမှသာ တင်သွင်းလာသော EV ကားများကိုရောင်းချရန် စည်းမျဉ်းကန့်သတ်ထားကြောင်းသိရသည်။
“Show Room လဲမရှိဘူး။ တချို့ဆိုမြေနေရာတောင်မရှိသေးတဲ့ ကုမ္ပဏီတွေက EV ကားကြိုပွိုင့်နဲ့ရောင်းနေကြတာ။ နောက်ပြီးတင်သွင်းလာတဲ့ကုမ္ပဏီနာမည်ပေါက်မဟုတ်ဘဲ တဆင့်ခံတခြားကုမ္ပဏီတွေ နာ မည်နဲ့ EV လျှပ်စစ်ကားရောင်းနေကြတယ်။ ဝယ်တဲ့သူက နားမလည်တော့ဝယ်နေတာဘဲ။ ပြောရရင်အာမခံချက်မရှိဘဲ ရောင်းသလိုဖြစ်နေတယ်”ဟု ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
EV ကားနှင့်ပတ်သက်သည့်အခွန်အခများကို သက်ဆိုင်ရာက ကင်းလွတ်ခွင့်ပေးထားသော်လည်း ဈေးနှုန်းကျဆင်းမှုမရှိဘဲ ဈေးအမြင့်ပိုင်းတွင် ရှိနေကြောင်းသိရသည်။
သက်ဆိုင်ရာကသတ်မှတ်ထားသည့် အမြတ်ပမာဏ (၁၅)ရာခိုင်နှုန်းမှ (၂ဝ)ရာခိုင်နှုန်းအတွင်းရောင်းချခြင်းမရှိဘဲ တင်သွင်းလာသည့် ဈေးထက်အမြတ်ပိုကျန်ရန် တဆင့်ခံလက်လွှဲရောင်းချသည့် ပုံစံကျင့်သုံးမှုရှိနေကြောင်းသိရသည်။
“တရားဝင်ကိုယ်စားလှယ်ကုမ္ပဏီဆီက ဝယ်ရင်တော့ဈေးသက်သာတယ်စိတ်ချရပါတယ်။ ဒါပေမယ့်အခုလျှပ်စစ်ကားတင်သွင်းသူအများစုက တရားဝင်ကိုယ်စားလှယ်မဟုတ်ဘူး။ နိုင်ငံခြားကဝယ်ပြီး ပြည်တွင်းမှာပြန်ရောင်းတဲ့ပုံစံဘဲရှိတယ်။ အများစုက Show Room လဲမရှိဘူး။ Service လဲမရှိဘူး။ မသိဘဲဝယ်လိုက်မိရင် ပျက်တဲ့အခါ ပြင်ဖို့ခက်ကုန်လိမ့်မယ်”ဟု ကားဝယ်ရောင်းတစ်ဦးကပြောသည်။
EV ကားတင်သွင်းခွင့်ရရှိထားသည့်ကုမ္ပဏီ (၃ဝ)ကျော်မှ ကား Brand မျိုးစုံတင်သွင်းနေသော်လည်း ဝန်ဆောင်မှုနှင့်အာမခံချက်ပေးနိုင်သည့် ကုမ္ပဏီ နည်းပါးကြောင်းသိရသည်။
ပြည်တွင်းသို့တင်သွင်းသော EV လျှပ်စစ်ကား အများစုသည် ငွေကျပ်သိန်း(၇ဝဝ)မှ သိန်း(၁ဝဝဝ)ကြားသာရှိသော်လည်း ဈေးကွက်အတွင်း ကြိုပွိုင့်ဈေးဖြင့်ရောင်းချမှုသည် ငွေကျပ်သိန်း (၁၃ဝဝ)အထက်တွင်ရှိကြောင်းသိရသည်။
zawgyi version
NP News - ဇွန် ၁ဝ
Picture
L Mone
11/06/2023 06:10
ဖမ်းဖို့ မေ့နေကြတာလားဗျာ....အဲဒါ ကွာလတီ မမှီတာတွေ ဖြစ်ဖို့များတယ်ဗျာ...ခံကြပေအုံးတော့ဗျာ...လက်တစ်လုံးခြားတွေ ကို အပြတ်တွယ်ကြပါ....
Picture
L Mone
11/06/2023 06:11
ဖမ်းဖို့ မေ့နေကြတာလားဗျာ....အဲဒါ ကွာလတီ မမှီတာတွေ ဖြစ်ဖို့များတယ်ဗျာ...ခံကြပေအုံးတော့ဗျာ...လက်တစ်လုံးခြားတွေ ကို အပြတ်တွယ်ကြပါ....
