ရန်ကုန်မြို့ရှိ KTV၊ CLUB၊ BAR များသို့ ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်သိန်း (၉ဝဝဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 3820

စော (NP News) - ဇွန် ၁၆

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ငွေကျပ်သိန်း(၉ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန်လ ၁၅ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ(၁၁)ရက်၊ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ကမာရွတ် မြို့နယ်၊ (၃)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ စိုင်းလှဟန်၏ နေအိမ်ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ရှာဖွေခဲ့ရာ စိုင်းလှဟန် နှင့် စိုင်းစိန်လင်းတို့အား ငွေကျပ်သိန်း(၉ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၉) သိန်းနှင့်အတူ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဆေးပြားများအား ရန်ကုန်မြို့ရှိ KTV၊ CLUB ၊ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များကို ဖြန့်ဖြူးရောင်းချလိုခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕ရွိ KTV၊ CLUB၊ BAR မ်ားသို႔ ျဖန႔္ျဖဴးေရာင္းခ်မည့္ ေငြက်ပ္သိန္း (၉ဝဝဝ) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား သိမ္းဆည္းရမိ
ေစာ (NP News) - ဇြန္ ၁၆

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၉ဝဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို သိမ္းဆည္းရမိ ခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယမန္ေန႔ (ဇြန္လ ၁၅ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ ဇြန္လ(၁၁)ရက္၊ မြန္းလြဲ(၁)နာရီခြဲအခ်ိန္တြင္ ကမာ႐ြတ္ ၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ပတၱျမားလမ္းရွိ စိုင္းလွဟန္၏ ေနအိမ္ကို ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ရွာေဖြခဲ့ရာ စိုင္းလွဟန္ ႏွင့္ စိုင္းစိန္လင္းတို႔အား ေငြက်ပ္သိန္း(၉ဝဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉) သိန္းႏွင့္အတူ ေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါေဆးျပားမ်ားအား ရန္ကုန္ၿမိဳ႕ရွိ KTV၊ CLUB ၊ BAR ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ လူငယ္မ်ားကို ျဖန႔္ျဖဴးေရာင္းခ်လိုျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔အား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆး ေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.