မြင်းခြံမြို့နယ်ရှိ ကားလမ်းဘေး၌ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း(၈)လုံး အပါအဝင် အခြားဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ

 1144

သန့်ဇင်(NP News) - ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိကားလမ်းဘေး၌ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း(၈)လုံး အပါအဝင် အခြားဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သော ဇွန်လ ၁၃ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် မန္တလေးတိုင်ဒေသကြီး၊မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာ ကားလမ်းဘေး၌ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်၊ ဓူဝံကျေးရွာအနီး၌ ရဲတပ်ဖွဲ့မှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အဖွဲ့မှ ထောင်ထား သော ဖောက်ခွဲရေးပစ္စည်းများအား တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

PDF များထောင်ထားသည့် လက်လုပ်မိုင်းများထဲဝင် PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း (၈)လုံး၊ မုန့်ပုံးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း (၅) လုံး အပါအဝင် ဝိုင်ယာကြိုး ကိုက်(၁ဝဝ) တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်ရှိ အဆိုပါကားလမ်းဘေး၌ ဇွန်လ ၁၁ ရက်တွင်လည်း အလားတူဖောက်ခွဲရေးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်းဆည်းရမိခဲ့သော လုက်လုပ်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းရှင်းလင်းခဲ့ပြီး ပါဝင်ပတ်သက်သူများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ျမင္းၿခံၿမိဳ႕နယ္ရွိ ကားလမ္းေဘး၌ PVC ပိုက္ျဖင့္ျပဳလုပ္ထားေသာ လက္လုပ္မိုင္း(၈)လုံး အပါအဝင္ အျခားေဖာက္ခြဲေရးပစၥည္းမ်ား ထပ္မံသိမ္းဆည္းရမိ
သန႔္ဇင္(NP News) - ဇြန္ ၁၆

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္ရွိကားလမ္းေဘး၌ PVC ပိုက္ျဖင့္ျပဳလုပ္ထားေသာ လက္လုပ္မိုင္း(၈)လုံး အပါအဝင္ အျခားေဖာက္ခြဲေရးပစၥည္းမ်ား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ ထားသည္။

ၿပီးခဲ့ေသာ ဇြန္လ ၁၃ ရက္ မြန္းလြဲ ၃ နာရီအခ်ိန္တြင္ မႏၲေလးတိုင္ေဒသႀကီး၊ျမင္းၿခံၿမိဳ႕နယ္၊ ျမင္းၿခံ-ၿမိဳ႕သာ ကားလမ္းေဘး၌ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ျမင္းၿခံၿမိဳ႕နယ္၊ ဓူဝံေက်း႐ြာအနီး၌ ရဲတပ္ဖြဲ႕မွ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ PDF အဖြဲ႕မွ ေထာင္ထား ေသာ ေဖာက္ခြဲေရးပစၥည္းမ်ားအား ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

PDF မ်ားေထာင္ထားသည့္ လက္လုပ္မိုင္းမ်ားထဲဝင္ PVC ပိုက္ျဖင့္ျပဳလုပ္ထားေသာ လက္လုပ္မိုင္း (၈)လုံး၊ မုန႔္ပုံးျဖင့္ျပဳလုပ္ထားေသာ လက္လုပ္မိုင္း (၅) လုံး အပါအဝင္ ဝိုင္ယာႀကိဳး ကိုက္(၁ဝဝ) တို႔အား ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ျမင္းၿခံၿမိဳ႕နယ္ရွိ အဆိုပါကားလမ္းေဘး၌ ဇြန္လ ၁၁ ရက္တြင္လည္း အလားတူေဖာက္ခြဲေရးပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သိမ္းဆည္းရမိခဲ့ေသာ လုက္လုပ္မိုင္းမ်ားႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ားကို လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ထိန္းသိမ္းရွင္းလင္းခဲ့ၿပီး ပါဝင္ပတ္သက္သူမ်ားအား ထိေရာက္စြာအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.