Picture
L Mone
11/06/2023 06:52
ဘာမှ မမြင်တဲ့..လူယုတ်တွေက ယုတ်မာနေတာ သူတို့အကျိူးစီးပွားအတွက် ပြည်သူသန်းငါးဆယ် ကျော်ရဲ့ ဘဝကို လည်ပင်းတက်နင်းနေကြတာ...မညှာနဲ့နော်...သောက်ဂရုကို မစိုက်နဲ့ အဲတာ ပြည်ပအားကိုးတွေ ပြည်သူကို အနု နည်းနဲ့ သတ်တဲ့သူတွေပ္ပပဲါ.. pdf ပဲကြောက်ကြတာ စစ်တပ်ကို မကြောက်တာတွေ ရှိတယ်.. အစအဆုံးလေ့လာကြည့်ကြပါ...စစ်တပ်က လုပ်ချက်လိုနေကြတာ...ရပ်ကွက်တိုင်းက ထောင်ထောင်..လုပ်ဖူးသူ..လုပ်နေသူတွေကို အများဆုံးဖမ်းပြစ်ပါ...ပြီးရင် အနုအချောအပါအဝင် ကြိုက်ရာသုံး....ပါတီတွေ ဘာတွေမပြောနဲ့ ကျော်စောမှူ့ပဲ ကိုင်တာကိုင်...လွှတ်ချင်တဲ့အချိန်မှလွှတ်...ကုသိုလ်မယူနဲ့ အကန်းတွေ က ဖမ်းထားလည်း အတူတူပဲ မဖမ်းထားလည်း...အတူတူ.ပဲ ဘာမှသာ မသိတာ ဟောင်ဖွာဖွာရယ်..ပိုဆိုးနေတယ်..တချိူ့က ခံရမှာကို မခံရဘူးကွဆိုပြီး ပြောနေကြတာ.....ထောင်စရိတ်သာ တိုးပေးထားလိုက်ကြပါ...မနည်းဘူးနော်..မိသားစုထဲ ဘိုကျနေသူ ရပ်ကွက်ထဲမှာ လူလည်ကျနေသူမှန်သမျှ ဖမ်းသာဖမ်း...အကုန်ရှာတွေ့ကြလိမ့်မယ်...ဘိုကျ နေတဲ့ မိန်းမတွေသာ ရွေးဖမ်းကြပါ..။အကန်းက အနီးကန်းတွေရယ်...ဘာအဝေးမှ မမြင် ကြပဲ ငါတော်တယ် ငါသိတယ်.ဆိုသူတွေပဲ ဖြစ်ကြပါ.၏..ထောင်ထဲသာထည့်ကြပါ..ယောကျ်ားတွေကို သိပ်မဆိုးရိမ်ကြပါနဲ့ ရပ်ကွက်ထဲ ရွာထဲမှာ ငါ့မိသားစုက ငါလုပ်လို့ တိုးတက်တာဆိုပြီ..ဘိုကျတဲ့ မိန်းမတွေကို ပြောနေတာနော်... မိန်းမတွေကို မုန်းလို့ မဟုတ်ပါဘူး တွဲ ဆံပင်ကောင်းနေကြလို့ပါပဲ...ဘယ့်နှယ့်ဗျာ...လူသတ်ခိုင်းနေတာ..အိမ်ကနေ ချချ လုပ်နေကြတာ..ဖုန်း ကစာ တောင်ဖတ်တတ်တာ မဟုတ်ဘူး..ဆိုက်ဝါး ပြည်ပ အဖျက်သမားရဲ့ ရုပ်မပါတဲ့ အသံဖိုင်တွေနဲ့ ငါသိပြီ ဆိုပြီး ရုပ်ကလေးကလှတော့ ရပ်ကွက်ထဲ ဘိုကျ ပိုက်ဆံကလေး များ ရှိရင် ပြောမနေနဲ့ အဲဒီရပ် ကွက် PDF ကြီးဖြစ်ကုန်အောင် လုပ်လိမ့်မယ်. အဲလို..မိန်းမတွေ အစိက ယောကျ်ားတွေထက် ပိုဆိုးတယ်ဗျ... PDF တွေကို ထောက်ပံ့နေတာ မိန်းမ ဝါဒီတွေပါ....ဂရုစိုက်ကြပါ...အရေးကြီးတယ်.နော် မပေါ့ပဲ ဂွေးစိပါ...အဖြတ်ခံနေရအုံးမယ် 😀😀😀
Related news
© 2021. All rights reserved.